အရေးကြီးတဲ့အချက်အလက်တွေ စမတ်ဖုန်းနဲ့အတူ ပျောက်ဆုံးခဲ့ရင်








  အရေးကြီးအချက်အလက် တွေပါဝင်တဲ့ စမတ်ဖုန်းတစ်လုံး ပျောက်ဆုံးသွားပြီဆိုပါစို့။ ဘယ်ကစပြီး ဘယ် လိုအချက် အလက်တွေ ပြန်ရအောင် ယူနိုင်မလဲ"၊ စမတ်ဖုန်းမှာ လုံခြုံရေးဆိုင်ရာ အစီအမံ တွေ ထည့် သွင်းထားသည့်တိုင် မိမိ စမတ်ဖုန်းကို ပြန်ရဖို့ဆိုသည်မှာ လုံးဝ မကျန်းသေပါ။ ဒီလို ပျောက်သွားခဲ့ရင် အဓိ က ပြဿနာ က တန်ဖိုးရှိတဲ့ကိုယ်ရဲ့ စမတ်ဖုန်း အပြင် ထည့်သွင်းထားတဲ့ အချက် အလက်တွေ၊ ဓာတ် ပုံတွေ၊ Contact တွေဟာ၊  Message တွေဟာ ပြန်ရဖို့ ပိုမိုခဲယဉ်းသွားမှာ ဖြစ်ပါတယ်။ 

ဒီလို ပြဿနာမျိုးကိကြိုတင်ကာကွယ်ထားနိုင်ဖို့အတွက် Android မှာ Back apps တွေ များစွာရှိပါတယ်။ Backup ပြုလုပ် တဲ့အခါမှာ ဖုန်းမှာသီးသန့် ထည့် သွင်းထားတဲ့ SD card (service) ပေါ်ကို Backup ပြုလုပ်တာထက် internet connection အသုံးပြုပြီး Cloud Server (Service) တစ်ခုခု ပေါ်မှာ သိမ်းဆည်း ထားတာက ပိုပြီး Service ကိုအသုံးပြုပြီး ကိုယ့်ရဲ့ Setting တွေ၊ အချက်အ လက်တွေကို Backup ပြုလုပ် သိမ်းဆည်းထားပေးနိုင်မယ့် နည်း လမ်းတွေ၊ Apps တွေတစ်ပါတည်း ပါဝင်လာခဲ့ကြပါတယ်။ 

ဒါပေမယ့် အလယ်အလတ်အဆင့်နဲ့ တန်ဖိုး နည်း Android စမတ်ဖုန်းတွေမှာ တော့ ဒီလုပ်ဆောင်ချက် မပါ သလောက်နီးပါး အားနည်းသွားခဲ့ပါ တယ်။ ဒါကြောင့် Android OS သုံးပြုတဲ့ ဘယ်ဖုန်းအမျိုးအစားပဲ ဖြစ်ဖြစ် အလွယ်တကူ အသုံးပြု နိုင်ပြီး စိတ်ချလုံခြုံမှုရှိတဲ့ Gcloud လို့ခေါ်တဲ့ backup apps လေးကို ဖော်ပြပေးချင်ပါတယ်။ ဒီ Apps လေးကို အသုံးပြုပြီး ကြိုတင်Backup ပြုလုပ်ထားခြင်းအားဖြင့် ကိုယ့်ရဲ့ စမတ်ဖုန်းပျောက်သွားတဲ့ အခါမှာလည်း အရေးကြီးတဲ့ အချက် အလက်တွေကို နောက်ဖုံး တစ်လုံးအပေါ်ကို ချက်ခြင်း လွှဲပြောင်းရယူအသုံးပြု နိုင်ပါလိမ့် မယ်။

ပထမဆုံးဒီ Apps ဟာ cloud ပေါ်မှာ အချက်အလက် သိုလှောင် မှုပမာဏ 1GB အထိ အခမဲ့ အသုံးပြုနိုင် မယ့် Apps တစ်ခုဖြစ် ပါတယ်။ ဒီထက်ပိုပြီး လိုအပ်တယ် ဆိုရင်တော့ အခပေး ၀ယ်ယူ ရမှာပါ။ လိုအပ်တဲ့ ပမာ ဏအတိုင်း ၀ယ်ယူနိုင်သလို Unlimited အနေနဲ့လည်း ၀ယ်ယူအသုံးပြုနိုင် ပါလိမ့်မယ်။ Gcloud App ကို အသုံးပြုပြီး ဘာတွေ Backup  ပြုလုပ်နိုင်သ လဲဆိုရင် Contact, Call Log, Message, Photo, Video, Music, Documents, Calendars, System Setting, Browser Data အစရှိတဲ့အရာတွေ ကို  Backup ပြုလုပ်နိုင်ပါလိမ့်မယ်။

Gcloud ကိုအသုံးပြုဖို့ အတွက် ကိုယ့်ရဲ့ ဖုန်းမှာ Wifi သို့မဟုတ် Mobile Data ဖွင့် ထားပါ။ ပြီးရင် ကိုယ့်ရဲ့ Gmail အကောင့်နဲ့ Sign-up ပြုလုပ်ပါ။ Sign-up ပြုလုပ် တဲ့အခါမှာ Find My Android ဆိုတဲ့နေရာမှာ (Use Find My Android) လို့ကိုရွေးပြီး Done ကို နှိပ်ပေး ဒီလိုရွေးချယ်ခဲ့ခြင်းအား ဖြင့်စမတ်ဖုန်းပျောက် သွားတဲ့အခါ ကိုယ့်ရဲ့ Account နဲ့ ၀င်ထားတဲ့ Gcloude App ရှိနေသရွေ့တည် နေရာကို ပြန်လည် ရှာဖွေ နိုင်မှာ ဖြစ်ပြီး။ Wifi သို့မဟုတ် Mobile Data အသုံးပြုနေခဲ့ရင် ဖုန်းကို Ring မြည်အောင် ပြုလုပ်နိုင်ပါလိမ့် မယ်။ပြီးရင် Gcloud ရဲံ့Home (ဆိုတဲ့Tab) ကိုရောက်သွားမှာဖြစ် ပြီး လက်ရှိ ဖုန်းပေါ်က ဘယ်အရာ တွေကို backup ပြုလုပ်နေတယ်။   

Cloud ပေါ်မှာ သိမ်းဆည်းမှု ပမာဏ ဘယ်လောက်ကျန်သေး တယ်ဆိုတာ ပြသပေးနေမှာဖြစ်ပါ တယ်။ Home ရဲ့ ဘေးမှာရှိတဲ့ Data ဆိုတဲ့Tab နေရာမှာ ကိုယ် backupစ ပြုလုပ်ချင်တဲ့အရာတွေကို ရွေးချယ်ပေး ရမှာပါ။ ဒီနေရာမှာ backup ပြုလုပ်ချင်တဲ့အရာတွေပမာဏ ဘယ်လောက် ရှိတယ်၊ အရေအတွက်ဘယ် လောက်ရှိတယ် ဆိုတာလည်း ဖော်ပြပေးထားပါ လိမ့်မယ်။ အခ မဲ့ရရှိတဲ့ 1GB ပမာဏဟာ ကျွန်တော်တို့ အတွက် အရေးတကြီးလိုအပ်တဲ့ contact, call log, message, photo တွေအတွက် လုံလောက်နိုင်မဲ့ ပမာဏ ဖြစ်ပါတယ်။

backup ပြုလုပ်ဖို့ ရွေးချယ် ပြီးသွား ခဲ့ရင် Home ကိုပြန်သွားပြီး backup-now ကို နှိပ်ကာချက် ခြင်း backup ပြုလုပ်နိုင်ပါလိမ့်မယ်။  ဒါမှမဟုတ် ထိပ်ဆုံးက Tab တွေအားလုံးရဲ့ ဘယ်ဘာက်ထောင့် နားက menu ကိုနှိပ်ပြီး Setting ထဲကိုဝင်ပါ။ menu ထဲမှာတော့ နေ့စဉ် အလိုလျှောက် backup ပြုလုပ်မယ့် အချိန်၊နာရီကို အတိအကျ ၀င်ပြီး သတ်မှတ်ပေး ထားခြင်းအားဖြင့် သတ်မှတ်ချိန် ရောက်တာနဲ့ အလိုလျှောက် backup ပြုလုပ်အောင် ခိုင်းစေ ထားနိုင်ပါတယ်။ back up ပြုလုပ် ထားတဲ့ အချက် အလက်တွေကို ဖုန်းသစ်ပေါ်ကို Restore ပြန်လည် လုပ်ဖို့အတွက် Restore Tab ထဲကို ၀င်ပြီး backup ပြုလုပ်ခဲ့တဲ့ ဘယ် Device ပေါ်ကအလက်အလက်လဲဆိုတာ ရွေးချယ်ကာ အလွယ် တကူ restore ပြုလုပ်နိုင် ပါတယ်။

ဒါမှမဟုတ် https://www.gcloudbackup.com "ကနေ Gcloud မှာ Account ၀င်ရောက်ကာ ကိုယ် Backup ပြုလုပ်ထားတဲ့ အချက်အလက် တွေကို ကြည့်ရှု စီမံနိုင်ပါလိမ့်မယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment