One
Direction ၀ိုင်းသားဟောင်းအဆိုတော် ဇန်းမလစ်(ဒ်)ရဲ့ရည်းစားဟောင်း မိန်းကလေးပေါ့(ပ်)ဂီတအဖွဲ့
Little Mix မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပယ်ရီအက်ဒွပ်(စ်)ဟာ အဂင်ဿလန်နဲ့အာဆင်နယ်ဘောလုံးအသင်းသား
အဲလက်(ဇ်) အော့(ဇ်)လိတ်ချိန်ဘာလိန်းနဲ့တွဲ ခုတ်နေတယ်လို့သိရပါတယ်။ ၄င်းတို့နှစ်ဦးဟာ
သိပ်အဆင်ပြေနေကြပေမယ့် တကယ့်ရည်းစားဖြစ်မဖြစ် ပြောဖို့တော့ စောသေးတယ်လို့ The Sun သတင်းစာကရေးပါတယ်။
''သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုပြောဖို့သိပ်စောပါသေးတယ်''လို့ သတင်းပေးက Sun သတင်းစာကို
ပြောထားပါတယ်။ ဒါပေမဲ့ သူတို့အပေးအယူမျှပြီး အတော်လေး အချိန်အတူဖြုန်းဖြစ်နေကြတယ်လို့
၎င်းကဆိုပါတယ်။ မနှစ်က ဇန်းနဲ့ကွဲပြီး မကြာခင်က ရုပ်ရှင်မင်းသား လု(ခ်)ပါစကွယ်လီနိုနဲ့လည်း
ဘာလိုလိုသတင်းထွက်ခဲ့တဲ့ ပယ်ရီဟာ သူမအချစ်ရေးတွေကိုဆိုရှယ်မီဒီယာက တစ်ဆင့်ပြည်သူတွေ
မသိစေချင်ဘူးလို့ပြောထားပါတယ်။''သူတို့က သိုသိုသိပ်သိပ်နေကြတယ်။ ပရိသတ်သိမှာစိုးလို့ဆိုရှယ်မီဒီယာမှာတောင်ချိတ်ဆက်မထားကြဘူး''လို့
သတင်းပေးကပြောသတဲ့။ အဲလက်(ဇ်)က အာဆင်နယ်ရဲ့ပင်တိုင်ကစားသမားဖြစ်ရေးကိုပဲ အာရုံစိုက်နေတယ်လို့
တခြားသ တင်းပေးတစ်ဦးက ပြောပါတယ်။ ပယ်ရီဟာ ဇန်းနဲ့ရည်းစားသက်တမ်း(၄)နှစ်ရှိပြီး စေ့စပ်ကြောင်း
လမ်းပြီး(၂)နှစ်အကြာမှာ ဇန်းက SMS ပို့ပြီး အဆက်ဖြတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment