ပိုပိုနဲ့ခဏတာ (အပိုင်း-၁)


လတ်တလော ဘာတွေလုပ်ဖြစ်နေလဲ။
နယ်ရှိုးတွေ၊ သီချင်းရေးတဲ့ အလုပ်လေးတွေ၊ အတွဲခွေဆိုဖို့ လက်ခံထားတာရှိတယ်။ ပို့ရဲ့ ဒုတိယစီးရီး ကိုလည်း PTL မှာ စပြီးတော့ Body တွေ တီးနေပါပြီ။

ဘယ်နှစ်ပုဒ်လောက်ပြီးသွားပြီလဲ။
Body ကတော့ ငါးပုဒ်ပဲ ပြီးသေးတယ်။ PTL မှာ Duty က လည်း အများကြီးမရဘူး။ ရတဲ့အချိန်လေးနဲ့ ပဲ ကပ်လုပ်နေရတာပါ။

Second စီးရီးမှာ ပထမစီးရီးနဲ့ ဘယ်လိုမျိုး ကွာခြားသွားမလဲ။
သီချင်းတွေ ကွာခြားချက်ကတော့ ဒုတိယစီးရီးမှာ ယောက်ျားဆန်တာလေးတွေပါမယ်။ အရင်ခွေမှာ ကတော့ မိန်းမရော ယောက်ျားရော ဆိုလို့ရတယ်။ ''ဒုက္ခ''ဆိုတဲ့သီချင်းကကျတော့ အသည်းကွဲလို့ အရက်မူး တယ်၊ အရက်သောက်တယ်။ အဲဒါက ယောက်ျားလေး Style ။ ''သူမအတွက်'' ကျတော့ ယောက်ျားလေး တွေအတွက် ခံစားချက်နဲ့ ရေးထားတာ။ တစ်ပုဒ်ကကျတော့ လောကကြီးကို ဂရုမစိုက်တဲ့ ပုံစံလေးပါ။ အဲဒီလှိုအပူန လေးတွေ ပါတယ်။ ကျန်တာတွေကတော့ အနုလေးတွေပါပဲ။ Music က အရမ်းကြီး ကွာသွားတာတော့ မဟုတ်ဘူး။ နားထောင်လိုက်တာနဲ့ မိုက်နေမယ်လို့တော့ ထင်ပါတယ်။

ဘယ်လို သီချင်းအမျိုးအစားလေးတွေပါမလဲ။
Pop ရယ်၊ Hard Rock လေးတွေ၊ Electro နည်းနည်းစပ်တာလေးတွေ၊ မြန်မာဆန်ဆန် Oldies Style လေးတွေ တစ်ပုဒ် နှစ်ပုဒ်ပြန်တီးမယ်။ (၁၄)ပုဒ်မှန်း ထားပါတယ်။ တေးရေးဆရာကတော့ တခြား တေးရေး ဆရာ အစ်ကိုတစ်ယောက်ရေးတဲ့ တစ်ပုဒ်ပါမယ်။ ကျန်တဲ့ (၁၃)ပုဒ်ကတော့ ကိုယ့်ဘာသာကိုယ် ရေးတာပါ။ Featuring က ''ဝေးမယ်ဆိုတာ သိရက်နဲ့'' ဆိုတဲ့ သီချင်းကို Rapping ထည့်မယ်။ နောက်သီချင်း တစ်ပုဒ်ကျ တော့ သူငယ်ချင်း စည်သူမင်းကို ဆိုခိုင်းဖို့ရှိတယ်။

Rapping လေးတွေ ထည့်ပြီးဆိုတော့ သီချင်းကို ဘယ်လိုမျိုးထူးခြားသွားတယ်လို့ထင်လဲ။
2009 Undergrond ၀င်ကတည်းက Featuring တွေဆိုဖြစ်တယ်။ Rapping တွေနဲ့ဆိုဖြစ်တယ်။ Rapping တွေကိုကြိုက်တယ်။ ဘယ် Music မဆို ကြိုက်တယ်။ ကိုယ်ထည့်ချင်လို့ ထည့်လိုက်တာပါ။ နည်းနည်းလေး များ ဆန်းသွားမလားလို့ ထင်မိတယ်။ အများကြီး မဟုတ်ဘူး။ တစ်ပုဒ်လောက်ပဲထည့်ဖြစ်မှာပါ။

Rapper တွေ အများကြီးထဲမှာမှ Soe Gyi ကို ရွေးဖြစ်သွားတဲ့ အကြောင်းလေး ပြောပြပါ။
သူနဲ့က ခင်နေတာလည်း ပါတယ်။ သူ့အသံက ပျော့တဲ့ပုံစံထဲမှာပါတယ်။ ဒါပေမယ့် သူ့အသံက နည်း နည်း ထူးထူးခြားခြားလေး ရှိတယ်။ သူ့ကိုခင်နေတာနဲ့ အကူအညီတောင်းလိုက်တာ။ သူကလည်း ကြိုက်တယ် ဆိုလို့ ဆိုဖြစ်တာ။ အရင်က အဲဒီသီချင်းလေးကို သူငယ်ချင်း ပီကေနဲ့အတူ ဆိုထားတာ။

 Hip Hop မှာ ဘယ် Family တွေနဲ့တွဲပြီး အလုပ်လုပ်ဖြစ်လဲ။
Family တွေနဲ့တော့ အလုပ်မလုပ်ဖြစ်ဘူး။ ပိုပိုက တစ်မျိုး၊ ပိုပို က Featuring ဆိုတဲ့ သဘော မဟုတ် ဘဲနဲ့ သီချင်းတစ်ပုဒ်ဆိုလိုက်ရင် ကိုယ်နဲ့တွဲဆိုတဲ့ Rap က Second ဖြစ်နေရမယ်။ ကိုယ်က ပင်တိုင်ဆိုတဲ့ အဆိုတော်ပေါ့။ သီချင်းကို Featuring တစ်ခုတည်းနဲ့ မဆိုဘဲနဲ့ Chorus တစ်ခုကို လည်ပတ်အောင် ဆိုတာ မဟုတ်ဘဲနဲ့ ‘First Love’ ဆိုရင် ‘I miss you, I nee you’ ဆိုပြီးတော့ တစ်နေ့နေ့ တို့နှစ်ယောက် လက်ထပ်ကြ မယ်ဆိုတဲ့ စကားလုံးလေးကို Bridge အနေနဲ့ပြန်ထည့်ပေးထားတယ်။ '
 'ဝေးမယ်ဆိုတာ သိရက်နဲ့'' သီချင်း ဆိုရင် Copy တွေမှာပေါက်နေတာ။ အဲဒီသီချင်းကို နားထောင်ပြီးရင် Featuring ကို ဆိုထားတာ မဟုတ်ဘူး။ Main တွေ ဆိုထားတာ။ Rapping ကို Featuring အနေနဲ့ ပြန်ထည့်တာ။ ပိုက တစ်ယောက်တည်း ကိုယ့် ဘာသာကိုယ် ရပ်တည်တယ်။ ကိုယ့်ကိုလာပြီးတော့ ကမ်းလှမ်းရင် ဆိုဖြစ်တယ်။ Family တွေနဲ့ တွဲပြီး ဆိုလေ့တော့ မရှိဘူး။

အမှန်အတိုင်း ပြောရရင် Hip Hop လောကကို သိပ်ပြီး နားမလည်ဘူး။ Rap တွေကို အမြဲတမ်း သိပ်မကြိုက်ဘူး။ နိုင်ငံခြား Rap တွေပဲ ကြိုက်တယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း Rap နားထောင် ဖြစ်တာဆိုလို့ ကိုစိုင်းစိုင်းခမ်းလှိုင် ရှိမယ်။ ကို J Me ရှိမယ်။ Snare ရှိမယ်။ သူတို့ သုံးဦးလောက်ကိုပဲ ကြိုက် တယ်။ အခုကျမှ Professional တစ်ယောက်ဖြစ်လာတဲ့အချိန် နားထောင်ဖြစ်လို့ ကြိုက်တာမျိုးရှိတယ်။ အရင်တုန်းကဆိုရင် စိတ်က Featuring သာ ဆိုနေတယ်။ Hip Hop Underground မှာသာ ကျင်လည် တယ်။ စိတ်က Rocker စိတ်ပဲရှိတယ်။ အခုတော့ Music တွေကို အကုန်လုံးကြိုက်တယ်။ R & B ကို ပိုပြီးတော့ ကြိုက်တယ်။ Underground ကို ရောက်တဲ့အချိန်မှာ R & B သီချင်းတွေ ဆိုရတာကို ပိုပြီးအားရ လာတယ်။ သီချင်းလေးတွေ နားထောင်ကြည့်လိုက်ရင် ပိုဆိုတဲ့ သီချင်းက Pop မဟုတ်ဘဲနဲ့ R & B ကိုမှ Rapping ထည့်ထားတဲ့ ပုံစံလေးတွေ ပိုပေါက်တယ်။

Mainstream ကို တက်လာတဲ့အချိန်ဆို ဘယ်အချိန်ဖြစ်မလဲ။
၂၀၁၂၊ (၁၀)လပိုင်း၊ (၅)ရက်နေ့မှာ ပို အခွေစထွက်တာ။ အတွဲခွေတွေထွက်မယ်ထွက်မယ်နဲ့ မထွက် ဖြစ် ဘဲ တစ်ကိုယ်တော် CD က အရင်ထွက်ဖြစ်သွားတယ်။ ပြီးမှ ကိုဆောင်းဦးလှိုင်က ''အညတရ သူရဲကောင်း'' ဆိုပြီး မိန်းကလေး (၅)ယောက်လုပ်တယ်။ ပိုပို အဲဒီမှာ ''မငိုပါနဲ့'' သီချင်းကို ဆိုခွင့်ရတယ်။ Rock Album တစ်ခု ထပ်ထွက်တယ်။ အဲဒီမှာ ''ငါမုန်းတယ်'' ဆိုပြီးတော့ အတွဲခွေမှာ DVD ထွက်ခွင့်ရ တယ်။ ပြီးတော့ Shwe FM ထွက်တယ်။ Bo Bo Entertainment အထွက်တယ်။ သင်္ကြန်ခွေတွေ ထွက် တယ်။ ဒါပေမယ့် အဲဒီမှာ လူမသိ သေးဘူး။ Bo Bo Entertainment မှာ ''ဘာမှမလိုဘူး'' သီချင်းလေး ထည့်လိုက်တော့ လူတော်တော် သိလာ တယ်။ ပြီးတော့မှ Shwe FM ကတစ်ဆင့် ပါလာတယ်။ Shwe FM ပြီးမှ Single ထွက်လိုက်တယ်။ VCD ထွက်တဲ့အချိန်မှာတော့ တော်တော်လေးကို အဆင်ပြေသွားပါတယ်။

ဆက်ပါဦးမည်



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape



Share on Google Plus

0 comments:

Post a Comment