လတ်တလောအနုပညာ လှုပ်ရှားမှုလေးအကြောင်း
ပြောပြပေးပါဦး။
အခု မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက် ဒီသြဂုတ်လကုန်အထိ
ရိုက်ဖို့ရှိပါတယ်။ အဲဒါတွေပြီးရင် မန္တလေးမှာ ဏမသာသအငသည ပွဲအတွက် လတ်မှတ်ထိုးပေးဖို့သွားမယ်။
ညီမလေး ဒီမော်ဒယ်လောကထဲ စ၀င်လာဖြစ်ခဲ့ပုံလေးကို
ပြောပြပေးပါဦး။
၂၀၁၁ ခုနှစ်၊ (၁၁)လပိုင်း၊ ဒီမိုးယံပြိုင်ပွဲ
Miss Moe Yan ပေါ့။ အဲဒီပြိုင်ပွဲကို ၀င်ပြိုင်တယ်။ ညီမက ဒီလောကထဲကို အမှတ်မထင်ပဲ ၀င်လာတာ၊
အမေက ထီသွားထိုးရင်းနဲ့ ဖောင်လေးတင်လိုက်ပါလားဆို ပြီးတော့ ဖောင်လေးပေးလိုက်တယ်။ အဲဒါနဲ့
ညီမအိမ်က ညီမမောင်လေးကအစ တိုက်တွန်းတာနဲ့ အဲဒီကနေ စပြီး ပြိုင်ပွဲဝင်ဖြစ်တာပေါ့။ မထင်မှတ်ပဲ ဇကာတင်တွေ
ဘာတွေပါသွားတယ်။ ညီမအရင်တုန်းက မန္တလေးက ဆိုတော့ အရွေးခံရပြီး ဒီအထိလာပြိုင်ရတယ်။ နောက်ပိုင်း
ပြိုင်ပွဲပြိုင်ပြီးတော့ သဘောကျသွားတယ်။ အဲဒီတုန်း က အတွေ့အကြုံလည်းမရှိဘူးဆိုတော့
လမ်းလျှောက်တာတွေ ဘာတွေလည်း အဆင်မပြေဘူး။ နောက်တော့မှ သင်တန်းတွေ ဘာတွေ သေချာတက်ပြီး
ဒီလောကထဲ ရောက်လာတာပါ။
ညီမက အဲဒါဆို ငယ်ငယ်လေးကတည်းက မော်ဒယ်ဖြစ်ဖို့အတွက်
စိတ်ကူးယဉ်ထားတာမျိုးမရှိဘူးပေါ့။
အဲလိုမျိုးမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့
ညီမက ဒီအနုပညာနဲ့ပတ်သက်လို့ ငယ်ငယ်တုန်းက ရပ်ကွက် ထဲ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေမှာ
မော်ဒယ်လျှောက်တာတွေ ဘာတွေဆိုရင် လူကြီးတွေက ၀င်လျှောက် ပါလားဆိုပြီးပြောတယ်။ အဲဒီမှာ
ဝင်လျှောက်ကြည့်တော့ ဆုရတယ်။ ပထမတို့၊ ဒုတိယတို့ရတယ်။ နောက်ပိုင်း ကျတော့ ဒီဘက်ကို
လုံးဝမလှည့်ဖြစ်ဘူး။ ဒါပေမဲ့ Show ပွဲတွေ၊ Cat Walk လျှောက်တာတွေ ကြည့်တယ်။ အိမ်ကမောင်လေးကလည်း
သဘောကျတယ်ဆိုတော့ မောင်နှမနှစ်ယောက်တူတူထိုင်ကြည့်ကြတယ်။ Miss Universe အခွေတွေ ၀ယ်ကြည့်တယ်။
တကယ်တမ်း စိတ်ကတော့ မော်ဒယ်ဖြစ်ရမယ်လို့တော့ မရှိဘူး။ အမှတ်မထင်ပဲ ဖြစ်လာတာပေါ့။
အဲဒါဆို ငယ်ငယ်လေးကတည်းက ဖြစ်ချင်ခဲ့တာဆိုရင်
ဘာဖြစ်မလဲ။
လေယာဉ်မယ်ဖြစ်ချင်တာ။ ဒါပေမဲ့ လေယာဉ်မယ်ကလည်း
လွဲချော်တယ်။ အင်တာဗျူးဖြေရမယ့်ရက် က ပထမတုန်းက ကြေညာထားတာ အဆင်ပြေတယ်။ သူတို့ထုတ်ထားတဲ့
Dake က Ok တယ်။ ဒါပေမဲ့ အဲဒီမှာ သူတို့လူကြီးက ဆေးရုံတက်ရတော့ Date ပြောင်းလိုက်ရတယ်။
အဲဒီ Date က ကိုယ်စာမေးပွဲဖြေရမှာနဲ့ ကွက် တိပဲ။ အဲဒီမှာ တော်တော်ဝမ်းနည်းဖူးတယ်။ အဲဒီနောက်ပိုင်း
ထပ်ပြီးမခေါ်တော့ဘူး။ မှတ်မှတ်ရရ Air Bagan ကပေါ့။ အခုထိ ဖြစ်ချင်တာကတော့ မဖြစ်သေးဘူး။
ညီမလေးက သြိနူ တစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားမှာလား၊
တခြားလုပ်ချင်တဲ့ အနုပညာလှုပ်ရှားမှုတွေကော ရှိလား။
နယ်တွေ ဘာတွေသွားလို့ ကိုနိုင်းဝမ်းကလည်း
ရှိုးပွဲရှိတယ်။ ညီမကလည်း ရှိုးလျှောက်ဖို့ရှိတာ နဲ့ကြုံလို့ ရှိရင် ကိုနိုင်းဝမ်းသီချင်းတွေမှာ
Featuring ၀င်ဆိုပေးလေ့ရှိတယ်။ ဒါပေမဲ့ ရှားပါတယ်။ ကိုယ်စိတ်ကူး ပေါက်မှ သူ့ကိုဆိုပေးတာ။
အမှန်တိုင်းပြောရရင် ကိုယ့်ကိုယ်ကိုယ်လည်း အသံကောင်းတယ်လို့မထင်ဘူး။ ၀ါသ နာလည်း မပါဘူး။
သရုပ်ဆောင်တာကျတော့ ညီမ MTV တွေပဲ ရိုက်ဖြစ်တယ်။ ဇာတ်လမ်းတွေမှာ ဇာတ်ကောင် နေရာက သရုပ်ဆောင်ဖို့အတွက်ကျတော့
ကိုယ့်ကိုယ်ကိုယ် အားနည်းသေးတယ်လို့ထင်တယ်။ သရုပ်ဆောင် သင်တန်းတွေ ဘာတွေလည်း မတက်ဖူးဘူး။
အတွေ့အကြုံတွေကလည်း ဒီ MTV လောက်ပဲရှိတာဆိုတော့ သရုပ်ဆောင်ဘက်သွားရမှာကို နည်းနည်းစဉ်းစားနေတယ်။
စံပြမော်ဒယ်တစ်ယောက်အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ
စံပြဖြစ်နေဖို့အတွက်ကော ဘယ်လိုမျိုးတွေ လေ့ကျင့် ဖြစ်လဲ။
ဒီ Model လုပ်ခါစတုန်းကဆို အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်။
အမှန်တကယ်ပြောရရင် ညီမက Model ကို ဓာတ်ပုံရိုက်ရင်းကနေ ဖြစ်လာတာမဟုတ်ဘူး။ ပြိုင်ပွဲဝင်ရင်းနဲ့မှ
ဖြစ်လာတာဆိုတော့ အခက်အခဲတွေ ရော၊ သူများတွေရဲ့ ဖိနှိပ်တာတွေရော အများကြီးခံခဲ့ရတယ်။
အသစ်ဘ၀တုန်းကဆိုလို့ရှိရင် စီနီယာတွေရဲ့ နှိမ်တာတွေလည်း ခံရတယ်။ ၀တ်စုံလုတာတွေလည်း
အများကြီးခံရတယ်။ ဒီဇိုင်နာတွေရဲ့ သူတို့အသိတွေကို မျက်နှာသာပေးတာတွေ၊ ကိုယ့်ကိုယ်ကျတော့
ဘယ်လိုလုပ်တယ်ဆိုတာတွေကို ပထမ ပြိုင်ပွဲမှာကတည်းက ညီမကခံရတယ်။ ကိုယ့်အလှည့်ကျရင်တော့
အဲလိုမျိုးစိတ် ဘယ်တော့မှမထားဘူးလို့ ဆုံးဖြတ်ထားတယ်။ ကိုယ့် ထက်အတွေ့အကြုံငယ်နုသေးတဲ့
သူတွေကိုလည်း မနှိမ်ဘူး။ ကိုယ့်ထက်အောင်မြင် နေတဲ့သူတွေကိုလည်း မုဒိတာပဲပွားတယ်။ တကယ်လို့
စီနီယာဖြစ်ရင် အတုယူလိုက်တယ်။ အဲလိုစိတ်လေးနဲ့ပဲ ရှင်သန်တယ်။ စိတ်ထားကောင်းကောင်းထားရင်တော့
ဒီအနုပညာလုပ်ငန်းမှာကော၊ ကိုယ်နေထိုင်ရာ ပတ်ဝန်း ကျင်မှာပါ စံပြထားရတဲ့လူဖြစ်မှာပါ။
မော်ဒယ်တစ်ယောက်မှာ ဒီစိတ်ဓာတ်အပြင်
နောက်ထပ်အရေးကြီးဆုံးအရာဆိုရင်ကော ညီမ ဘယ်လို သတ်မှတ်လဲ။
မော်ဒယ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ကိုယ်လုပ်တဲ့
