သင်္ကြဿန်ပြီးတော့မှပဲ ရာသီဥတုကလည်းပူလာလိုက်တာ။
စားရသောက်ရတာလည်း စားချင် တာကို တော်တော်တွေးယူနေရတဲ့ အခြေအနေပဲ။ ခါတိုင်းဆို ထမင်းစားမကောင်းလို့
အပြင်လေးဘာလေး ထွက်စားဖို့ တွေးရင် စားချင်တာတွေကို တန်းစီနေတာပဲ။ အခုတော့ တွေးလိုက်ရင်
ဒီလောက်ပူနေတဲ့ ရာသီ ဥတုနဲ့ စားလို့မှ အဆင်ပြေပါ့မလား တွေးမိလို့မစားဖြစ်တာနဲ့ သေချာပြန်တွေးလိုက်ရင်
မစားချင်တော့ တာနဲ့ အပြင်ထွက်မစား ဖြစ်ဖူးဖြစ်နေတယ်။ ဒီလိုရာသီဆိုရင် ရာသီစာ ဒေသစာလေးတွေက
စားလို့အဆင် အပြေ ဆုံးပဲ။
တောဘက် ရောက်လို့စားခဲ့ရတဲ့ဟင်းလေးတွေကလည်း နည်းစနစ်တကျချက်ထား တာမျိုးမ ဟုတ်ပေမယ့်
စားလို့တော့ တော်တော်ကောင်းတယ်။ အရမ်းပူနေတော့ အရမ်းစပ်တာလည်း စားလို့က အဆင်မပြေဘူး။
အချဉ်လေး အရည်သောက်လေး မပါပြန်ရင်လည်း စားရတာက စားလို့မကောင်းပြန်ဘူး။ အသားလေး ငါးလေးမပါပြန်
တော့လည်း စားရတာက ဟာတာတာကြီးကိုဖြစ်နေပြန်ရော။ မယ်တော် မားသားကလည်း ဈေးခြင်းတောင်း
လေးဆွဲ ဈေးကပြန်လာရင် တွေ့တာလေး အဆင်ပြေမယ်ထင်လို့ ၀ယ်တော့လာခဲ့တာပဲ အဆင်မှပြေပါ့မလား
မသိလို့ ပြောပြောနေတယ်လေ။
ဒီတစ်ခါတော့
အမေ့ကိုဟင်း ချက်မယ့်စာရင်းလေးနဲ့ မှာမှဖြစ်တော့မယ်ဆိုတာရိပ်မိလာတာပေါ့။ ပွားတာလေးလျှော့ပြီး
ချက်ဖို့ပြုတ်ဖို့ပြင်လိုက်ကြရအောင်လား။ ဒီတစ်ပတ်ပိတ်ရက်တော့ မစားဖြစ်တာကြာ နေတဲ့ဝက်သားကို
တောနှပ်လေးနှပ်စားမယ်စိတ်ကူးထားတယ်။ မယ်တော်မားသားလည်းရှိနေတော့ ၀က်သား ကို အအီလည်းပြေ
အတက်လည်းပြေအောင် လယ်ကန်ဇွန်းရွက်ကို အရည်သောက် ချဉ်ရေ ဟင်းလေးတစ်ခွက် ချက်မယ်။
ရာသီပေါ်မန်ကျည်းဖူးလေးတွေလည်းပေါ်နေပြီဆိုတော့
အဲဒါလေးပဲတစ်ခွက်သုပ်မယ်။ မန်ကျည်းဖူး ကတော့ ဈေးမှာစရာမလိုဘူး။ ခြံထဲဆင်းခူးရုံပဲလေ။
ကိုယ့်အပင်ဆိုတော့ လက်လှမ်းမှီမယ့် ရွက်နုလေးတွေ မန်ကျည်းဖူး မန်ကျည်းပွင့်လေးတွေခူးပြီး
ရောသုပ်လိုက်မယ်။ ဒါဆိုရင်တော့ စားကောင်းလိမ့်မယ်ထင်ပါရဲ့။
တောဝက်သားနှပ်
ဝက်သားနှပ်ဖို့ကိုတော့
သုံးထပ်သားနံရိုးတွဲနေတာလေးသုံးမယ်။ အတုံးခပ်ကြီးကြီးတုံးပြီး ပုဇွန် ငံပြာရည်လေး စိမ်းစားငါးပိလေး
နည်းနည်းရယ်နဲ့ နယ်ပြီးခဏနှပ်ထားလိုက်မယ်။ ပြီးမှ ကြက်သွန်ဖြူ လေးဓားပြားရိုက်စဉ်းထားတာလေး
ဆီသတ်နနွင်းမှုန့်လေးပါထည့်။ ပြီးမှ ၀က်သားကိုအနူးလည်းမြန် အသားလေးလည်းအိအောင် သကြားလေးနည်းနည်းပါထည့်လိုက်မယ်။
ကြက်သွန်နီဥလေး ဆယ်လုံး လောက်ကို အခွံခွာရေစင်စင်ဆေးပြီး ဥလိုက်ပဲစိမ်းနံ့ပျောက်အောင်ကြော်ထားမယ်။
ဝက်သားတစ်ဝက် လောက်ကျက်ပြီဆိုရင် ခုနကြော်ထားတဲ့ ကြက်သွန်နီဥကြော်ထည့်မယ်။ ဒါဆို ၀က်သားလည်းနူး
ကြက်သွန်နီဥ တွေလည်း နူးအိနေတော့ အဆင်ပြေတာပေါ့။ ၀က်သားရောကြက်သွန်နီဥတွေရောနူးပြီး
အရသာလည်း ကိုယ့်စိတ်ကြိုက်ရပြီဆိုမှ ငရုတ်သီးစိမ်းလေး ဓားပြားရိုက်ထားတာအပေါ်ကနေ အုပ်လိုက်မယ်။
ဒါဆိုရင် ၀က်သားတောနှပ်လေးတစ်ပွဲ အဆင်ပြေပြီပေါ့။
မန်ကျည်းဖူးသုပ်
မန်ကျည်းဖူးသုပ်အတွက်ကတော့
ခူးထားတဲ့ မန်ကျည်းဖူးလေးတွေကို ရေစင်စင်ဆေးပြီး ရေစင် အောင်စစ်ထား။ မြေပဲလေးထောင်းထားတာနဲ့
ပုဇွန်ခြောက်မှုန့်လေးရယ်ထည့်။ ကြက်သွန်နီပါးပါးလှီး ထားတာလေးထည့်၊ မြေပဲဆီမွှေးမွှေးလေးဆမ်းပြီး
သုပ်လိုက်ရုံပါပဲ။ အပေါ့အငံအတွက်ကတော့ ဆားလေး နဲ့ တင်အဆင်ပြေပါတယ်။ မန်ကျည်းဖူးကြီးပဲမရတာ့လည်း
ဈေးမှာရောင်းတဲ့ မန်ကျည်းရွက်နုနုလေးတွေကို ဒီအတိုင်းသုပ်ရုံပေါ့နော်။ သင်္ကြန်ပြီးမှထွက်တဲ့
မန်ကျည်းရွက်နုက အဖူးလေးတွေနီနီနဲ့ ပိုစားလို့ကောင်း တယ် ဆိုတာ သေချာတယ်လေ။
လယ်ကန်ဇွန်းရွက်ချဉ်ဟင်း
လယ်ကန်ဇွန်းရွက်ချဉ်ဟင်းအတွက်ကတော့
လယ်ကန်ဇွန်းရွက်ကလေးတွေခြွေပြီး သေချာ ရေတော့ ဆေးဖို့လိုမယ်။ ဘာဖြစ်လို့လဲဆိုတော့ လယ်ကန်ဇွန်းရွက်တောင်မှ
ဓာတ်မြေသြဇာ ပက်နေကြပြီမ လား။ ကြက်သွန်နီတစ်ဥလောက် ခပ်ထူထူလေးလှီးထားတာကို ဆီသတ် ပုဇွန်လေးရှိရင်လည်း
ပုဇွန်လေး လေးငါး ဆယ်ကောင်လောက်အခွံခွာ မညက်တစ်ညက်လေးလက်နဲ့ ခြေထားတာကိုပါထည့်ပြီး
ဆီ သတ်ပေါ့။ မရှိရင်လည်း ပုဇွန်ခြောက်လေးမညက်တညက်ထောင်းပြီးထည့် ဆီသတ်လိုက်တော့ ပိုချို တာပေါ့။
မန်ကျည်းနှစ် လေးနဲ့ချက်မှာဆိုတော့ ဆီသတ်တဲ့အထဲကို နနွင်းမှုန့်လေးပါနည်းနည်းထည့် ပုဇွန် ငံပြာရည်လေးကိုလည်း
အနံ့မပြင်းအောင် ဆီသတ်ပေးလိုက်ပေါ့နော်။ ပြီးမှ ခုနခြွေပြီးရေစင်စင်ဆေး ရေစစ်ထားတဲ့
လယ်ကန်ဇွန်းရွက် လေးတွေထည့်လုံး ရေဆူအောင်တည်။
ဆူလာရင် မန်ကျည်းနှစ်လေးထည့် အပေါ့၊
အငံ၊ အချဉ်အားလုံး စိတ်ကြိုက်ရပြီဆိုရင် ခွင်ပေါ်က ချလိုက်ရုံပါပဲ။ ဒီတစ်ပတ်ပိတ်ရက်မှာတော့
ဒီဟင်းပွဲအတွဲအစပ်လေးနဲ့ စားလို့ အဆင်ပြေကြလိမ့်မယ် ထင်ပါတယ်။ ဟင်းပွဲအတွဲအစပ်မှာ အချဉ်နှစ်မျိုးထည့်ထားတယ်။
ဘာဖြစ်လို့လဲဆိုတော့ ရာသီဥတု အခြေအနေအရရယ် ၀က်သားနှပ်က ချိုချိုအီအီလေးနဲ့ ငရုတ်သီးစိမ်းလေးအုပ်ထားတော့
ခပ်စပ်စပ် လေးဖြစ်နေတယ်လေ။ အဲဒါကြောင့်လည်း အရည်သောက်နဲ့အသုပ်ကို အချဉ်နှစ်မျိုး ထည့်တွဲပေးလိုက်ဖြစ်
တာပါ။ နောက်တစ်ပတ်မှ နောက်တစ်မျိုး ချက်ကြတာပေါ့။ ဆွေမျိုးတို့ရော အားလုံးအဆင်ပြေပျော်ရွှင်ကြပါ
စေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape

0 comments:
Post a Comment