ခြေသလုံးသား ချောချောပြောင်ပြောင်လေးဖြစ်ဖို့ အမွေးဘယ်လိုရိတ်ကြမလဲ
====================
မိန်းကလေးတွေအနေနဲ့
အမွေးရိတ်တယ်ဆိုတာ ခြေထောက်ပြောင်ပြောင်ချောချောလေးတွေ ခေတ်စားလာတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက
စတင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အပြစ်အနာအဆာကင်းတဲ့ ခြေထောက်လေးတွေက အလှအပအတွက်ကြီးမားတဲ့
လိုအပ်ချက်တစ်ခုဖြစ်လာပါပြီ။ အဲဒီတော့ လှပပြီး တောက်ပပြောင်လက်နေတဲ့ ခြေတံလေးတစ်စုံပိုင်ဆိုင်စေဖို့
အမွေး ဘယ်လိုရိတ်ကြမလဲ။
Shaving ခရင်မ်မသုံးမီ
အဆီတစ်မျိုးသုံးပါ
အမျိုးသမီးတွေအနေနဲ့
အမွေးရိတ်တဲ့အခါမှာ အကောင်းဆုံးနဲ့ အသုံးဝင်ဆုံး နည်းလမ်းတစ်ခုကတော့ အဆီသုံးစွဲဖို့ဖြစ်ပါတယ်။
Shaving ခရင်မ် မသုံးမီမှာ အဆီ တစ်မျိုးမျိုးသုံးပြီး အရေပြားနဲ့ မွေးညင်းလေးများကို
နူးညံ့ပျော့ပြောင်းအောင် ပြုလုပ်ပေးခြင်းက သင်တုန်းဓားဒဏ်ရာတွေကိုလည်း လျှော့ချပေးနိုင်မယ့်အပြင်
အရေပြားကိုလည်း တစ်ခါတည်း အစိုဓာတ်ဖြည့်ပေးပြီးသားဖြစ်ပါလိမ့်မယ်။ အုန်းဆီ၊ ဗန်ဒါစေ့ဆီ၊
သံလွင်ဆီ နှစ်သက်ရာသုံး ပေးနိုင်ပါတယ်။
အမျိုးသားသုံး
Shaving ခရင်မ်
အခုလို လူတွေရဲ့လိုအပ်ချက်
ကိုလိုက်ပြီး Cosmetics ပစ္စည်းတွေ၊ Skin Care တွေ ထုတ်လုပ်လာပေမယ့် အမျိုးသမီးသုံး
Shaving ခရင်မ်ကတော့ နည်းပါးပါတယ်။ ဒါပေမဲ့ အမျိုးသားသုံး Shaving ခရင်မ် ကိုလည်း သုံးစွဲနိုင်ပါတယ်။
သင်တုန်းဓား
မကြာခဏလဲလှယ်ပေးပါ
သံချေးတက်နေပြီး
သုံးစွဲပါများလွန်းတဲ့ သင်တုန်းဓားက အမွေးရိတ်တဲ့အခါ ခြေထောက်အရေပြားကို ပိုပြီး ထိခိုက်နိုင်ခြေများပါတယ်။
သံချေးတက်နေတဲ့အတွက် ဘက်တီးရီးယားပိုး မွှားတွေနဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
အဲဒါကြောင့် သင်တုန်းဓားကို တစ်ခါသုံးဓားသုံးစွဲတာဖြစ်စေ၊ မကြာခဏ လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။
မကြာခဏလဲလှယ်ပေးမယ်ဆိုရင်တော့ သင်တုန်းဓားတစ်ခုကို အများဆုံး(၃)ကြိမ်သာ အသုံးပြုပေးပါ။
အမွေးမရိတ်ခင်
ကြေးချွတ်ပေးပါ
ပြည့်စုံလှပတဲ့ခြေထောက်လေး
ပိုင်ဆိုင်ချင်တယ်ဆိုရင် တော့ အမွေးမရိတ်ခင်မှာ အရေပြားမှာကပ်ညှိနေ သေးတဲ့ အရေပြားဆဲလ်အသေတွေကို
ဖယ်ရှားပေးနိုင်ဖို့အတွက် ပထမဦးဆုံး ကြေးချွတ်ပေးဖို့လိုပါတယ်။ ဒီလိုလုပ်ခြင်းက အမွေးရိတ်တဲ့အခါ
အရေးပြားထိခိုက်နိုင်ခြေနည်းပြီး အသားအရေကို ပိုပြီးချောမွေ့စေပါ လိမ့်မယ်။ သဘာဝအတိုင်း
ကြေးချွတ်ချင်သူတွေအနေနဲ့ အုန်းဆီနဲ့ သကြားညိုတို့ကိုသုံးပြီး ကြေးချွတ်နိုင် ပါတယ်။
အသားအရေကို
နူးညံ့ပျော့ပြောင်းနေပါစေ
အမွေးရိတ်တဲ့အခါ
အရေပြားပေါ်သင်တုန်းဓားနဲ့ တိုက်ရိုက်ထိတွေ့ပြီး ရိတ်လိုက်ခြင်းက အရေပြားကို ပွန်းပဲ့ဒဏ်ရာ၊
ဓားရှဒဏ်ရာတွေနဲ့ အရေပြားကို ပျက်စီးပြီးထိခိုက်နိုင်ခြေက ပိုများပါတယ်။ ဒီလိုပြဿနာတွေ
ကင်းဝေးစေဖို့အတွက်ကတော့ ခြေထောက်က အမွေးအမျှင်တွေကိုမရိတ်ခင်မှာ ခြေထောက်ကို ရေခပ်နွေး
နွေးလေးနဲ့စိမ်ထားပြီး ခြေထောက်အရေပြားနဲ့ မွေးညင်းပေါက်လေးတွေကို နူးညံ့ပျော့ပြောင်းနေပါစေ။
တစ်ကြိမ်တည်း/တပြိုင်နက်
ရိတ်ခြင်းရှောင်ပါ
ခြေတံလေးတွေကို
ပြီးပြည့်စုံပြီး တောက်ပပြောင်လက်နေစေဖို့အတွက် အမွေးရိတ်တဲ့အခါတပြိုင်နက် ရိတ်ပစ်လိုက်ခြင်း
ရှောင်ပါ။ ဒီလိုတစ်ခါတည်းအပြီးသတ်ရိတ်ခြင်းက ခြေထောက်မှာ ဓားဒဏ်ရာရစေဖို့ ပိုများပါတယ်။
ဘယ်လိုရိတ်မလဲ
ခြေထောက်က
အမွေးအမျှင် ရိတ်တယ်ဆိုပေမယ့် သူ့နည်းနဲ့ သူရှိပါတယ်။ ထိလွယ်ရှလွယ် အသားအရေ ပိုင်ရှင်တွေအနေနဲ့ကတော့
ခြေထောက်အောက်ခြေမှာ အပေါ်ဘက်သို့ ရိတ်ခြင်းက အရေပြားကို ထိခိုက်စေပါတယ်။ ဒဏ်ရာအနာတရဖြစ်စေပါတယ်။
ယားယံစေပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ခြေထောက်နဲ့ လားရာအတိုင်း အပေါ်မှ အောက်သို့
ရိတ်ချပါ။ ပြီးမှ အောက်ကနေ အပေါ်သို့ ပြန်ရိတ်ပေးပါ။ ဒီနည်းလမ်းလေးနဲ့ ခြေထောက်မှ အမွေးအမျှင်တွေကို
လုံးဝဖယ်ရှားပေးနိုင်ပြီး ဒဏ်ရာရခြင်းမှ ကင်းဝေးစေ ပါလိမ့်မယ်။
ဒဏ်ရာပေါ်ရိတ်ခြင်း
ရှောင်ပါ
ဒါက အမွေးအမျှင်ရိတ်သူတိုင်း
သိထားရမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တကယ်လို့ အမွေးရိတ်မယ့် နေရာမှာ ဒဏ်ရာအနာတရရှိနေတဲ့အခါ
အဲဒီနေရာကို ရိတ်ခြင်း ရှောင်ပါ။ တကယ်လို့ ဒဏ်ရာဖြစ်တဲ့ ဧရိယာတစ်ဝိုက်ကို ရိတ်မိရင်တော့
ပိုးဝင်နိုင်မယ့် အပြင်ဒဏ်ရာကို ကုသချိန်ပိုပြီး ကြာသွားနိုင်ပါတယ်။
အမွေးရိတ်ပြီးတဲ့အခါ
အမွေးရိတ်ပြီးတဲ့အခါမှာလည်း
ပြီးပြီးရော ထားလို့မရသေးပါဘူး။ ခြေထောက်အသားအရေမှာ ကိုယ် မမြင်နိုင်တဲ့ သင်တုန်းဓားဒဏ်ရာလေးတွေ
ရှိနေပါလိမ့်ဦးမယ်။ အဲဒီဒဏ်ရာလေးတွေကို ချောမွေ့သွား စေဖို့အတွက် သခွားသီးအနှစ် ဒါမှမဟုတ်
ထောပတ်သီး၊ သံလွင်ဆီတို့ကို လူးထားပေးပါ။ ဒီလိုလုပ်တဲ့ အတွက် အသားအရေကို အစိုဓာတ်ပြန်ဖြည့်ပေးနိုင်ပြီး
အသားအရေကို တင်းရင်းချောမွေ့စေပါလိမ့်မယ်။
သင်တုန်းဓားရွေးတဲ့အခါ
ပြီးပြည့်စုံတဲ့
ခြေတံလေးတစ်စုံပိုင်ဆိုင်စေဖို့ အမွေးရိတ်တဲ့အခါ သင်တုန်းဓားရွေးချယ်မှုကလည်း အရေး ကြီးပါတယ်။
ဈေးပေါပေါနဲ့ ခပ်များများရတဲ့ သင်တုန်းဓားထက်အရည်အသွေးကောင်းတဲ့ သင်တုန်းဓားကို ရွေးချယ်သုံးစွဲပေးပါ။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



0 comments:
Post a Comment