ရွှေမှုံရဲ့အနုပညာလှုပ်ရှားမှုလေးအကြောင်း
ပြောပြပေးပါဦး။
အခု ကိုမြင့်မြတ်နဲ့ ရိုက်နေတာပေါ့နော်။
ဒါရိုက်တာက ဦးညွန့်မြန်မာညီညီအောင်ပါ။ နာမည်ကတော့ ဝေ့လယ်ကြောင်ပတ်၊ ဟာသဖန်စီကားလေးပါ။
စိတ်ဖိစီးမှုတွေများလာရင်ကော ဘယ်လိုအပန်းဖြေလေ့ရှိပါသလဲ။
သီချင်းနားထောင်တယ်။ ပြီးတော့ အိမ်ကမိသားစုတွေနဲ့ပဲ
ရယ်လိုက်မောလိုက် အပန်းဖြေပါတယ်။ ကျန်တာတော့ သိပ်ထွေထွေထူးထူး မရှိပါဘူး။
အနုပညာနယ်ပယ်ထဲက လူငယ်တစ်ယောက်ဆိုတော့
လူအများက စိတ်ဝင်စားပြီး ကိုယ့်နေ့စဉ်ဘ၀ကို စောင့်ကြည့်ခြင်းခံရပြီလေ။ အဲဒီအပေါ် ရွှေမှုံစိတ်ကသိကအောက်ဖြစ်တာများ
ရှိပါသလား။
မဖြစ်ပါဘူး။ ဘာလို့ဆိုတော့ ရွှေမှုံက အပြင်ထွက်စားရတာ
ကြိုက်တယ်လေ။ ညနေစောင်းဆို ရခိုင် မုန့်တီကို မင်းလမ်းမှာ သွားစားတာတို့၊ ဘာတို့ဆို
သွားတာပဲ။ အမေနဲ့ထမင်းသွားစားရင်လည်း လူမြင် ကွင်းမှာ ဒီလိုပဲ ပုံမှန်စားနေတာပဲ။ ဘေးမှာရှိတဲ့
သူတွေအားလုံးကလည်း ကိုယ့်ပရိသတ်ပဲလေ။ ကိုယ့်ရဲ့ ပရိသတ် ဆိုတော့ သူတို့စောင့်ကြည့်လည်း
ကိုယ်က ဒီလိုပဲနေတတ်သွားပြီ။ ဘာလို့ဆိုတော့ ပရိသတ်တွေ နဲ့ ကိုယ်နဲ့ ထိတွေ့တာများလာတော့
အကျင့်ပါပြီး နေတတ်သွားတာ။ သူတို့ကို ပြုံးပြတယ်။ မျက်လုံးချင်း ဆုံ ရင် ပြုံးပြ တယ်။
ပရိသတ်တွေက အော်တိုထိုးခိုင်းတယ်။ ဓာတ်ပုံတွဲရိုက်တယ်။ အပြင်သွားရင်တော့ ရွှေမှုန် က များသော
အားဖြင့် မျက်နှာပြောင်နဲ့ ဟိုစာကြည့်မျက်မှန်ကြီးတပ်သွားတော့ သူတို့တွေက ဟုတ်ရဲ့ လား ဆိုပြီးတော့
ဖြစ်ကြ တာပေါ့နော်။ ရယ်ပြလိုက်လို့ရှိရင်တော့ မှတ်မိကြတယ်။ ရယ်ရင် မှတ်မိတာ များတယ်။
ရွှေမှုံ အရွယ်နဲ့မလိုက်အောင် ကာရိုက်တာမျိုးစုံကို
သရုပ်ဆောင်ရတယ်ဆိုတော့ ဒီလိုပုံစံအမျိုးမျိုးအတွက် ဘယ်လိုလေ့လာဆည်းပူးမှုမျိုးတွေ လုပ်ရပါသလဲ။
အဲလို
တကူးတကကြီး ဆည်းပူးလေ့လာတာမျိုးတော့ မရှိဘူး။ ဥပမာ ပန်းရောင်းရတာဆို လမ်းမှာ သွား ရင်းနဲ့တွေ့နေရတာတွေကို
တစ်ချက်လိုက်မှတ်လိုက်တယ်။ သူဘယ်လိုရောင်းလဲ၊ ဘယ်လိုဝတ်စား လဲ၊ တစ်ခါ လောက်ကြည့်လိုက်ရင်
သိသာပါတယ်။ သွားရင်းလာရင်းနဲ့ သင်ယူ၊ လုပ်ရင်းကိုင်ရင်းနဲ့ သင်ယူ ဒါမျိုးလေးပါ။ အရင်ကဆိုရင်
ကျောင်းကတစ်ဖက်ဆိုတော့ အချိန်ကလုနေရတယ်။ အခုလည်း တကူး တကကြီး သင်ယူဖို့ မလွယ်ဘူးပေါ့နော်။
ကားရိုက်တွေ ဘာတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့အခါကျတော့လည်း သွားရင်းလာရင်းနဲ့ပဲ လက်လှမ်းမီသလောက်
လေ့လာဆည်းပူးရတာပေါ့။
ကိုယ်ရွေးချယ်ထားတဲ့ ဒီလျှောက်လမ်းအပေါ်
ဘယ်လိုစိတ်ဓာတ်မျိုးမွေးပြီး ဖြတ်သန်းရင် အဆင်ပြေ လိမ့်မယ်လို့ ထင်ပါသလဲ။
အဓိကကတော့ ကိုယ်ဖြစ်ချင်တာထက် ပရိသတ်ဖြစ်ချင်တာကို
လုပ်ပေးရမှာပေါ့နော်။ အဲဒါက အဓိ က ပေါ့။ ပရိသတ်က ဒါနဲ့မလိုက်ဘူးဆိုတာကို ကိုယ်ကဆက်လုပ်နေရင်
အားပေးမှာ မဟုတ်ဘူး။ တစ်ဖက် လူရဲ့ အမြင်က အရေးကြီးတယ်လေ။ လူတွေ အားလုံးရဲ့အမြင်ကိုယူမှ
ကိုယ့်အတွက် အဆင်ပြေမှာလေ။ အကြံ ပေးတာကို လက်ခံသင့်တယ်ပေါ့။ ပြီးတော့ ဆရာသမားတွေရဲ့စကားကို
နားထောင်ရမယ်။ အလုပ် ကို Respect ရှိရမယ်။ အဲဒါမျိုးတွေ လိုပါတယ်။ ပြီးတော့ စိတ်ထားလေးတွေထားတတ်ရင်
အဆင်ပြေမယ် လို့ ထင်ပါတယ်။ အဲလိုတော့ အမေက သင်ပေးထားတယ်။ ရွှေမှုံကလည်း မှတ်ထားပြီး လိုက်နာပါတယ်။
ရွှေမှုံ လုပ်သမျှအလုပ်တိုင်းကို ဘေးနားမှာအမြဲတမ်း
ရပ်တည်ပေးတဲ့သူဆိုရင် ဘယ်သူဖြစ်မလဲ။
ရွှေမှုံဘေးမှာ အမြဲတမ်းရပ်တည်ပေးတဲ့သူဆိုရင်တော့
ရွှေမှုံရဲ့ မေမေပါပဲ။
ရွှေမှုံက အသက်ကလေးနဲ့မလိုက်အောင် အလုပ်တွေလုပ်နေရပြီဆိုတော့
တချို့တစ်စိတ်တ ဒေသကိုရော ကိုယ့်ကိုယ်ကိုယ် Control လုပ်နိုင်နေပြီလား။
အဲလိုလည်း ပြောလို့မရပါဘူး။ ရွှေမှုံရဲ့တစ်စိတ်တစ်ပိုင်းက
အမေပါနေတဲ့အခါကျတော့ ကိုယ့်ဘာသာ ကိုယ် မဆုံးဖြတ်တတ်သေးဘူး။
ရွှေမှုံကို စိတ်အနှောင့်အယှက်ဖြစ်စေတာက
ဘယ်လိုအပြုအမှု၊ ဘယ်လို အခြေအနေမျိုးလဲ။
အရမ်းအရေးကြီးတဲ့ Scence တွေ၊ Heavy ဖြစ်နေတဲ့
Scence တွေအတွက် အာရုံစိုက်နေတဲ့အချိန်မှာ အလုပ်နဲ့မဆိုင်တဲ့ စကားတွေလာပြောရင် အရမ်းစိတ်ဆိုးတယ်။
ဒါပေမယ့် စိတ်ဆိုးတယ်ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ လုပ်ဖော်ကိုင်ဖက်တွေကျတော့ အလုပ်ကိစ္စပဲ
ပြောတာလေ။ ရွှေမှုံရဲ့ ကောင်မလေး တွေဆိုရင် ရွှေမှုံအလုပ်လုပ်နေတုန်း တခြားအကြောင်းလာပြောရင်
မကြိုက်ဘူး။ ရွှေမှုံက စိတ်ဆိုးတာတွေ ဘာတွေတော့ သိပ်မရှိပါဘူး။ တစ်ခုပဲ ပူရင် ဒေါသထွက်တာ။
အရူးလိုပဲ။ ပူရင် တအားစိတ်ဆိုးပြီးတော့ နေရင်း ထိုင်ရင်း ဒေါသတွေ ထွက်နေရော။ နေပူလို့
မရဘူး။
ရွှေမှုံလည်း ကောလာဟလတွေနဲ့ ရင်ဆိုင်ခဲ့ရသေးတယ်နော်။
ဘယ်လိုများ ကျော်ဖြတ်ခဲ့ပါသလဲ။
ပြောတာတွေက ကိုယ့်ကိုကောင်းဖို့အတွက် အကြံပေးတာဆိုရင်
လက်ခံတယ်။ မကောင်းပြောတာကို တော့ ဆက်ပြီးနားမထောင်နိုင်ဘူး။ ပတ်ဝန်းကျင်မှာ ကောင်းဖို့ဝေဖန်တဲ့သူနဲ့
အဆိုးဖြစ်ဖို့ ဝေဖန်အကြံပေးတဲ့လူ ဆိုတာ ရှိတယ်လေ။ အဲဒီတော့ နားထောင်သင့်တဲ့ဟာဆို နားထောင်တယ်။
နားမထောင်သင့်တဲ့ဟာဆိုရင် Respect အရတော့ နားထောင်ပေးလိုက်တယ်။
ဒါပေမယ့် ဟိုဘက်နားက၀င်ပြီး ဒီဘက်နားက ထွက်ပဲ။ ဒီလိုနည်းနဲ့ပဲ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါတယ်။
ဒီ လူငယ် ဆယ်ကျော်သက်အရွယ်မှာ ရွေးချယ်စရာလမ်းကြောင်းတွေ
အများကြီးရှိတဲ့အထဲကမှ ဒီအနုပညာ အလုပ်အပြင် နောက်ထပ်အခြားတစ်ခု ရွေးချယ်ပါဆို ရွှေမှုံက
ဘာကိုရွေးချယ်ချင်ပါသလဲ။
ညီမက အရင်တုန်းကတော့ ဖြစ်ချင်တာတွေက အများကြီးပဲ။
နိုင်ငံခြားမှာ ကျောင်းသွားတက်ချင် တယ်။ အင်ဂျင်နီယာလည်း ဖြစ်ချင်တယ်။ ပုံတွေ ဘာတွေ
ဆွဲတာလည်း ၀ါသနာပါတော့လေ။ ရည်မှန်းချက်က တစ်ခု၊ ဖြစ်လာတာက တစ်ခုဖြစ်နေတယ်။
အဲဒါဆိုရင် ရွှေမှုံက ကိုယ့်ရဲ့ဒီအနုပညာလောကသားတွေထဲကမှ
ဘယ်သူ့ကို စံနမူနာထားပြီးတော့ လေ့လာခဲ့ တာလဲ။
ဟိုခေါင်းဆောင်မင်းသား မင်းသမီးတွေကစပြီး
ဟိုး Supporting တွေအထိ ရုပ်ရှင်လောကမှာ ရှိတဲ့သူတွေ အားလုံးကို စံနမူနာယူခဲ့တာ။ ဘာလို့ဆိုတော့
အဲလိုမျိုးယူမှလည်း ပညာစုံရမှာလေ။ အားလုံးမှာ ပညာကိုယ်စီရှိကြတယ်။ အဲဒါကို ကိုယ်ကယူတတ်မှသာလျှင်
ကိုယ်လျှောက်တဲ့လမ်းမှာ ကောင်းကောင်း ရပ်တည် သွားနိုင်မယ်လို့ထင်ပါတယ်။
ရွှေမှုံရဲ့ တစ်နေ့တာ လည်ပတ်ပုံလေးကိုလည်း
ပြောပြပေးပါဦး။
မနက်မိုးလင်းပြီဆိုတာနဲ့ အရင်ဦးဆုံး သီချင်းနားထောင်တယ်။
သီချင်းအရင်နားထောင်ပြီးတော့မှ အိပ်ယာကထရင် စိတ်ကြည်သွားရော။ မျက်နှာသစ်၊ သွားတိုက်၊
မိတ်ကပ်လိမ်းတဲ့သူတွေရောက်ရင် မိတ်ကပ် လိမ်း၊ မိတ်ကပ်လိမ်းပြီးလို့ ဆံပင်တွေဘာတွေလုပ်ပြီးသွားရင်
ဘုရားရှိခိုးတယ်။ ပြီးရင် မုန့်စား၊ မုန့်စားပြီးရင် ရှုတင်သွား၊ ရှုတင်မှာ တစ်နေကုန်
ရိုက်စရာရှိတာ ရိုက်ပြီး ပြန်လာရင် အိမ်မှာ ပင်ပန်းရော၊ ခဏနားပြီးရင် မိသားစုတွေနဲ့
စကားပြော။ ပြီးရင် ရေချိုး၊ ထမင်းစားကြ။ တစ်ပတ်မှာ တစ်ရက်လောက်ကတော့ အပြင်မှာ ထွက်စားဖြစ်တယ်။
ရွှေမှုံ အချစ်ရေးကော စဉ်းစားနေပြီလား။
ဟင် အချစ်ရေးလား။ ဟိုမှာ မေကြီးကြည့်နေတယ်။
ရည်းစားထားရင် သမီးကို ဆော်ပလော်တီး လိုက် လိမ့်မယ်။ မေကြီး ရည်းစားရပြီးမှပဲ သမီးလည်း
ရည်းစားထားတော့မယ်။ (ရယ်လျှက်)
ပရိသတ်အတွက် စကားလက်ဆောင်လေးလည်း ပြောပြပေးပါဦး။
ပရိသတ်က ရွှေမှုံကို အခုလိုအားပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်လို့။ ပရိသတ် အားပေးမှုနဲ့ ထိုက်တန်တဲ့ ပေးဆပ်မှုမျိုးကိုလည်း
ရွှေမှုံကကြိုးစားပေးသွားမှာပါလို့။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape

0 comments:
Post a Comment