Audience’s
Choice ကဏ္ဍလေးကနေ နိုင်ငံတကာအနုပညာရှင်တွေအကြောင်းဖော်ပြနေရာမှာ ဒီတစ်ပါတ် အတွက်ထူးထူးခြားခြားအနေနဲ့
PrizmaX ဆိုတဲ့ J Pop အဖွဲ့လေးအကြောင်းကိုရွေးချယ် ထားပါတယ်။ PrizmaX ဆိုတာကတော့ Stardust
Promotion ကနေ ဖွဲ့စည်းထားတဲ့ ဂျပန်ဂီတ အဖွဲ့လေးပါ။ ဒီထက်ပိုပြီးထူးခြားတာကတော့ အဖွဲ့ဝင်
ဝင်းမိုရိဘာကီက မြန်မာလူမျိုးတစ်ဦးဖြစ်နေတာပါဘဲ။ အဖွဲ့ဝင်တွေကတော့ ယူကီဖုကူမိုဆို၊
ဝင်းမိုရိဘာကီ၊ ဘင်ကူရိုကာဝါ၊ ခိုက်ကိရှိမိဇု၊ ဆူဘဆာ့ရှိမာဒါ တို့ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကနေ
စတင်ဖွဲ့စည်းခဲ့တဲ့ PrizmaX အဖွဲ့က လက်ရှိအချိန်ထိ Mysterious Eyes, Ready Take Me
အယ်ဘမ် (၃)ချပ်ကို ထုတ်ဝေပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံသားအဖွဲ့ဝင်
ဝင်း မိုရိဘာကိကတော့ အနုပညာလောကထဲကို ၂၀၀၉ ခုနှစ်ကတည်းက ၀င်ရောက်လာခဲ့ပြီး ရုပ်သံဇာတ်ကားပေါင်များစွာ
ရိုက်ကူးခဲ့တဲ့မင်းသားတစ်လက်ပါ။ Shell၊ Cheers Form Heaven ၊ Thriller Restaurant ၊
Shodo Girls စတာတွေကတော့ သူရဲ့နာမည်ရဇာတ်ကားတွေပါဘဲ။
Ready အယ်ဘမ်ကတော့
PrizmaX အဖွဲ့ရဲ့ ဒုတိယမြောက်အောင်မြင်ဆုံးအယ်ဘမ်ပါ။ Ready သီချင်းစာသားကို ထင်ရှိမိဇု တို့ကရေးစပ်ပြီး မိုရီဆာကီက
တင်ဆက်ထားခြင်းဖြစ်ပါတယ်။ မိုရီဆာကီက “ဒီ Ready ဆိုပြီး နာမည်တပ်ထားတဲ့ရည်ရွယ်ချက်က
အခုချိန်ကစပြီး ပရိသတ်တွေကို အသစ်တွေတင်ဆက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့
ပေးထားတာဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
ယူကီ ဖူကူမိုတိုကလည်း စင်မြင့်ထက်မှာ ပရိသတ်တွေကိုပျော်ရွှင်စေဖို့ကြိုးစားတဲ့အခါတိုင်း
ပရိသတ်တွေကိုကျေးဇူးတင်တဲ့စိတ်နဲ့ ဒီသီချင်းကိုဖျော်ဖြေဖြစ်ကြောင်းပြောထားပါသေးတယ်။
သီချင်းတွေကို
အများဆုံးရေးဖွဲ့ပေးတဲ့ ကင်ကူရိုကာဝါကလည်း “သီချင်းရေးတဲ့အခါ စိတ်ခံစားမှုက အတော်ကိုကွဲပြားပါတယ်။
ဂီတမဖန်တီးခင်မှာ စိတ်ခံစားမှုအသက်ဝင်စေဖို့အတွက် ဂီတကိုဦးစားပေးပြီး နားထောင်ဖြစ်ပါတယ်”ဆိုပြီး
သူ့အတွေ့အကြုံကိုပြောပြထားပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape

0 comments:
Post a Comment