မြန်မာဟင်းတွေက
ဟင်းတစ်ပွဲတည်းမှာတင် အရသာကိုစုံအောင် ချက်လေ့ရှိကျတယ်။ အဲလို ချက်ရာမှာလည်းဟင်းပွဲတိုင်းမှာ
ထိန်းပြီးချက်တာလေးတွေ အမြဲပါလေ့ရှိတာတွေ့ရတယ်။ ဥပမာ အသုပ် တစ်ပွဲ သုပ်ပြီ ဆိုရင် ဆီချက်ကိုအမြဲသုံးလေ့ရှိတယ်။
ကြက်သွန်ဖြူဆီချက်ဖြစ်စေ တစ်ခုခုကိုပေါ့။ လက် သုပ်ဖြစ်တဲ့အတွက် ဗိုက်မကောင်းဖြစ်မှာ
ဗိုက်နာမှာကိုထိန်းတဲ့သဘောလေးပါ။ တညင်းသီးလေးစားပြီ ဆိုရင် သခွားသီးလေးပါ ရောတို့တာမျိုး။
အဲ့ဒီလိုမျိုး ဟင်းတစ်ပွဲကိုသေချာစီစဉ်လေ့ရှိပါတယ်။
ဟင်းပွဲတွေကိုလည်း အချို၊ အချဉ်၊
အစပ် စသည်ဖြင့် အရသာစုံအောင် တွဲဖက်ပြီးချက်ကြတာ များ တယ်။ ကိုယ့်မီးဖိုချောင် စားစရိတ်ကို
ချင့်ချိန်ပြီးတော့ သားငါးလေးနဲ့ အသီးအရွက်လေး အခြောက် အခြမ်းလေးတွေပါအဆင်ပြေအောင်လည်း
ချက်ကြပါတယ်။ မိသားစုတစ်စုရဲ့ ကျန်းမာရေး၊ ၀င်ငွေ ထွက်ငွေဟာလည်း အိမ်တစ်အိမ်ရဲ့မီးဖိုချောင်က
အဓိကကျပါတယ်။ အဲဒါတွေအာလုံးက အမေဖြစ်တဲ့ အိမ်ထောင်ရှင်မက အရေးကြီးဆုံးပါပဲ။
အိမ်မှာက ဟင်းချက်တာ ၀ါသနာတူ တွေဆိုတော့ အမေလည်းသက်သာအောင် အားတိုင်း အချိန် ရတိုင်း ကူညီပေးကြတယ်။
သားသမီးတွေ အားလုံးစုပြီး ပျော်ပျော်ရွှင်ရွှင်ချက်ကြ ပြုတ်ကြတာလည်း စိတ် အပန်းဖြေစရာတစ်ခုပါပဲ။
ဒီတစ်ပတ်လည်း အမေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ချက်တာလေးတွေကို ပြော လိုက်ဦးမယ်။ အဓိကဟင်းကိုတော့
ကကတစ်ငါး ဟင်း ချဉ်စပ်လေးချက်မယ်။
ကကတစ်ငါး သုံးဆယ် သား တစ်ကောင်ကို အကြေးထိုး ရေစင်အောင်ဆေး
အနေ တော် တုံးထား ပီးရင် ငရုတ်သီးစိမ်းတောင့် နှစ် ဆယ် ကြက်သွန်နီဥကြီးတစ်လုံး မရမ်းပြားခြောက်
ခုနစ်ခု လောက်နဲ့ စိမ်း စားငါးပိစားပွဲတင်ဇွန်း တစ်ဝက်လောက် ကို ရောထောင်း။ ဆီနည်းနည်းနဲ့
နနွင်းမှုန့် လက်ဖက် စားဇွန်း တစ်ဝက်လောက်ပါ ထည့်ပြီး ငါးကို နှံ့အောင် ဆယ်မိနစ်လောက်နှပ်ထား
အိုးထဲကိုနှစ်ထားတဲ့ငါးနဲ့ ရေလေး နည်းနည်းနည်းထည့်ပြီး
ဆူအောင်တည်။ သတိထားရမှာတော့ ဆူလို့အငွေ့မထွက်မချင်း အိုးဖုံးကို မဖွင့်ပါနဲ့။ ဆီစိမ်းနံ့
နံ့ပြီး စားလို့အဆင်မပြေတော့ပါဘူး။ ဆီစိမ်းနံ့ပျောက်အောင် လုံးပြီးရင် ရေထည့်ပြီး ငါးနဲ့
အဆာပလာတွေနူးအောင်တည် ဆီလည်ရေလည်လောက်ဖြစ်ပြီဆို အရသာမြည်းကြည့်လိုက်လို့ စိတ်ကြိုက်
ရပြီဆိုရင်တော့ ရှမ်းနံနံ အနံ့မွှေးမွှေးလေးနဲ့ ချဉ်ချဉ်စပ်စပ်ငါးဟင်းတစ်ပွဲတော့ အိုကေပြီပေါ့။
ပြီးတော့ ပုဇွန်ဘော့ ချိတ်လေး ငါးကျပ်သားလောက်ကို အခွံခွာ ကြက်သွန်နီဥလက် တစ်ဥလောက် ကို
ခပ်ထူထူလှီးထား။ ကင်းပုံရွက် ကိုတော့သင်ပြီး ရေဆေးထား။ ရေနွေးဆူဆူပါထည့်ထားရင်တော့
ပို အဆင်ပြေတာပေါ့။ အိုးထဲကိုဆီနည်းနည်း ထည့် ဆီပူလာရင်ကြက်သွန်နီလှီးထားတာကိုထည့်ပြီး
စိမ်းနံ့ ပျောက်အောင်ဆီသတ်။ ခွာထားတဲ့ ပုဇွန်ထည့်၊ ငံပြာရည်ပါသင့်ရုံတစ်ခါတည်းထည့် ကင်းပုံရွက်ပါ ထည့်ပြီးလုံး
ရေနွေးကိုလိုအပ်သလောက်ထည့်ပြီး ဆူလာပြီး အပေါ့အငံမြည်းကြည့်လို့ အဆင်ပြေရင် မီးဖိုပေါ်က
ချလို့ရပါပြီ။ အရသာလိုရင်တော့ ကြက်သားမှုန့် နည်းနည်း လိုက် လိုက်ရုံပေါ့။
ပဲကြီးဆူးပုတ်နှပ်အတွက်တော့
ပဲကြီးရေစိမ်အစိတ်သား ဆူးပုတ်ရွက်တစ်စည်းလောက်ပဲ လိုပါတယ်။ ကျန်တာကတော့ အိမ်တိုင်းရဲ့
မီးဖိုချောင်ထဲမှာရှိပြီးသားတွေပါပဲ။ ပဲကြီးကိုရေစင်စင်ဆေးပြီး မ ကောင်းတာတွေဖယ် ရေစစ်ထား
ဆူးပုတ်ရွက်သင်ထား ကြက်သွန်နီဥကြီးတစ်ဥလောက်ကို အနေတော် လှီးထားအိုးထဲကိုဆီထည့်ပြီး
ကြက်သွန်နီကို အရင်ဆုံးကြော်ပြီးရင် ဆယ်ထား ဆူးပုတ်ရွက်ကိုလည်း စိမ်းနံ့ ပျောက်အောင်ခဏထည့်လုံးပြီး
ဆီစစ်ဆယ်ထားပါ။ ခုနဆီထဲကို ပဲကြီးနဲ့နနွင်းမှုန့်နည်းနည်းထည့်ပြီး ပဲကြီး စိမ်းနံ့ပျောက်အောင်
သုံးမိနစ်လောက်မွှေပေးပါ။ ရေနည်းနည်းချင်းစီထည့်ပြီး နူးလာအောင်နှပ်ထားပါ။ ဆားနဲ့ကြက်သားမှုန့်
သင့်ရုံထည့်ထားပါ။ ပဲကြီးနူးလာပြီး ရေခန်းပြီဆိုရင် ခုနကလုံးထားတဲ့ဆူးပုတ်ရွက် ထည့်ပါ။
နှံ့အောင်မွှေပေးပြီး အရသာစိတ်ကြိုက်ရပြီဆိုရင် ပန်းကန်ထဲထည့်ပြီး ကြော်ထားတဲ့ ကြက်သွန်နီ
ကြော်လေးဖြူးပေးလိုက်ရင် ပဲကြီးဆူးပုတ်နှပ်ကတော့ အဆင်ပြေပြီပေါ့။
ဒီတစ်ပတ်တော့ အမေနဲ့အတူ
ဒီလောက်ပဲ တော်ပြီဗျာ။ ကကတစ်ငါးချဉ်စပ် မွှေးမွှေးလေးရယ် ပုဇွန်ကင်းပုံရွက်ဟင်းချို ချိုချိုပူပူလေးရယ်
ပဲကြီးဆူးပုတ် နှပ်ဆိမ့်သက်သက်လေးရယ်ဆိုရင်တော့ အများကြီးလည်း ငွေကုန်ကြေးကျမများပဲ
မိသားစု ထမင်းဝိုင်းအတွက် အရသာစုံစုံဟင်းပွဲလေးတွေရယ်နဲ့ အဆင်ပြေလောက်မယ် ထင်ပါတယ်။
နောက်တစ်ပတ်မှ နောက်တစ်မျိုးထပ်ချက်ကြတာပေါ။့
Royal Chef
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape

0 comments:
Post a Comment