ဖက်ရှင်ကျဖို့အတွက် စိတ်ထားပြုပြင်ဖို့လည်း အရေးကြီးတယ်











လူတစ်ယောက်ဖက်ရှင်ကျဖို့အတွက် ပြင်ပကနေ၀တ်ကောင်းစားလှတွေ၊ မိတ်ကပ်အပြင် အဆင်တွေနဲ့ တင်ပြင်ဆင်မွမ်းမံရုံနဲ့မလုံလောက်ပါဘူး။ အဲဒီအ၀တ်အစား၊ ကိုယ်နေဟန်ထား၊ မိတ်ကပ်အပြင် အဆင်တွေကို အဓိကထောက်ပံ့ပေးဖို့က စိတ်ပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်…။ ဘယ်လောက်လှလှပပ၀တ်စားတတ်ပါစေ ကိုယ့်ထက်လှသူတွေကြား ကိုယ်မမြင်ဖူးတဲ့သူစိမ်းအစုအဝေး တွေကြားရောက်ရှိသွားတဲ့အခါ သိမ်ငယ်စိတ်၊ ရှက်ရွံ့စိတ်ကလေး အနည်းငယ်တော့ ၀င်သွားတတ်ကြတာ သဘာဝပါပဲ။ အဲဒီတော့ ဖက်ရှင်ကျဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည် စိတ်ချစ်ကို ဘယ်လိုမျိုးဆောင်မလဲ။ 


ရှေ့ဆုံးခုံမှာနေရာယူပါ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းသူအများစုက နေရာမှာထိုင်တဲ့အခါ အများအားဖြင့်လူတွေနဲ့ဝေးရာ အနောက်ဘက်ထိုင်ခုံကိုရွေးချယ်လေ့ရှိပါတယ်။ ဒီလိုပြောလို့ ရှေ့ဆုံးခုံမှာနေရာယူရမယ်၊ ထိုင်ရမယ်လို့ မဆိုလိုပါဘူး။ အစည်းအဝေးလုပ်တဲ့အခါ ပွဲလမ်းသဘင်တွေမှာ လူတွေသတိထားမိနိုင်မယ့် လူတွေနဲ့ ရောရောနှောနှောနေထိုင်နိုင်မယ့် အလယ်တန်းလောက်ကို ရွေးပြီးထိုင်ပါ။ ကိုယ်လိုသူလိုထိုင်တဲ့လူတွေနှဲ့ မိတ်ဖွဲ့နိုင်မှာပါ။ အဲဒီလိုမျိုး ပိုပြီးလုပ်လေ လူတွေနဲ့ပေါင်းသင်းရပိုပြီးအကျင့်ပါလေ ဖြစ်လာပါလိမ့်မယ်။

ဝတ်စားဆင်ယင်မှု
ဝတ်စားဆင်ယင်မှုက အရေးကြီးဆုံးပါပဲ။ ပွဲလမ်းသဘင်နဲ့လိုက်ဖက်မှုရှိဖို့လိုသလို ကိုယ်ကိုယ်တိုင်လည်း အဲဒီအ၀တ်အစားပေါ်မှာ ယုံကြည်မှုရှိနေဖို့လိုပါတယ်။ သန့်ပြန့်ညီညာတဲ့အ၀တ်အစား၊ သေသပ်ကျနတဲ့ ဆံပင်ပုံစံကိုက လူကြားထဲမှာထင်းကနဲပေါ်လွင်နေစေမယ့် အဓိကသော့ချက်ဖြစ်ပါတယ်။

နေရာသတ်မှတ်ပါ
စင်မြင့်ပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနေတဲ့လူတွေကို သတိထားကြည့်ပါ။ သူတို့က စင်မြင့် တစ်လျှောက် လမ်းလျှောက်လာပြီးနောက်မှာ ဦးတည်ချက်ဖြစ်တဲ့ စင်ရဲ့အနောက်ဘက်ဆီကို ယုံကြည်မှုရှိရှိ ခြေလှမ်းတွေက ဦးတည်သွားပါတယ်။ ဒီလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသတ်မှတ် ထားခြင်းပါပဲ။ ဟိုနေရာရပ်၊ သည်နေရာရပ် အပြုအမူမျိုးတွေက လူတကာကွက်ကြည့်ကွက် ကြည့်ဖြစ်စေသလို ကိုယ် ကိုယ်တိုင်လည်း နေရထိုင်ရခက်လာစေပါလိမ့်မယ်။

မတ်မတ်ရပ်ပါ
ကိုယ်နေဟန်ထားကလည်း ဖက်ရှင်အတွက် အဓိကလက်နက်တစ်ခုပါ။ ခါးကိုမတ်၊ ပခုံးတွေကိုဖြန့်ကား ထားပြီး ဦးခေါင်းကိုမတ်ထားလိုက်တဲ့အခါ တခြားသူများကိုယ့်ကိုသိသာစွာမြင်သွားစေနိုင်သလို ကိုယ်လည်းတစ်ဖက်လူတွေကို အကဲခတ်ပြီးကြည့်နေတဲ့အသွင်အပြင်ပေါ်လွင်စေပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
လေ့ကျင့်ခန်းလုပ်တဲ့လူနဲ့ မလုပ်တဲ့သူတွေရဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်က ကွဲပြားတာကိုသတိပြုမိပါသလား။ လေ့ကျင့်ခန်းလုပ်တဲ့အတွက် ခန္ဓာကိုယ်က ပေါ့ပါးပြီးကျစ်လျစ်ပါတယ်။ ဒါကသူများတကယ် မသိနိုင် ရင်တောင် ကိုယ်ကိုယ်တိုင်က ပေါ့ပါးလွတ်လပ်ပြီး ယုံကြည်မှုအပြည့်ရှိနေပါလိမ့်မယ်။ ဘယ်နေရာ မှာဖြစ်စေ 'အဆင်သင့်'  ဖြစ်နေတဲ့ ကိုယ်နေဟန်ထားကြောင့် တစ်ဖက်လူကိုလည်း အဟန့်ဖြစ်နေစေပါ တယ်။

အကောင်းမြင်စိတ်မွေးပါ
ဒီလိုနေထိုင်ဖို့က ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်ကလေးမွေးဖို့ အဓိကလိုအပ်လာပါတယ်။ ကိုယ့် စိတ်ထဲမှာ ထိခိုက်စေတဲ့မကောင်းတဲ့အတွေးအခေါ်တွေထက် ကိုယ်ဘာလုပ်နိုင်တယ်ဆိုတဲ့ အကောင်းမြင် စိတ်ကလေးမွေးပါ။

စကားများများပြောပါ
ကိုယ့်ကိုလူတွေ သတိပြုမိစေဖို့နောက်ထပ်နည်းလမ်းကတော့ အုပ်စုဖွဲ့စကားပြောဆိုတာမျိုး အသင်းအဖွဲ့ မျိုးမှာ ဦးဆောင်စကားပြောဖို့ပဲဖြစ်ပါတယ်။ တကယ်လို့ ဦးမဆောင်နိုင်ရင်တောင် သူတို့ပြောသမျှ အကြောင်းအရာတွေကို ၀င်ဆွေးနွေးနိုင်အောင်ကြိုးစားပါ။ ကိုယ်တစ်ခုအမှားအယွင်းလုပ်လိုက်မိလို့ လူတွေရယ်မှာစိုးတဲ့စိတ်ကို အတတ်နိုင်ဆုံးဖြေလျော့ထားပါ။

ချီးမွမ်းစကားပြောပါ
ဒါကတော့အလွယ်ကူ အရိုးရှင်းဆုံးနည်းလမ်းပါပဲ။ စကားဝိုင်းတစ်ခုကိုစတင်ရာမှာဖြစ်စေ အလွယ်ကူဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို ချီးမွမ်းတဲ့အခါ ရိုးသားဖို့တော့လိုပါလိမ့်မယ်။

အောင်မြင်မှုကိုပြန်ခံစားပါ
လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာတဲ့အခါ ကိုယ်တိုင်မကောင်းတဲ့ အတွေး အမြင်လေးတွေ ၀င်လာတတ်ပါတယ်။ အဲဒါကြောင့် အဲဒီလိုအချိန်မျိုးမှာ ကိုယ်လုပ်ခဲ့ တဲ့အောင်မြင်မှုလေးတွေကို ပြန်လည်တွေးတောခံစားခြင်း၊ လူတကာကြားမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပြန်လည်ရယူနိုင်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment