ချစ်သူနဲ့ဒိတ်လုပ်ရင်ဘာဝတ်မလဲ











ဖက်ရှင်နဲ့ပတ်သက်လာတဲ့အခါ အ၀တ်အစားရွေးချယ်ရတာ ပြဿနာတစ်ခုပါ။ အထူးသဖြင့် အရေးကြီး ချိန်းဆိုတဲ့နေရာတွေသွားရင်ပေါ့။ သူငယ်ချင်းတွေနဲ့သွားတဲ့အခါလည်း သူငယ်ချင်းတွေနဲ့တွေ့တဲ့အလျောက် ပွဲလမ်းသဘင်တွေမှာလည်း သူ့နေရာနဲ့သူ။ နောက်တစ်ခုကတော့ ပထမဦးဆုံးဒိတ်လုပ်တဲ့အခါမျိုးမှာပေါ့။ 

အပြင်မှာ တစ်ခါမှမတွေ့ဖူးကြတဲ့လူနှစ်ယောက်တွေ့ဆုံတဲ့အခါ ပထမဆုံးအမြင်၊ ပထမဆုံး ခံစားချက်က အရေးကြီးပါတယ်။ သူငယ်ချင်းတွေနဲ့တွေ့သလို ပေါ့ပေါ့ပါးပါးချည်းလည်း မ၀တ်ချင်ဘူး။ ၀တ်တဲ့အခါမှာ လည်း အရမ်းကြီး အလွန်အမင်းလိင်ပိုင်းဆိုင်ရာဆွဲဆောင်တာမျိုးမဖြစ်ဖို့၊ ဒိတ်လုပ်တဲ့လူလည်း မျက်လုံးထဲ မှာစွဲကျန်ရစ်နေစေဖို့ စသည်ဖြင့် မိန်းကလေးတစ်ယောက်အတွက် စဉ်းစားရကြပ်လှပါတယ်။ အဲဒီတော့ ပထမဆုံးဒိတ်အတွက်စိတ်ဖိစီးမှုတွေများမနေပါနဲ့။ အခုပြောပြမယ့်နည်းလမ်းကောင်းလေးတွေကို လေ့လာကြည့်ပါ။

ဘာအရောင်ရွေးမလဲ
အရောင်ရွေးချယ်မှုက အရေးကြီးပါတယ်။ ကိုယ့်စိတ်ထဲဘာအရောင်ဝတ်ရမလဲ မတင်မကျဖြစ်နေတဲ့အခါ အနီရောင်ကိုသာရွေးချယ်လိုက်ပါ။ အနီရောင်က အချစ်နဲ့စိတ်ကူးယဉ်မှုကိုကိုယ်စားပြုပါတယ်။ ယောက်ျားလေးအများစုကလည်း အနီရောင်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်က ဆွဲဆောင်မှုရှိတယ်၊ တောက်ပပေါ်လွင်တယ်ဆိုတာ လက်ခံထားကြပါတယ်။ အင်္ကျီ၊ ဘောင်းဘီအားလုံး အနီရောင်ဝတ်ရ မယ်လို့မဆိုလိုပါဘူး။

သက်သောင့်သက်သာဖြစ်တာဝတ်ဆင်ပါ
မတွေ့ဖူးတဲ့လူနှစ်ယောက်တွေ့ ပြီဆိုမှတော့ အနည်းနဲ့အများစိတ် မသက်မသာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်မှာသေချာပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ တင်းကြပ်တဲ့အ၀တ်အစားတွေက လူကိုပိုပြီး စိတ်မ သက်မသာဖြစ်စေပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ်တိုင်သက်သောင့်သက်သာနဲ့ နေရထိုင်ရချောင် ချိတဲ့ အ၀တ်အစားမျိုး ၀တ်ဆင်ဖို့လိုပါတယ်။ သတိထားရမှာက ဒီလိုအချိန်မျိုး ဒေါက်ဖိနပ်အမြင့် ထိပ်ပိတ်ဒေါက် ဖိနပ်တွေလိုမျိုးမ၀တ်ဆင်ဖို့ပါပဲ။

စိတ်ပူပင်မနေပါနဲ့
ယောက်ျားလေးတွေက အ၀တ်အစားလာကြည့်တာမဟုတ်ပါဘူး။ လူအချင်းချင်း လက်ခံစကားပြောဖို့ လာတယ်ဆိုတာ သတိရပါ။ အဲဒါကြောင့် ကိုယ့်အ၀တ်အစားရဲ့နာမည်ကြီးတံဆိပ်တွေ၊ နာမည်မကြီး တံဆိပ်တွေအတွက် စိတ်ပူပန်နေစရာမလိုပါဘူး။ ကိုယ်ဝတ်ဆင်ထားတဲ့ အ၀တ်အစားနဲ့ကြည့်ကောင်းသ၍ ဒါကိုယ့်ရဲ့ပထမဦးဆုံးအမြင်ပါပဲ။

မိန်းကလေးဆန်ဆန်ဝတ်မယ်ဆိုရင်
ဂျင်းဘောင်းဘီမ၀တ်ဘဲ မိန်းကလေးဆန်ဆန်ဝတ်ဖို့ စဉ်းစားတဲ့အခါ စကပ်ဒါမှမဟုတ် မြန်မာဝတ်စုံ လိုမျိုးရွေးချယ်နိုင်ပါတယ်။ သာမန်ဝတ်စားနေကျ အပြင်အဆင်တွေထဲက ကွဲလွဲသွားပြီး စကပ်ဝတ်တဲ့အခါ ယောက်ျားလေးတစ်ယောက်အဖို့ ဆွဲဆောင်မှုရှိသွားစေသလို မြန်မာဝတ်စုံကလည်း ယဉ်ယဉ် ကလေးနဲ့ ဆွဲဆောင်မှုရှိသွားစေပါလိမ့်မယ်။

ဒေါက်ဖိနပ်ဝတ်ဆင်ပါ
နောက်ထပ်ယောက်ျားလေးတွေအတွက် ဆွဲဆောင်မှုရှိစေတာကတော့ မနိမ့်လွန်း၊ မမြင့်လွန်းတဲ့ ဒေါက် ဖိနပ်တစ်စုံပါပဲ။ ဒေါက်ဖိနပ်တစ်စုံက မိန်းကလေးတစ်ယောက်ရဲ့ ကောက်ကြောင်းအလှကို ပိုပြီးပေါ်လွင်စေ သလို မိန်းမဆန်ဆန်နဲ့ အမြင်လှသွားစေပါလိမ့်မယ်။ ဒေါက်အမြင့်ကိုတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ ကိုယ် ဟန်ချက်ထိန်းထား နိုင်လောက်မယ့် ဒေါက်အမြင့်မျိုး ရွေးချယ်ဖို့အဓိကလိုအပ်ပါတယ်။

သင့်တော်တဲ့ဝတ်ဆင်မှုပြုလုပ်ပါ
ဒေါက်ဖိနပ်၊ စကပ်စတာတွေက ဒိတ်လုပ်တဲ့အခါ အသင့်တော်ဆုံး ၀တ်စားဆင်ယင်မှုတွေဖြစ်ပေမယ့် နေရာပေါ်လိုက်ပြီးဝတ်ဆင်ဖို့က အရေးကြီးပါတယ်။ ဥပမာ ဘုရားသွားတဲ့အခါ မြန်မာဝတ်စုံလိုမျိုး ရွေးချယ်ဖို့လိုအပ်သလို နေရာပေါ်မူတည်ပြီး ရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။

အလွန်အကျွံမဖြစ်ပါစေနဲ့
ကိုယ်ကအခုမှလူတစ်ယောက်အပြင်မှာဆုံဖူးတာ၊ စကားပြောဖူးတာဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ အကြိုက်အမြင်ကိုသေချာမသိနိုင်သေးတဲ့အတွက် ၀တ်စားဆင်ယင်မှုအပြင်အဆင်ကို အလွန်အကျွံမဖြစ်စေ ဖို့ အထူးသတိပြုဖို့လိုပါတယ်။ သဘာဝကျကျ ရိုးရိုးယဉ်ယဉ်လေးသာဝတ်ဆင်ဖို့ အမြဲသတိပြုပါ။

မိတ်ကပ်အလွန်အကျွံပြင်ခြင်းရှောင်ပါ
မိတ်ကပ်ပြင်ဆင်မှုက မိန်းကလေးတစ်ယောက်ရဲ့ စွမ်းအားပြင်းလက်နက်လို့ဆိုနိုင်ပေမယ့် ပထမဆုံးဒိတ် လုပ်တဲ့အခါမျိုးမှာတော့ အလွန်အကျွံမပြင်မိစေဖို့ အထူးသတိထားပါ။ သဘာဝကျကျ ခပ်ပါးပါးလေးသာ ပြင်ဆင်တာအကောင်းဆုံးဖြစ်ပါတယ်။

အလွန်အကျွံမဖော်ပြပါနဲ့
မိန်းကလေးအများစု ထင်မြင်လေ့ရှိတဲ့ လွဲမှားတဲ့အမှားအယွင်းကြီးတစ်ခုကတော့ ကိုယ့်ခန္ဓာကိုယ်အလှကို အလွန်အမင်းဖော်ပြခြင်းက ယောက်ျားလေးတစ်ယောက်ကို ဆွဲဆောင်နိုင်တယ်ဆိုတဲ့ အယူအဆပဲဖြစ်ပါ တယ်။ ပထမဆုံးဒိတ်အတွက် အ၀တ်အစားရွေးချယ်ရာမှာ အဲဒီအ၀တ်အစားက ကိုယ်ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ပြနိုင်တဲ့ ရင်းနှီးဖော်ရွေတဲ့အသွင်ဆောင်နေဖို့လည်းလိုပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment