နှုတ်ခမ်းဘယ်လိုဆိုးကြမလဲ… #၀ဿန်
======================
တောက်ပတဲ့နှုတ်ခမ်းဆိုးဆေး
အရောင်က တက်ကြွလန်းဆန်းမှု ရဲရင့်မှုတို့ကို ကိုယ်စားပြုတယ်တဲ့။ ပြီးတော့ အမျိုးသား၊
အမျိုးသမီးတွေ အားလုံးကို သမင်လည်ပြန်လှည့်ကြည့်စေတဲ့အထိပေါ့။ တကယ်တော့ နှုတ်ခမ်းဆိုးဆေးဆိုတာလည်း
မိတ်ကပ်လိမ်းသလိုပါပဲ။ နည်းစနစ်လိုပါတယ်။ မကြာခဏထပ်ဆိုးပေးရပါတယ်။ ဆိုးဖို့တည်ငြိမ်ပြီး
စိတ်ရှည်ဖို့လည်းလိုပါတယ်။ အဲဒီတော့ တစ်နေ့တာလုံး တောက်ပလန်းဆန်းတဲ့ နှုတ်ခမ်းဆိုးဆေးလေးဖြစ်နေဖို့
ဘယ်လိုဆိုးကြမလဲ…။
နှုတ်ခမ်းဆိုးဆေးအောက်ခံ
မိတ်ကပ်သားတာရှည်ခံဖို့
မိတ်ကပ်အောက်ခံသုံးပေးရသလိုပါပဲ။ နှုတ်ခမ်းသား ပေါင်းဆေးလေးဦးစွာသုံးပေးပါ။ အဲဒါမှ နှုတ်ခမ်းဆိုးဆေးသုံးတဲ့အခါတာရှည်ခံမှာပါ။
Lip Liner သုံး
Lip
Liner က နှုတ်ခမ်းကို လိုသလိုလှပအောင် ပုံဖော်ပေးနိုင်ရုံသာမက ဆိုးထားတဲ့ နှုတ်ခမ်းဆိုးဆေးတွေ
ပြတ်ရွေ့မသွားစေဖို့ကူညီပေးပါလိမ့်မယ်။ ပြည့်ဝတဲ့နှုတ်ခမ်းလေးပိုင်ဆိုင်ချင်ရင် နှုတ်ခမ်းသားလိုင်းအောက်ကနေဆွဲပေးပြီး
သဘာဝကျကျနှုတ်ခမ်းလေးပိုင် ဆိုင်ချင်တယ်ဆိုရင် နှုတ်ခမ်းလိုင်းပေါ်ကဆွဲပေးပါ။
ကွန်ဆယ်လာသုံး
တိကျတဲ့အနားသတ်နှုတ်ခမ်းလေးပိုင်ဆိုင်ဖို့
နှုတ်ခမ်းသားအနားသတ်တွေကို ကွန်ဆယ်လာသုံးပေးပါ။ ဒါမှ မျက်နှာပြင်မှာ နှုတ်ခမ်းအလှက ပေါ်လွင်
ထင်ရှားပြီး အပြစ်အနာအဆာကင်းနေပါလိမ့်မယ်။
နှုတ်ခမ်းဆိုးဆေးတာရှည်ခံဖို့
နှုတ်ခမ်းနဲ့
နှုတ်ခမ်းဆိုးဆေးတောင့် တိုက်ရိုက် မထိတွေ့ပါနဲ့။ ဘရပ်ရှ်ကလေးနဲ့သုံးပေးပါ။ ကိုယ်ပိုင်ပစ္စည်း
တစ်ကိုယ်ရည်သာအသုံးပြုပါ။
ဘရပ်ရှ်နဲ့ဆိုး
လှပတဲ့နှုတ်ခမ်းဆိုးဆေးလေးဖြစ်ဖို့
ဆိုးတဲ့အခါ ဘရပ်ရှ်ကလေးသုံးပေးပါ။ နှုတ်ခမ်းပေါ်မှာ တိကျညီညာစွာ ပုံဖော်စေပါလိမ့်မယ်။
ပေါင်ဒါသုံး
မိတ်ကပ်လိမ်းပြီးတိုင်း ပေါင်ဒါသုံးပေးရသလို နှုတ်ခမ်း ဆိုးဆေးလေးသုံးပြီးတိုင်း
ပေါင်ဒါတစ်ထပ်သုံးပေးပါ။ ပြီးမှအပေါ်က တစ်လွှာထပ်ဆိုးပေးပါ။ တစ်နေကုန် တာရှည်ခံပြီး လှပနေစေပါလိမ့်မယ်။
ဖန်ခွက်ပေါ်က နှုတ်ခမ်းဆိုးဆေးအရာ
ဒါက မိန်းကလေးတိုင်း
ကြုံတွေ့ရတဲ့ကိစ္စပါ။ အဲဒါကြောင့် ဖန်ခွက် ရွေးချယ်ကတည်းက ချောမွေ့ပြောင်လက်နေတဲ့ ဖန်ခွက်သားကိုသာ
ရွေးချယ်အသုံးပြုပေးပါ။
နှုတ်ခမ်းဆိုးဆေးညိုဖို့
နှုတ်ခမ်းပေါ်က
မညီမညာဖြစ် နေတဲ့နှုတ်ခမ်းဆိုးဆေးညီညာသွားစေဖို့ တစ်ရှုးစက္ကူတွေသုံးတာမြင်ဖူးကြမှာပါ။
အဲဒါထက်ပိုကောင်းတာကတော့ လက်ချောင်းကလေးသာ သုံးပြီးညှိတာအကောင်းဆုံးပါ။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/ shapejournal
www.facebook.com/groups/ weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/
www.facebook.com/groups/
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြ
#Weekly #Saturday #ရှိတ်ပ်

0 comments:
Post a Comment