Post တွေနဲ့ပတ်သက်ပြီးတော့လည်း သိထားသင့်တာလေးတွေ သိထားရမယ်။ မော်ဒယ်တစ်ယောက်ဖြစ်လို့
ဓာတ်ပုံရိုက်တတ်ရုံနဲ့မပြီးဘူး။ ညီမဆို Miss ပြိုင်ပွဲတွေ ၀င်ပြိုင်တဲ့အတွက် Knowledge
ပိုင်းတွေကို တော်တော်လေ့လာရတယ်။ စိတ်ထားကောင်းဖို့ ကတော့ နံပါတ် (၁)ပေါ့။ ပြီးတော့
မော်ဒယ်ဖြစ်တဲ့အတွက်ကြောင့် လှနေဖို့ကလည်း အရေးကြီးတယ်။ မော်ဒယ် ဖြစ်ပြီး မလှရင်လည်း
လူတွေစိတ်ဝင်စားခြင်းခံရမှာမဟုတ်ဘူး။ နောက် ဆက်ဆံရေးလည်း ပြေပြစ်ဖို့ လိုသေး တယ်။ ကိုယ့်ကိုလာအပ်တဲ့အလုပ်တွေကိုလည်း
သေချာညှပြီးတော့ အဆင်ပြေအောင်လုပ်ပေးတယ်။ တချို့ အလုပ်တွေကျတော့လည်း ကိုယ်က သေသေချာချာနဲ့
ပြေပြစ်အောင်လုပ်ပေးနေတဲ့အပေါ်မှာ ကိုယ့်ကို အထက်စီးဆန်ချင်တဲ့သူတွေကလည်း ရှိသေးတယ်။
အဲလိုလူတွေအတွက် သည်းခံစိတ်ဆိုတာကိုလည်း အမြဲမွေးထားရတယ်။
ညီမငယ်ငယ်လေးကတည်းက လေးစားအားကျခဲ့ရတဲ့
စီနီယာအနုပညာရှင်ရှိလား။
ငယ်ငယ်တုန်းကတည်းက ကြိုက်တာဆိုရင်တော့ ဦးလူမင်းပါ။
ဘာဖြစ်လို့လဲဆိုတော့ သူက ယောက်ျား ဆန်တယ်။ Attraction ရှိတယ်။ ဒါက ငယ်ငယ်လေးကတည်းက
ကြိုက်ခဲ့ရတာ၊ အခုထက်ထိပေါ့နော်။ အခုကြီးမှကြိုက်တာတွေဆိုရင်တော့ မြင့်မြတ်နဲ့ ရဲတိုက်ကို
တော်တော်ကြိုက်တယ်။
ညီမက မန္တလေးသူဆိုတော့ မန္တလေးကမိန်းကလေးတွေရဲ့
ထူးခြားချက်လေးတွေကို သိမှာပေါ့၊ ပြောပြပေးပါဦး။
မန္တလေးကသူငယ်ချင်းတွေဆိုလည်း မော်ဒယ်လုပ်တဲ့သူငယ်ချင်းတွေရှိတယ်။
ပြီးရင် ရန်ကုန် ပြောင်း လာ၊ ရန်ကုန်မှာ လုပ်ကြ၊ အချိန်တိုတွင်းမှာ နေရာရကြတယ်။ မန္တလေးသူတွေက
ကြိုးစားချင်စိတ်ရှိကြတယ်။ ပြီးတော့ မာန်မာန နည်းတယ်။ စိတ်သဘောထားလည်း ကောင်းကြတယ်။
ကိုယ်က မန္တလေးကမော်ဒယ် တော်တော် များများနဲ့လည်း ခင်တယ်။ သူတို့နဲ့လည်း ပေါင်းရသင်းရတာ
အရမ်းအဆင်ပြေတယ်။ မန္တလေးက လူတွေက ပွင့်လင်းတယ်။ စကားပြောတာ တည့်တိုးတွေပြောတယ်။ ပြီးတော့
သူတို့စိတ်ထဲမှာကျတော့ အမြဲတမ်းရှင်းနေတယ်။ အဲဒါလေးတွေတော့ ထူးထူးခြားခြားလေးရှိတယ်။
ပရိသတ်ကိုပြောချင်တဲ့ စကားလေးတွေရှိရင်လည်း
ပြောပြပေးပါဦး။
အချိန်ရရင်ရသလို မဂ္ဂဇင်း၊ ဂျာနယ်၊ Cover
တွေရိုက်ထားပေးပါတယ်လို့။ ညီမကို အားပေးကြပါဦးလို့။ ညီမ ဒီထက်မက ကြိုးစားသွားပါ့မယ်လို့။
ညီမ ဆုမရလို့ ၀မ်းနည်းပေးကြတဲ့ပရိသတ်တွေကိုလည်း ညီမအကောင်း ဆုံးကြိုးစားပေးခဲ့ပါတယ်။
လွဲချော်သွားခဲ့ရတဲ့အတွက်လည်း ညီမပရိသတ်နဲ့ ထပ်တူ ၀မ်းနည်းခဲ့ပါတယ်လို့။
မွန်မြတ်အောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape

0 comments:
Post a Comment