ဖေးဝန်ဆိုတာတော့
တရုတ်- ဟောင်ကောင်အဆိုတော်မင်းသမီးတစ်ယောက်ပါ။ ရုပ်သံမီဒီယာတွေကတောင် သူ့ကိုအနုပညာဘုရင်မလို့တင်စားထားကြပါတယ်။
အနုပညာဘ၀အစမှာတော့
ရှယ်လီဝန်ဆိုတဲ့နာမည်နဲ့လှုပ်ရှားခဲ့သူပါ။ ပေကျင်းမျာမွေးဖွားပြီး ဟောင်ကောင်ကိုပြောင်းရွေ့သွားပြီးနောက်
အဆိုပညာနဲ့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုရရှိခဲ့ပါတယ်။
၁၉၉၄ခုနှစ်ကတည်းက တရုတ်ဂီတမှာ မန်ဒရင်းဘာသာနဲ့တေးသီချင်းပေါင်းများစွာကိုသီဆိုပြီးဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်မှာတော့ Guinness World Records ကနေပြီး The Best Selling
Canton-Pop Female ဆိုပြီး သတ်မှတ်ခဲ့ပါသေးတယ်။ ၂၀၀၅ ခုနှစ်မှာ ဒုတိယအကြိမ်လက်ထပ်ပြီး
အနုပညာလောကကနေ ခေတ္တကွယ်ပျောက်သွားပါသေးတယ်။ ဒါပေမဲ့ ၂၀၁၀ ခုနှစ်မှာ Sinophone
World နဲ့ စင်မြင့်ထက်ကို ပြန်လည်ရောက်ရှိလာပြီး ပရိသတ်စိတ်ဝင်စားမှုအကြီးအကျယ်ပြန်ရခဲ့ပါတယ်။
တရုတ်ပြည်မကြီးမှာ
နာမည်ကျော်ကြားလူကြိုက်များရုံသာမက ဖေးဝန်က ဂျပန်၊ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့အထိ
လူသိများထင်ရှားပါတယ်။ အနောက်နိုင်ငံတွေမှာတော့ Chungking Express နဲ့ ၂၀၄၆ ဇာတ်ကားတွေနဲ့အတူ
နာမည်ကြီးလူကြိုက်များပါတယ်။ Cocteau တို့လို နိုင်ငံတကာအနုပညာရှင်တွေနဲ့ တွဲလုပ်နေစဉ်မှာတော့
ဖေးဝန်က Final Fantasty 8 ဗီဒီယိုဂိမ်းအတွက်
Eyes on Me ဆိုတဲ့ ဇာတ်ဝင်တေးကို အင်္ဂလိပ်လိုသီဆိုပေးခဲ့ပါသေးတယ်။
ဖေးဝန်က သရုပ်ဆောင်ပိုင်းမှာနာမည်ကြီးလူကြိုက်များရုံမကပါဘူး။
အဆိုတော်တစ်ယောက်အနေနဲ့ပါ လှုပ်ရှားခဲ့ပြီး သူကျင်းပတဲ့ဂီတပွဲတိုင်းက အောင်မြင်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာကျင်းပတဲ့ဂီတပွဲမှာဆိုရင် သုံးရက်အတွင်းလက်မှတ် ၃ သောင်းကျော်ရောင်းချခဲ့ရပါတယ်။
တရုတ်၊ ဟောင်ကောင်မှာသာမက
ဖေးဝန်က အမေရိက၊ သြစတေးလျနိုင်ငံတွေအထိ ဖျော်ဖြေပွဲတွေကျင်းပခဲ့ပါတယ်။
Jeroen
Groenewegen က နေပြီး ဖေးဝန်ရဲ့အဓိကကျော်ကြားမှုက သူ့ရဲ့ရုပ်သွင်က အေးတိအေးစက်နိုင်ပါတယ်။
တစ်ခါတရံမှာ ကလေးဆန်ပြီးကွဲပြားခွဲထွက်ရဲတဲ့သတ္တိ၊ အမှီအခိုကင်းတဲ့စိတ်ဓာတ်တွေက ပရိသတ်တွေအကြား
ဖေးဝန်ဆိုပြီး နာမည်ကြီးစေပါတယ်လို့မှတ်ချက်ချခဲ့ပါတယ်။
အခုချိန်အထိ
နာမည်ကျော်ကြားလူကြိုက်များနေတဲ့ဖေးဝန်နဲ့ Bazaar Magazine တို့ အင်တာဗျူးဖြစ်ပုံလေးကတော့
…
ရှင့်ကိုလူတွေက ဘာမှဂရုမစိုက်တဲ့ပုံစံလို့မြင်နေကြတာ။
ရှင့်အနေနဲ့ ဘ၀မှာဘာကိုအလေးထားဆုံးလဲ…
ဒီလောကကြီးမှာ
သေဆုံးခြင်း၊ မွေးဖွားခြင်းကလွဲပြီး ကျန်တာအားလုံးကပျင်းစရာတွေချည်းပါပဲ။
ရှင်က သီချင်းလည်းရေးတော့ ဘယ်လိုခံစားချက်တွေနဲ့ရေးဖြစ်သလဲ…
ဘယ်လိုခံစားချက်တွေနဲ့ရေးဖြစ်သလဲဆိုတာထက်
သီချင်းရေးချင်တဲ့အကြောင်းအရာကိုသိဖို့လိုတယ်။ ကိုယ်လုပ်နေတဲ့အလုပ်က ဘာမှန်းမသိဘူးဆိုရင်
အောင်မြင်မှာမဟုတ်ဘူး။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape

0 comments:
Post a Comment