''ပါကင်''တစ်ခုမှာ ကားဘယ်လိုရပ်ရမလဲဆိုတာ
သိထားသင့်ပါသလား။ ဒီလိုအမေးရှိခဲ့ရင်တော့ သိထားသင့်တာပေါ့လို့အဖြေပေးပါမယ်။ ကျယ်ဝန်းကြီးမားပြီး
ကားတွေပြည့်နှက်နေတဲ့ ပါကင်နေရာမျိုးမှာ ကိုယ့်ကားကိုပြန်ရှာရတာ တစ်ခါတရံခက်ခဲသွားတတ်ပါတယ်။
အလုပ်ကအလျင်စလိုဖြစ်စေတဲ့ အခြေ အနေမျိုး မှာဆိုရင်တော့ မြွေပူရာကင်းမှောင့်ဆိုတဲ့အတိုင်း
ပိုပြီးဦးနှောက်ခြောက်ရတော့မှာပါ။ ဒါကြောင့် လွယ်ကူ လျင်မြန်တဲ့နည်းလမ်းတွေနဲ့ အလျင်အမြန်ပြန်ရှာတွေ့အောင်
ကားကိုဘယ်လိုပါကင်ထိုးရမလဲ ဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။
ထင်သာမြင်သာရှိတဲ့နေရာရွေး
ကားတစ်စီးကိုထင်သာမြင်သာရှိတဲ့ အမှတ်အသားတစ်ခုအနားမှာ
ရပ်ထားတာအကောင်းဆုံးပါပဲ။ တစ်နေရာမှာ ကားရပ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် အနီးအနားမှာ
''ဓာတ်တိုင်၊ သစ်ပင်''စတဲ့ ဘယ်လိုသိသာ ထင်ရှားတဲ့ အမှတ်အသားရှိသလဲဆိုတာ ပထမဆုံးစေ့ငုသင့်ပါတယ်။
ဒါဆိုရင် ပြန်ရှာဖွေရတာ အခက်အခဲ ရှိတော့မှာမဟုတ်ပါဘူး။
ကျပ်တည်းမှုတွေကိုရှောင်
ကျပ်တည်းကျဉ်းမြောင်းအောင် ရပ်နားထားတဲ့
ကားရပ်နားရာနေရာမျိုးတွေကို ရှောင်ရှားသင့်ပါ တယ်။ လူစည်ကားတဲ့နေရာမျိုးတွေသွားရင် ကားပါကင်အခက်အခဲ
မလွဲမသွေကြုံတွေ့ရမှာဖြစ်သလို အစွန်အဖျား နေရာမျိုးမှာပဲ ကိုယ့်အတွက်နေရာရတတ်ပါတယ်။
ဒါဆိုရင် အစွန်အဖျားနေရာဖြစ်တဲ့အတွက် ကားပြန်ရှာရင် ကိုယ့်အတွက်အခက်တွေ့စေတော့မှာပါ။
ဒါကြောင့်မဖြစ်မနေ အစွန်ကျတဲ့နေရာမျိုးကို ရွေးချယ်ရတော့မယ် ဆိုရင်တောင် ကိုယ့်ကားပတ်ဝန်းကျင်မှာ
ကားအသေးလေးတွေ၊ ဆိုင်ကယ်တွေရှိ တဲ့နေရာမျိုးကိုပဲရွေးသင့်ပါ တယ်။ အဝေးကနေ ကိုယ့်ကား
ဘယ်မှာရပ်နားသလဲဆိုတာ အလွယ်တကူ မျက်မှန်းတန်းမိအောင် ဖြစ်ပါတယ်။
အသံထွက်မှတ်သားပါ
ဒီနည်းလမ်းက နည်းနည်းတော့ ရယ်သွမ်းသွေးချင်စရာကောင်းပါတယ်။
ဒါပေမဲ့အလုပ်ဖြစ်လာနိုင် စရာရှိတဲ့ နည်းလမ်းတစ်ခုဖြစ်နေလို့ မေ့မထားအပ်လို့ဖော်ပြပေးပါရစေ။
ကျယ်ဝန်းပြီး ရှုပ်ထွေးမယ့်နေ ရာမျိုးမှာ ကားရပ်နားခဲ့ရမယ်ဆိုရင် ကိုယ့်ကားကိုဘယ်နေရာမှာရပ်နားခဲ့တယ်ဆိုတာ
အသံထွက်ပြီး အမှတ်သညာပြု သင့်ပါတယ်။ ဥပမာ ရပ်နားကွင်း(3) Roll (1) စသဖြင့် အကြောင်းအရာတစ်ခုကို
မေ့လျော့တတ်သူအနေနဲ့ တစ်ခါတရံမှာ ဦးနှောက်ထဲမှာ ဒီအတိုင်း မှတ်သားထားတာထက် မှတ်ဉာဏ်တွေ ကိုအသံထွက်ရင်း
မှတ်ထား လိုက်တာက ပိုပြီးအလုပ်ဖြစ်လို့ပါပဲ။
ဓာတ်ပုံရိုက်ထားပါ
ရှုပ်ထွေးပွေလီနေတဲ့
ကားတွေကြားမှာ ကိုယ့်ကားကိုတန်းခနဲ တစ်ချက်တည်းရှာဖွေတွေ့နိုင်စေမယ့်နည်း လမ်းတစ်ခုကတော့
ဓာတ်ပုံရိုက်ယူထားဖို့ပါပဲ။ ဒစ်ဂျစ်တယ်ကင်မရာ ဒါမှမဟုတ်၊ ဖုန်းကင်မရာတစ်ခုခု ပါလာရင်လည်း
အခုလိုလုပ်ဖို့အဆင်ပြေပါတယ်။ ဓာတ်ပုံရိုက်တဲ့နေရာမှာ ကိုယ့်ကားကိုချည်းမဟုတ်ဘဲ အနီး
ဝန်းကျင်ကထင်သာမြင်သာရှိမယ့် အမှတ်အသားတစ်ခုခုပါလာအောင်လည်း ရိုက်ကူးထားရမှာပါ။ ကိုယ်နဲ့အ
ကျွမ်းတ၀င်သိပ်မရှိတဲ့နေရာမျိုးမှာ ရပ်ထားရမယ်ဆိုရင် ဒီနည်းလမ်းက ကားပြန်လည် ရှာဖွေရာ မှာ
အတော်လေး အကူအညီရမှာဖြစ်ပါတယ်။
Alarm
တပ်ထားပါ
ကားထဲမှာ
Alarm တပ်ဆင်ထားတာလည်း ကားကိုပြန်လည်ရှာဖွေရာမှာ အထောက်အကူအတော်လေး ရစေမှာအသေအချာပါပဲ။
အရေးတကြီးဖြစ်နေတဲ့အချိန်အခါမျိုးမှာ ကိုယ့်ကားကိုတကူးတက ပြန်ရှာဖွေနေ စရာ မလိုဘဲ ခလုပ်နှိပ်လိုက်ရုံနဲ့
နေရာကျမှာဖြစ်ပါတယ်။ ဒါပေမဲ့ သတိထားသင့်တာတစ်ခုက မလိုအပ်လို့ အသုံးမပြုချိန်မှာ Alarm
ကို ပိတ်ထားဖို့နဲ့ ညကြီးအချိန်မတော် ပတ်ဝန်းကျင်ကလူတွေအိပ်နေတဲ့အခါမျိုးမှာ ဒီစနစ်ကို
အသုံးမပြုသင့်ဘူးဆိုတာကိုပဲဖြစ်ပါတယ်။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

0 comments:
Post a Comment