ရင်ထွားထွားအမျိုးသမီးတွေ ဖက်ရှင်ကျကျဝတ်ဆင်ဖို့










ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေပေါများလာတဲ့အချိန်မှာ ရင်သားကြီးကြီးအမျိုးသမီးတွေအတွက်ကတော့ အဲဒီဖက်ရှင်အသုံးဆောင်တွေကို ဆင်ယင်ရတာသူတို့ရဲ့ရင်သားက အရွယ်အစားကို ကန့်သတ်ထားတဲ့ အတွက်အနည်းငယ်ကသိကအောက်ဖြစ်စရာကောင်းလှပါတယ်။ အမျိုးသမီတစ်ယောက်စီက ကွဲပြားခြား နားကြသလို သူတို့ရဲ့လိုအင်ဆန္ဒတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူပဲကွဲပြားကြပါတယ်။ အရပ်ပုတဲ့အမျိုးသမီးတွေကအရပ်ရှည်ချင်ကြတယ်။ 

ဝတဲ့သူတွေကပိန်ချင်ကြတယ်။ အဲဒီလိုပဲ ရင်သားခပ်ကြီးကြီးအမျိုးသမီးတွေကလည်း မိန်းကလေးချင်း အမြင်မှာအားကျစရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူတို့ကိုယ်တိုင်ခံစားနေရတာကတော့ အ၀တ်အစား အဆင်မပြေမှုပါ။ အဲဒီတော့ ဘယ်လောက်ပဲအရွယ်အစား၊ အလိုဆန္ဒကွဲပြားနေကြပါစေ။ အားလုံးရဲ့ ဦးတည်ချက်က ''ဖက်ရှင်ကျဖို့''ပဲ ဖြစ်ပါတယ်။ အဲဒီတော့ရင်သားကြီးကြီးမျိုးသမီးတွေအနေနဲ့ ဖက်ရှင်နဲ့ ပတ်သက်လာရင် အ၀တ်အစားကိုဘယ်လိုဝတ်ဆင်ကြမလဲ။ 

ဘရာစီယာကောင်းတစ်ထည်
အမျိုးသမီးအများစုက အပြင်ပန်းကဘယ်လောက်ပဲဖက်ရှင်ကျကျ ၀တ်ဆင်ထားပေမယ့် ဘရာစီယာ ကိုတော့မှားယွင်းစွာရွေးချယ်တက်ကြလေ့ရှိပါတယ်။ ကိုယ်နဲ့အရွယ်အစားမမျှတဲ့ ဘရာစီယာတွေ၊ အရည် အသွေးညံ့ဖျင်းတဲ့ ကျုံ့နိုင်ဆန့်နိုင်အားနည်းတဲ့ ဘရာစီယာတွေကို ၀တ်ဆင်လေ့ရှိပါတယ်။ ရင်သားထွား တဲ့အမျိုးသမီးတစ်ယောက်အတွက်ကတော့ ဘရာစီယာကောင်းကောင်း တစ်ထည်ရွေးချယ်ဖို့က အဓိကကျ ပါတယ်။ ရင်သားအပြည့်ဖုံးကွယ်ပေးတဲ့ ဘရာစီယာမျိုးကတော့ရင်သားထွားတဲ့ အမျိုးသမီးတွေ အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ 

လည်ပင်းပုံသဏ္ဍာန်
ကိုယ့်ရဲ့ကြီးမားတဲ့ရင်သားကို ဖုံးကွယ်ချင်သူများအနေနဲ့ အင်္ကျီပုံသဏ္ဍာန်ရွေးချယ်မှုကလည်း အဓိကကျ ပါတယ်။ ကိုယ့်ရဲ့လည်ပင်းမှာ ဟန်ချက်ညီညီဖြစ်နေစေဖို့''ဗွီ''ပုံသဏ္ဍာန် အင်္ကျီလည်ပင်းမျိုးရွေးချယ်ပါ။ အဲဒီ''ဗွီ''ပုံသဏ္ဍာန်အင်္ကျီလည်ပင်းက ခန္ဓာကိုယ်မှာအံဝင်ခွင်ကျဖြစ်နေသယောင်နဲ့ကြီးမားတဲ့ ရင်သားကို ဖုံးကွယ်ပေးပါတယ်။ ဒါမှမဟုတ် ဖန်စီဆွဲကြိုးအကြီး လည်စည်းပ၀ါတို့ကိုသုံးပြီး ကြီးမားတဲ့ရင်သား ကိုဖုံးကွယ်ထားနိုင်ကြပါတယ်။ 

ဂျာကင်အင်္ကျီ
ဂျာကင်အင်္ကျီတွေကလည်း ရင်သားကြီးတဲ့အမျိုးသမီးတွေအတွက် အဆင်ပြေတဲ့အင်္ကျီဖြစ်ပါတယ်။ ဒါပေမယ့် ဂျာကင်အင်္ကျီရွေးချယ်မှုလည်းအဓိကကျနေပါတယ်။ ခန္ဓာကိုယ်ရဲ့အလှကို သေချာတိကျစွာ ပေါ်လွင်နေစေဖို့ ခန္ဓာကိုယ်မှာကွက်တိအံဝင်ခွင်ကျဖြစ်တဲ့ ဂျာကင်အင်္ကျီမျိုးကိုရွေးချယ်ပါ။ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ ဂျာကင်အင်္ကျီမျိုးကသာ သဲနာရီပုံသဏ္ဍာန်ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုပြီးပေါ်လွင်စေပြီးခန္ဓာကိုယ်သွယ်လျသွားသယောင်ထင်ရစေပါတယ်။

ခါးပတ်
သာမန်ထသွားထလာဝတ်စုံလေး ဒါမှမဟုတ် ရိုးရှင်းတဲ့တွယ်တာလေးမှာ ခါးပတ်လေးတစ်ခုထည့်သွင်း ၀တ်ဆင်လိုက်ခြင်းက အ၀တ်အစားကိုလုံးဝပုံပြောင်းသွားစေပါလိမ့်မယ်။ မှန်ကန်တဲ့ခါးပတ်ရွေးချယ်မှုက အဓိကကျပါတယ်။ ကြီးမားတဲ့ရင်သားက ခါးကိုအနည်းငယ်တိုသွားသယောင် တုတ်သွားသယောင်ဖြစ်စေ တဲ့အတွက် ခါးပတ်ကိုစနစ်တကျအသေးစိတ်ရွေးချယ်ပေးပါ။ အနည်းငယ်ကြီးမားကျယ်ပြန်တဲ့ခါးပတ်တွေက ခါးကိုသေးသိမ်သွားသယောင် အနည်းငယ်ရှည်သွားသယောင် ဖြစ်စေတဲ့အတွက် ရင်သားကြီးမားတဲ့ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံဖြစ်ပါတယ်။

အရောင်ရွေးချယ်မှုကအရေးကြီးတယ်
အရောင်ရင့်တွေက လူတစ်ယောက်ကိုသာမန်ထက်ပိုပြီးသေး သွယ်သွားစေတယ်ဆိုတာ ဖက်ရှင်ချစ် သူတွေအဖို့ပြောစရာမလိုတော့ပါဘူး။ အဲဒီလိုပဲရင်သားကြီးတဲ့ အမျိုးသမီးတွေအနေနဲ့ ရင်သားကို အနည်း ငယ်သေးသွယ်သွားသယောင်ဖြစ်စေတဲ့အတွက် အရောင်ရင့်တွေကိုရွေးချယ်ဝတ်ဆင်ပါ။ ခန္ဓာကိုယ် အထက်ပိုင်းအရောင်ရင့်ဝတ်ဆင်တဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းကို အရောင်နုဝတ်ဆင်ပါ။ အဲဒါမှ ခန္ဓာကိုယ်ကို စည်းချက်ကျကျနဲ့လှပစေပါလိမ့်မယ်။

ကြယ်သီးရွေးချယ်မှု
ကြယ်သီးတစ်လုံးကလည်း အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်လှပမှုကိုထောက်ပံ့ပေးတယ်ဆိုရင် အံ့သြသွားမလားမသိဘူး။ ကြယ်သီးတစ်လုံးနဲ့တစ်လုံး အကွာအဝေးလေးကလည်း လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပြောင်းအလဲဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ ရင်သားကြီးကြီးနဲ့ အမျိုးသမီးတွေအနေနဲ့ကြယ်သီးအကွာအဝေး မဝေးလွန်းမနီးလွန်း အကွာအဝေးမျိုး ရွေးချယ်ဝတ်ဆင်ပါ။

အစင်းကြားဝတ်ဆင်တဲ့အခါ
သေးငယ်တဲ့အစင်းကြားလေးတွေက ကြီးမာတဲ့ရင်သားကို နဂိုထက်ပိုပြီးကြီးသွားသယောင်ဖြစ်စေပါတယ်။ အဲဒါကြောင့် အစင်ကြားကြီးကြီး အဆင်မျိုးကို ရွေးချယ်ဝတ်ဆင်ဖို့လိုပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment