ကားအသစ်တစ်စီးကိုဝယ်ပြီး
သန့်ရှင်းရေးမလုပ်ဘဲ တစ်ပတ်လောက် ပစ်စလက်ခတ်စီးနင်းပစ်လိုက်ရင် ဘာဖြစ်သွားမယ်ထင်ပါသလဲ။
သေချာတာတစ်ခုကတော့ ဟောင်းနွမ်းဆွေးမြေ့နေပြီး နှစ် (၁၀၀)လောက် သက်တမ်းရှိတဲ့ အိမ်ကြီးတစ်လုံးထဲရောက်သွားသလို
ခံစားရမှာမလွဲပါဘူး။ ကားအတွင်းကို ကျရောက် လာနိုင်တဲ့အစားအသောက်တွေ၊ ကလေးတွေကြောင့်ဖြစ်ပေါ်လာမယ့်
အညစ်အကြေးတွေ စတာတွေကြောင့် ကားအတွင်းပိုင်းဟာ ကြွက်သိုက်တစ်ခုလိုတောင် ညစ်ပတ်သွားနိုင်တာပါ။
ဒါကြောင့် ကိုယ်မလိုအပ်တော့လို့ပြန်ရောင်းချိန်မှာတောင် တန်ဖိုးဆုံးရှုံးမသွားရအောင်
ကားအတွင်းပိုင်းကို ထိန်းသိမ်းထားဖို့လိုအပ်သလိုထိန်းသိမ်းထားနိုင်မယ့်နည်းလမ်းလေးတွေကိုလည်း
သိထားဖို့လိုအပ်ပါတယ်။
ကော်ဖီစွန်းရင်
ကားအတွင်းပိုင်းက
ဆိုဖာကူရှင်တွေဟာ များသောအားဖြင့် ကော်ဖီဖိတ်စင်မှုကြောင့် စွန်းထင်းသွားတတ် ပါတယ်။ ဒီလိုဖြစ်လာရင်
သိထားဖို့လိုအပ်တာက ရေအေးဒါမှမဟုတ်တာဝါတစ်ခုခုနဲ့ ချက်ချင်းသုတ် သင်ပစ်လိုက်ဖို့လိုအပ်တယ်ဆိုတဲ့အချက်ကိုပါပဲ။
တကယ်လို့ခြောက်သွေ့သွားချိန်မှာတောင် အစွန်း အထင်းကရှိနေဦးမယ်ဆိုရင်တော့ အဲဒီနေရာကို
ငါးမိနစ်လောက်ဖြစ်ဖြစ် ရေနဲ့ပြန်နူးပြီး သန့်ရှင်းပစ်တာ လုပ်သင့်သလို ဒီလိုစွန်းထင်းမှုမျိုးအတွက်
ထုတ်လုပ်ထားတဲ့ Spray မျိုးလည်းသုံးသင့်ပါတယ်။
စက်ဆီစွန်းထင်းမှုတွေအတွက်
ကားအတွင်းပိုင်းကြမ်းခင်းတွေနဲ့ထိုင်ခုံတွေမှာ
စက်ဆီစွန်းထင်းတာမျိုးတွေ ဖြစ်နေပြီဆိုရင်တော့ တင်ဒါကို အသုံးပြုရမှာဖြစ်ပါတယ်။ တင်ဒါကိုဂွမ်းသားအ၀တ်စတစ်ခုနဲ့တို့ပြီး
ဒီလိုအစွန်းအထင်းတွေကို သန့်ရှင်း ပစ်နိုင်သလို အဲဒီလိုပြုလုပ်ပြီးရင်တော့ အစွန်းအထင်းနေရာမှာ
ဆားအနည်းငယ်ပုံပြီး လက်ကျန်စက် ဆီတွေမရှိတော့အောင် သုတ်သင်ပစ်နိုင်တယ်ဆိုတာ မေ့မနေသင့်ပါဘူး။
ဒီနေရာမှာ တစ်ခုသတိထား ရမှာက ကိုယ်အသုံးပြုမယ့် တင်ဒါပမာဏကို ချိန်သားကိုက် အသုံးပြုနိုင်ဖို့ပဲဖြစ်ပါတယ်။
မင်နဲ့သွေးတွေအတွက်
မင်စွန်းထင်းမှုတွေအတွက်
Hairspray က နိုင်နင်းသလို သွေးတွေကြောင့်ညစ်နွမ်းနေမယ်ဆိုရင်တော့ Laundry Strach နဲ့
ရောစပ်ပြီး ချက်ချင်းသန့်ရှင်းရေးလုပ်သင့်ပါတယ်။ Laundry Strach ကို ရေနဲ့ရောပြီး သွေးစွန်းနေတဲ့နေရာအပေါ်မှာ
အုပ်ထားရမှာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုသတိထားသင့်တာက ရေကအပူအစား အအေးနဲ့ပဲအသုံးပြုလို့ရတယ်ဆိုတဲ့
အချက်ကိုပါပဲ။ အစွန်းကွက်ပေါ်မှာအုပ်ထားတဲ့ Laundry Strach ခြောက်သွေ့သွားပြီဆိုရင်
အဲဒီနေရာကို ဘရပ်ရှ်နဲ့သုတ်သင်ပစ်လိုက်ရင် အဆင်ပြေပါပြီ။
အရက်တွေဖိတ်ကျရင်
ကိုယ်ကအရက်သေစာသောက်စားတတ်သူတစ်ဦးမဟုတ်ပေမယ့်
မတော်တဆများ ကားထဲမှာအရက် ပုလင်းတွေဘာတွေမှောက်ကျရင် ချက်ချင်းသန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။
ကိုယ့်ကားထိုင်ခုံက လည်သာ ထိုင်ခုံဖြစ်နေရင် အရက်ဖိတ်စင်ကျတဲ့နေရာက အကွက်လိုက် အရောင်လွင့်သွားတတ်တာကြောင့်ပါ။
ကားထိုင်ခုံက Vinyl အသားမျိုးဖြစ်နေရင်တော့ အ၀တ်လျှော်ဆပ်ပြာမျိုးနဲ့ ပွတ်လျှော်ပစ်လိုက် လို့လည်းရပါတယ်။
အရောင်လွင့်နေတာတွေပျောက်သွားဖို့
ကိုယ့်ကားအတွင်းပိုင်းက
ထိုင်ခုံတွေ၊ ကော်ဇောတွေအရောင်တွေလွင့်နေပြီဆိုရင် အမိုးနီးယား ဓာတ်ပေါင်းကိုအသုံးပြုပြီး
အရောင်ပြန်တင်လို့ရပါတယ်။ ပထမဆုံး အတွင်းပိုင်းက မလိုအပ်တဲ့ အရာတွေကိုရှင်းထုတ်လိုက်ပြီး
ထိုင်ခုံတွေနဲ့ အခင်းတွေကို တိုက်ချွတ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဓာတ်ပေါင်းကို သစ်သားအသုံးအဆောင်တွေပေါ်မှာတော့
အသုံးမပြုသင့်ဘူးဆိုတာ သတိပြုရပါမယ်။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

0 comments:
Post a Comment