Gym ကစားတဲ့အခါ ဘယ်လိုဝတ်မလဲ…











ပွဲလမ်းသဘင်တွေမှာဖက်ရှင်ကျဖို့ အ၀တ်အစားတွေရွေးချယ်ကြတယ်။ ထသွားထလာမှာလည်း ဖက်ရှင်ကျ ဖို့အတွက် အ၀တ်အစားတွေရွေးချယ်တယ်။ အဲဒီလိုပါပဲ အားကစားရုံသွားပြီးလေ့ကျင့်ခန်း လုပ်ဖို့မှာလည်း အထာကျကျသွားဖို့ အ၀တ်အစားရွေးချယ်ကြတယ်။ ဒါပေမဲ့ တခြားပွဲလမ်းသဘင်တွေနဲ့ မတူတာကတော့ ဘာဝတ်ရမယ်ဆိုတာဆုံးဖြတ်ရမလွယ်ကူပါဘူး။ ကြည့်ကောင်းရမယ်။ ခန္ဓာကိုယ်မှာလည်းပေါ့ပါးနေရမယ်။ ပြီးတော့ အားကစားရုံ (Gym) အတွက် အဆင်ပြေတဲ့အင်္ကျီမျိုးလည်းဖြစ်ရမယ်ပေါ့။ အဲဒီတော့ Gym ကစားတဲ့အခါမှာ ဘာဝတ်ကြမလဲ။

နာမည်ကြီးတံဆိပ်တွေ ၀တ်ဆင်စရာမလိုပါ
အားကစားလုပ်ပြီဆိုတော့ ဘယ်အားကစားဖြစ်စေချွေးအနည်းနဲ့ အများတော့ထွက်မှာသေချာပါတယ်။ အဲဒီလိုချွေးထွက်တဲ့နေရာကို ကြွားဝါဖို့လောက်ပဲနာမည်ကြီး  Branded  အ၀တ်အစားတွေ ၀တ်ဆင် သွားမှာပါလား။

100% Cotton တွေရှောင်ပါ
ချည်သားက Gym ကစားသူတွေအတွက် ၀တ်ဆင်ဖို့တင့်တယ် သလိုထင်ရပေမယ့် တကယ်တမ်းတော့ Gym ကစားတဲ့အခါ ချည်သားစစ်စစ်အ၀တ်အစားတွေကို အတက်နိုင်ဆုံးရှောင်တာကောင်းပါတယ်။ ချည်သားတွေကအစိုဓာတ်ကိုအလွယ်တကူ လျှင်မြန်စွာစုပ်ယူနိုင်တဲ့အတွက် အဲဒီဘက်က ခန္ဓာကိုယ်မှာကပ်နေပြီးချွေးခြောက်ဖို့အချိန်ကြာသွားစေပါလိမ့်မယ်။ အဲဒီအတွက် ချည်သားသီးသန့်အစား ချည်အရောအ၀တ်အစားမျိုးကိုသာဝတ်ဆင်ပါ။

အတွင်းခံဝတ်စုံကအရေးကြီးတယ်။
အားကစားလုပ်တဲ့အခါ သက်တောင့်သက်သာရှိနေစေဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဝရှိဖို့က အတွင်းခံအ၀တ်အစားက အရေးကြီးပါတယ်။ အရည်အသွေးကောင်းပြီး ခန္ဓာကိုယ်ကို ကောာင်းကောင်းထောက်ပံ့ပေးနိုင်တဲ့အတွင်း ခံဝတ်စုံက Gym ကစားတဲ့အခါ ခန္ဓာကိုယ်လှုပ်ရှားမှုကို ပိုပြီးအထောက်အပံ့ဖြစ်စေပါလိမ့်မယ်။

မိတ်ကပ်လိမ်းခြင်းရှောင်ပါ
မိတ်ကပ်လိမ်းတယ်တာ ဖက်ရှင်ကျတယ်ဆိုပေမယ့် Gym ကစားရင်တော့ မိတ်ကပ်လိမ်းစရာမလို တာပြော စရာလိုတော့ပါဘူး။  အားကစားထက် လိမ်းခြယ်ထားတဲ့မိတ်ကပ်ကို အာရုံရောက်နေတဲ့အခွါပာ ကစားတဲ့ အခါအာရုံများလာပြီး တစ်ခါတရံ ချွေးထွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစိတ်ကို လျော့နည်းလာစေ ပါတယ်။ ဒါတင်မကပါဘူး။ ချွေးသုပ်တဲ့အခါမိတ်ကပ်အရောင်များက အ၀တ်အစားမှာစွန်းထင်းလားပြီး သန့်ရှင်းရေးလုပ်တဲ့အခါ ဒုက္ခရောက်စေပါတယ်။

ဖွချောင်လွန်းသောအ၀တ်အစားတွေရှောင်ပါ
နောက်ထပ် Gym ကစားတဲ့အခါ လိုက်နာရမယ့်စည်းကမ်းတစ်ခုကတော့ ခန္ဓာကိုယ်နဲ့ဖွချောင်လွန်းတဲ့ အ၀တ်တွေမ၀တ်ဖို့ပါပဲ။ ဖွချောင်လွန်းတဲ့အ၀တ်အစားတွေက ခနဓာကိုယ်အတွက်ထသွားထ လာလောက်မျှသာ အဆင်ပြေပြီး လွတ်လပ်ပေါ့ပါးနေစေမယ့် Gym ကစားတဲ့အခါ ဥပမာ အပြေးလေ့ကျင့် ခန်း၊ ကြိုးခုန်လေ့ကျင့်ခန်းလုပ်တဲ့အခါ ခြေလက်လှုပ်ရှားမှုကို အနှောင့်အယှက်ဖြစ်စေပြီး တစ်ခါတစ်ရံ ခန္ဓာကိုယ်လှုပ်ရှားမှုမှာ စိတ်အနှောက်ယှက်ဖြစ်စေပါတယ်။

ဖိနပ်ရွေးချယ်တဲ့ခါ
Gym ကစားတဲ့အခါ ဖိနပ်ရွေးချယ်မှုကလည်းအဓိကကျပါတယ်။ ကိုယ် Gym မှာဝတ်ဆင်တဲ့ဖိနပ်က ကိုယ် ထင်ထားတာထက်ကိုပိုပြီး အရေးကြီးပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုအားလုံးရဲ့ ဟန်ချက်ကို ထိန်သိမ်းပေးပြီး ခန္ဓာကိုယ်ကိုကောင်းစွာထောက်ပံ့ပေးနိုင်တဲ့ဖိနပ်ဖြစ်ဖို့ အရေးကြီးပါတယ်။

လက်ဝတ်ရတနာဝတ်ဆင်ခြင်းရှောင်ပါ 
ခန္ဓာကိုယ်ပေါ့ပါးသွက်လက်စေဖို့ ခန္ဓာကိုယ်အချိုးကျကျလှပစေ ဖို့ Gym ကစားတဲ့အခါ အာရုံစိုက်နိုင်ဖို့ အတွက် လက်ဝတ်ရတနာ အဆင်တန်ဆာတွေကိုဝတ်ဆင်ခြင်းရှောင်ပါ။ အဲဒီပစ္စည်းတွေက Gym ကစားတဲ့အခါ ခန္ဓာကိုယ်ကို အနှောက်ယှက်ဖြစ်စေပြီး၊ စိတ်မပေါ့မပါးဖြစ်စေပါတယ်။

ခန္ဓာကိုယ်လိမ်းခရင်(မ်) လိမ်းခြင်းရှောင်ပါ
Gym ကစားနေစဉ်မိတ်ကပ်သာမကပါဘူး။ ခန္ဓာကိုယ်လိမ်းခရင် (မ်) Lotion တို့လိုမျိုးလိမ်းခြင်းရှောင်ပါ။ အဲဒီပစ္စည်းတွေရဲ့ ချွဲကျိစေတဲ့ ဂုဏ်သတ္တိတွေက ချွေးနဲ့ပေါင်းစပ်ပြီး ခန္ဓာကိုယ်ကို မသက်မသာဖြစ်စေ တဲ့အပြင် အားကစားလုပ်ခြင်းကိုလည်း အနှောက်အယှက်ဖြစ်စေပါတယ်။ 


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment