သွယ်လျတဲ့ခြေတံလေးတစ်စုံပိုင်ဆိုင်ချင်တယ်ဆိုပါတော့








ရှည်လျားပြီးသွယ်လျတဲ့ ခြေတံလေးတစ်စုံဆိုတာ မိန်းကလေးတိုင်းမျှော်လင့်တောင့်တကြတဲ့ ဆန္ဒတစ်ခုပါ။ နိုင်ငံခြားဇာတ်လမ်းတွဲတွေကြည့်ရင်း အတို၊ အပြတ်တွေဝတ်ဆင်လာတဲ့အခါမှာတော့ တစ်ချိန်က သတိ မပြုမေ့မေ့လျော့လျော့ဖြစ်နေခဲ့တဲ့ ကိုယ့်ရဲ့ပုပုကွကွ ခြေတံတစ်စုံကို အပြစ်တစ်ခုအနေနဲ့ပြင်လာကြပါပြီ။ ဒါပေမဲ့ ဖက်ရှင်ဆိုတာ လူတစ်ယောက်ရဲ့အသွင်အပြင်ကို လိုသလိုပုံသွင်းနိုင်တဲ့ လက်နက်အဖြစ် တင်စား လာကြတဲ့အခါမှာတော့ ပုပျက်ပျက်ခြေတံတိုတိုတွေက ပြဿနာတစ်ခုမဟုတ်တော့ပါဘူး။ အဲဒီတော့ ရှည်လျားသွယ်လျတဲ့ ခြေတံတစ်စုံပိုင်ဆိုင်ဖို့ ဘယ်လိုဖန်တီးကြမလဲ။

ကန့်လန့်စင်းအ၀တ်အထည်တွေရှောင်ပါ
နဂိုကတည်းကမှ အရပ်ပုတဲ့လူက ကန့်လန့်စင်းဝတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ကိုကန့်လန့်ဖြတ် ချုပ်လိုက် သလိုဖြစ်ပြီး ပိုပြီးပုသွားသယောင်ဖြစ်လာပါတယ်။ အဲဒါကြောင့် အ၀တ်အစားဝတ်တဲ့အခါ အတတ်နိုင်ဆုံး ကန့်လန့်စင်းအ၀တ်အစားတွေကိုရှောင်ပါ။ အဲဒီအ၀တ်အစားတွေက ခန္ဓာကိုယ်ကို ပုသွား သယောင်ဖြစ်တဲ့ အပြင် ခြေထောက်တွေကိုလည်း တိုပြီးတုတ်သွားသယောင်မြင်ရစေပါတယ်။

ဒေါက်ဖိနပ်ဝတ်ဆင်ပါ
သွယ်လျပြီး ရှည်လျားတဲ့ခြေတံရှည်လေးပိုင်ဆိုင်ဖို့နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ ဒေါက်မြင့် ဖိနပ်ဝတ်ဆင်ဖို့ပါပဲ။ ဒေါက်ဖိနပ်က ကိုယ့်ရဲ့နဂိုရှိရင်းစွဲ အရပ်ကို သိသိသာသာမြှင့်ပေးပါလိမ့်မယ်။ ဒေါက်ဖိနပ်ဝတ်ဆင်တဲ့အခါမှာလည်း ကိုယ့်ခန္ဓာကိုယ်ဟန်ချက်ကို သေချာထိန်းပေးနိုင်တဲ့ ဒေါက်ဖိနပ်မျိုးရွေး ချယ်ဝတ်ဆင်ပါ။ ဒါပေမဲ့ နေ့တိုင်းဒေါက်မြင့်ဖိနပ်မ၀တ်ဖို့သတိပြုပါ။ ဒေါက်ဖိနပ်အမြဲဝတ်ဆင်ခြင်းက ခြေကျင်းဝတ်ကိုထိခိုက်စေနိုင်ပါတယ်။

Bronzer အသုံးပြုပါ
မျက်နှာရဲ့လှပတဲ့မေးရိုး နှာတံဖော်ဖို့ Bronzer ကို အသုံးပြုကြသလို သွယ်လျလှပတဲ့ ခြေတံတစ်စုံကိုပိုင် ဆိုင်ဖို့ Bronzer ကို အသုံးပြုနိုင်ပါတယ်။ Bronzer ကို ခြေတံတစ်လျှောက်လိုအပ်တဲ့နေရာမှာ အလင်း အမှောင်ချိန်ညှိပြီး အသုံးပြုပေးပါ။ တကယ်လို့ ကိုယ်တိုင်မသုံးတတ်ရင်တော့ နားလည်တဲ့ပညာရှင်ဆီက အကူအညီယူတာအကောင်းဆုံးဖြစ်ပါတယ်။ ခြေထောက်တစ်ခုလုံး မလိမ်းမိဖို့တော့ သတိပြုပါ။

 စကပ်ဝတ်တဲ့အခါ
စကပ်၊ ဂါဝန်တို့ဝတ်ဆင်တဲ့အခါ သတိပြုထားဖို့ကတော့ ခြေမျက်စိကိုဖုံးအုပ်မနေစေဖို့ပါပဲ။ ခြေမျက်စိ၊ ခြေကျင်းဝတ်ကိုဖုံးကွယ်နေတာက ခြေထောက်ကိုတိုသွားသယောင်ထင်ရစေပါတယ်။ အဲဒါကြောင့် ခြေမျက်စိအပေါ်ထိရောက်တဲ့ ဂါဝန်၊ စကပ်လိုမျိုးရွေးချယ်ဝတ်ဆင်ဖို့သတိပြုပါ။ ဒူးခေါင်းဖုံး စကပ်ဝတ်ဆင် တာထက် ဒူးခေါင်းအထက်ပိုင်းရောက်တဲ့ စကပ်မျိုးရွေးချယ်ဝတ်ဆင်ပါ။

ဖိနပ်အရောင်ရွေးချယ်တဲ့အခါ
နောက်ထပ်ရှည်လျားသွယ်လျတဲ့ ခြေတံတစ်စုံပိုင်ဆိုင်ဖို့အတွက် ဖိနပ်အရောင်ရွေးချယ်မှုကလည်း အဓိက ကျပါတယ်။ သာမန်စီးနေကျအရောင်မှိုင်တွေထက် ခြေထောက်လှပမှုကိုပိုပြီးသတိထားမိစေမယ့် အရောင် နု၊ တောက်ပတဲ့အရောင်ကို ရွေးချယ်ဝတ်ဆင်ပါ။ တခြားအရောင်ရင့်တွေနဲ့မတူတာက တောက်ပတဲ့ အရောင်နုတွေက ခြေထောက်ကိုတိကျသေသပ်စေပါတယ်။

ဒေါင်လိုက်စင်းဝတ်ဆင်ပါ
 ဒေါင်လိုက်အစင်းကြောင်းတွေက ခြေထောက်ကိုဆွဲဆန့်သယောင်ဖြစ်စေတဲ့တွက် ပိုပြီးရှည်လျား သွားသယောင်ထင်ရစေပါတယ်။ ဒူးဖုံးဒေါင်လိုက်စင်းစကပ်၊ ခြေမျက်စိအပေါ်ဖုံး ဒေါင်လိုက်စင်းစကပ်၊ ထဘီစကပ်တွေက ခြေထောက်တိုသူများအတွက် အကောင်းဆုံးဝတ်စုံတွေဖြစ်ကြပါတယ်။

အရောင်တစ်ရောင်တည်း ၀တ်ဆင်ပါ
နောက်ထပ်သွယ်လျလှပတဲ့ ခြေတံတစ်စုံပိုင်ဆိုင်ဖို့အကောင်းဆုံးကတော့ အပေါ်အောက် အရောင် တစ်ရောင်တည်းဝတ်ဆင်ဖို့ဖြစ်ပါတယ်။ နူးညံ့ပြေပြစ်တဲ့အရောင်က မျက်စိကိုစွဲသွားစေပြီး ခြေထောက် ကိုဖုံးကွယ်ပေးထားသယောင်ထင်ရစေပါတယ်။ အရောင်တစ်မျိုးတည်းဝတ်ဆင်တဲ့အခါ အရောင်နုဖြစ် ဖို့တော့လိုအပ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ကိုယ့်စိတ်တိုင်းကျ ၀တ်ဆင်ပြီးသွားတဲ့အခါမှာ ကိုယ့်စိတ်ကိုယ် အတတ်နိုင် ဆုံးဖြေသိမ့်ဖို့ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ခန္ဓာကိုယ်ကို မတ်မတ်လျှောက်ပါ။ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ စကားပြောပါ။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment