ရေရှည်သိမ်းဆည်းဖို့နေရာ ရွေးချယ်ပါ











          တစ်ခါတစ်ရံ သင့်ရဲ့ စမတ် ဖုန်းထဲက အချက်အလက်တွေ များပြားလာလို့၊ ဒါမှမဟုတ် ပြည့် လျှံလာလို့ တခြားတစ်နေရာရာကို ရွှေ့ပြောင်းသိမ်းဆည်းဖို့ စိတ်ကူး မိပါသလား။ ဒီလိုစိတ်ကူးမိပြီဆိုရင် ဘယ်နည်းလမ်းကို ရွေးချယ်ဖို့ ဖြတ်နိုင်ပါသလဲ။ အနည်းဆုံးတော့ ကိုယ်နဲ့လက်လှမ်းမီရာ PC တစ်ခုခု၊ Notebook တစ်ခုခုပေါ်ကို အလျင် အမြန် ရွေ့ပြောင်းသိမ်းဆည်းမိကြ မှာပဲဖြစ်ပါတယ်။ အထူးသဖြင့် သင့် ရဲ့စမတ်ဖုန်းမှာ ပမာဏကြီးမားတဲ့ micro-SD ကဒ်ထည့်ထားခဲ့မယ်ဆို ရင် ပိုပြီးသတိထားရတော့မှာ ဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ များသောအားဖြင့် micro-SD ကတ်ကုမဿပဏီတွေဟာ တစ်စုံတစ်ခု ကြောင့် ပျက်စီးသွားခဲ့ရင် အာမခံ ပေးတာဟာ ကဒ်အတွက်သာ ဖြစ်ပြီး အထဲက အရေး ကြီးအချက် အလက် ပြန်ရဖို့ဆိုတာ ရာခိုင်နှုန်းအတော်နည်းသွားမှာဖြစ်ပါ တယ်။ ဒီနေရာမှာ တစ်ခုကွာခြား တာက PC တွေပေါ်မှာ တင်ထား တဲ့ အချက်အလက်တွေဟာ ပြန် လည်ရယူဖို့ Recovery ပြုလုပ်ဖို့ လွယ်ကူပေမယ့် ဖုန်းထဲက အချက်အလက်တွေကတော့ မလွယ်ကူတာ တွေ့ရမှာဖြစ်ပါ တယ်။

          မကြာသေးခင်က Google ရဲ့ လေ့လာချက်အရ သက်တမ်း ၂ နှစ်ကျော်အသုံးပြုပြီးတဲ့ Hard disk တွေရဲ့ ၈ ရာခိုင်နှုန်းဟာ ပျက်အံ့ ဆဲဆဲဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ ဟာ ကိုယ့်ရဲ့အရေးကြီးအချက်အ လက်တွေကို ရုတ်တရက်ပျက်စီး သွားတဲ့အခါ တွေ့ကြုံခံစားရမယ့် ဆုံးရှုံးမှုတွေကို ကြိုတင်တွက်ဆ သင့်ပါတယ်။
          Hard disk ပျက်စီးမှုတွေကို ကာကွယ်မယ်ဆိုရင် PC တစ်မျိုး တည်းအတွက် စဉ်းစားလို့မရပါ ဘူး။ Laptop တွေမှာ တပ်ဆင် အသုံးပြုထားတဲ့ Hard disk တွေ ဟာလည်း ပျက်စီးမှုနှုန်းမြင့်မားပါ တယ်။ ဘာကြောင့်လဲဆိုတော့ Laptop တွေဟာ ခရီးသွားလာတဲ့ အခါ ရုတ်တရက်ထိခိုက်မိတတ်၊ လွတ်ကျမိ တတ်ပါတယ်။ အဲဒီအခါ အရင်ဦးဆုံးခံရတဲ့ Hardware ကတော့ Hard Disk ပါပဲ။ ဒါ ကြောင့် အရေးကြီးတဲ့အချက် အလက်တွေကို အရန် Back up အနေနဲ့ အခြားတစ်နေရာရာမှာ ကူးယူသိမ်းဆည်း ထားသင့်ပါတယ်။ အချက်အလက် ပျက်စီးရတဲ့ နောက်ထပ် အကြောင်းအရင်း တစ် ခုရှိပါတယ်။ အဲဒါကတော့ တစ်ခါ တစ်ရံ မိမိကိုယ်တိုင် မှားယွင်း ဖျက်မိခြင်းပါပဲ။ အဲဒီလိုဖျက်မိတဲ့ အခါ Recovery Tools တစ်ခုခုကို သုံးကာ ပြန်လည်ဆယ်ယူနိုင်တာ ကြောင့် Hard Disk ပျက်စီးသ လောက် ဆုံးရှုံးမှုမများပါဘူး။
          ဒီအတွက် ဖြေရှင်းတဲ့နည်း လမ်းတွေတော့ရှိပါတယ်။ အသုံး ပြုသူအများစုဟာ အရေးကြီးတဲ့ အချက်တွေကို Backup  ပြုလုပ်ဖို့ လျစ်လျူရှုထားကြပါတယ်။ လေ့ လာချက်တွေအရ အသုံးပြုသူ ၃၅ ရာခိုင်နှုန်းဟာ လုံးဝကို Backup ပြုလုပ်လေ့မရှိကြပါဘူး။ ၅၁ ရာ ခိုင်နှုန်းကတော့ တစ်နှစ်ကို အနည်း ဆုံးတစ်ခါတော့ ပြုလုပ်ကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာဟာ အချိန် ကြာလာတာနဲ့အမျှ အစားထိုးမရ တဲ့ သင့်အတွက်အရေးကြီးတဲ့ အချက်အလက်တွေ စုပုံလာမှာ သေချာပါတယ်။
          ဒီအချိန်မှာ အရေးကြီးတဲ့ စဉ်းစားစရာအချက်တစ်ခုက ရေ ရှည်သိမ်းဆည်းချင်တယ်ဆိုရင်၊ ဘယ် Media အမျိုးအစားကို ရွေး ချယ်မလဲဆိုတဲ့အချက်ပါပဲ။ Hard disk ကို ရွေးချယ်မယ်ဆိုရင် ၅ နှစ်အထိတော့ စိတ်ချရပါတယ်။ USB Flash Drive နဲ့ဆိုရင် ၁၀ နှစ်အထိခံပေမယ့် အထားမှားနိုင် မယ့် ပြဿနာရှိနိုင်ပါတယ်။ CD, DVD တွေပေါ်ကိုတင်မယ် ဆိုရင် တော့ ထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့ အရည်အသွေးပေါ်မှာ မူတည်ပါ တယ်။ CD, DVD  တွေကို ထိန်း သိမ်းထားတဲ့ ပတ်ဝန်းကျင် အခြေ အနေအပေါ်လည်း မူတည်တဲ့အ တွက် ထိန်းသိမ်းထားတဲ့ နေရာ (အခန်း)ရဲ့ အပူချိန်၊ အောက်ဆီဂျင် ပါဝင်မှုနှုန်း၊ လေထဲမှာရှိတဲ့ အခြား အောက်ဆိုဒ်တွေရဲ့ နှုန်းတွေကို ထည့်သွင်းတွက်ချက်ရပါလိမ့် မယ်။ ပုံမှန် CD, DVD တစ်ချပ်ဆို ရင် ပျှမ်းမျှ ၂ နှစ်ခန့်သာ ထိန်းသိမ်း နိုင်ပါတယ်။ ထုတ်လုပ်သူတွေ ဆီက Backup ပြုလုပ်ဖို့ CD, DVD တွေကို အရည်အသွေး ကောင်းမွန်ပြီး သီးသန့်ထုတ်လုပ် ထားတဲ့ ကုမ္ပဏီတွေရှိပါတယ်။ ထုတ်လုပ်သူတွေက အရည်အ သွေးကောင်းမွန်တဲ့ Blu-ray Disc တစ်ချပ်ဟာ နှစ် ၁၀၀ အထိ သိမ်း ဆည်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်သိမ်းဆည်းချင်တဲ့ အချိန်အကန့် အသတ်ကိုရွေး ချယ်ပြီး ကြိုက်နှစ်သက်တဲ့ Media ကို ရွေးချယ်နိုင်ပါတယ်။
          အခုအခါ Online Storage စနစ်တွေ ခေတ်စားလာတာက အချက် အလက်တွေကို backup လုပ်တဲ့နေရာမှာ ပိုပြီးလွယ်ကူလာ စေပါတယ်။  အရေးကြီးတဲ့အချက် အလက်တွေ လုံလုံခြုံခြုံသိမ်း ဆည်းထားနိုင်ဖို့ စိတ်ပူစရာမလို တော့ပါဘူး။ Online Storage ကုမဿပဏီတွေဆီမှာ ပမာဏ အမျိုးမျိုးအတွက် သင့်တင့်တဲ့ငွေပမာဏ ကိုသုံးပြီး သိမ်းဆည်းထားနိုင်ပါပြီ။ ဒါဟာ အခြား Media တွေမှာသိမ်း ထားတာ ထက်စာရင် ပိုပြီး လုံခြုံ စိတ်ချရစေပါတယ်။ ဘာကြောင့် လဲဆိုတော့ အချက်အလက်သိမ်း ဆည်းတဲ့ Data Server တွေဟာ တစ်နေရာတည်း Server တစ်ခု တည်းမှာ ပုံသေသိမ်းဆည်းတာ မျိုးမဟုတ်ဘဲ နေရာအနှံ့မှာရှိတဲ့ server အမြောက်အများနဲ့ စနစ်တ ကျ ချိတ်ဆက်သိမ်းဆည်းထားနိုင် တဲ့အတွက် မသမာသူတွေရဲ့ ခိုးယူ နှောင့်ယှက်မှုဘေးကနေလည်း ကင်းဝေးစေပါတယ်။ 
ြွခင်းချက်တစ်ခုရှိတာကတော့ ကိုယ့်ရဲ့ Password ကတော့ တခြားဘယ်နေရာမှာမှ မသုံးထား တဲ့ Password ဖြစ်ကာ အနည်း ငယ်ရှုပ်ထွေးပြီး ခန့်မှန်းရခက်ခဲစေ ဖို့တော့လိုအပ်မှာဖြစ်ပါတယ်။အခု အခါမှာလည်း ဒီလို Online ကနေ Backup လုပ်ဖို့ လွယ်ကူလာပေ မယ့် လူတိုင်းက ထဲထဲဝင်ဝင် အသုံးမပြုကြသေးတာ တွေ့ကြရပါ တယ်။
          ဒါကြောင့် ကိုယ့်ရဲ့ နေ့စဉ်အ သုံးပြုနေတဲ့ ကွန်ပျူတာရဲ့ Hard Disk ဟာ သက်တမ်းဘယ် လောက်ရှိပြီလဲဆိုတာ သတိချပ် သင့်ပါတယ်။  ကိုယ့်ရဲ့အချက် အလက်တွေဟာလည်း ဘယ် လောက် အရေးကြီးကြီး Backup လုပ်သင့်မလုပ်သင့် ချိန်ဆသင့် ပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ Backup လုပ်မယ်ဆိုတာလည်း ရွေးချယ်သင့်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment