ကားကိုကိုယ်တိုင်မောင်းရတာကြိုက်တယ်…ဆုမြတ်နိုးဦး
=====================
ကားကတော့မြတ်နိုးအတွက်မရှိမဖြစ်လိုအပ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရှူတင်သွားတဲ့အခါမှာ မြတ်နိုး
အ၀တ်အစား၊ မိတ်ကပ်ပုံး၊ ဖိနပ်ပုံးတို့ထည့်ဖို့အတွက် လိုအပ်တယ်။ နောက်ပြီးရှူတင်တစ်ခုနဲ့တစ်ခုသွားဖို့
အတွက်လည်းလိုတာပေါ့။ကားထဲမှာ မြတ်နိုးပစ္စည်တွေနဲ့ ပြည့်ကျပ်နေတာပဲ။အဲဒီတော့ ကားထဲမှာဘာပစ္စည်းမှမထည့်ဘူး။မျက်စိရှုပ်တယ်ရှင်းရှင်းလေးပဲထားတယ်။ ကားကိုကိုယ်တိုင်မောင်းရတာကြိုက်တယ်။Highwayသွားရင်တော့မောင်းပါတယ်။ ရန်ကုန်မြို့တွင်းဆိုရင်တော့မမောင်းဘူး။စိတ်မရှည်လို့ပါ။ကားတွေကကျပ်ကျပ်နဲ့ ဖြစ်နိုင်ရင်လမ်းလျှောက်ပြီးတော့တောင်သွားချင်တယ်။ မြတ်နိုးကကားဆိုရင်
အဖြူနဲ့အနက်ကိုပိုပြီးတော့ ကြိုက်တယ်။ အနီနဲ့အစိမ်းလည်းကြိုက်ပါတယ်။ ရှားတော့ ရှားတာပေါ့။
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

0 comments:
Post a Comment