သန်းကြွယ်သူဋ္ဌေးသား ဘတ် ၃၅
သန်းတန်ဖိုးရှိတဲ့ စိန်တစ်ဆင်စာ၊ ၁၁၆၆၀ တန်ဖိုးရှိ မြေကွက်၊ ကွန်ဒို တိုက်ခန်းတွေအပါအ၀င်
ရွှေ၊ ငွေစုစုပေါင်း ဘတ် ၁၀၈ သန်းနဲ့တင်တောင်းခံရတဲ့ ထိုင်းမင်းသမီးချမ်းဖူး
ချမ်းဖူးဆိုတာကတော့
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပါတယ်။ သိပ်မကြာသေး ခင်ကမှ သန်းကြွယ်သူဋ္ဌေးသား
နွတ်ဝိဘရုတ်ရန်းဆီဆိန်စိမ်းက ဘတ် ၃၅ သန်းတန်ဖိုးရှိတဲ့ စိန်တစ် ဆင်စာ၊ ၁၁၆၆၀ တန်ဖိုးရှိမြေကွက်၊
ကွန်ဒိုတိုက်ခန်းတွေအပါအ၀င် ရွှေ၊ ငွေစုစုပေါင်း ဘတ် ၁၀၈ သန်းနဲ့ တင်တောင်းခံရပြီး ဟိုးလေးတစ်ကျော်ဖြစ်လာခဲ့တဲ့
မင်းသမီးတစ်လက်ဖြစ်ပါတယ်။
တင်တောင်းခံရရုံတင် နာမည်ကြီးတာမဟုတ်ပါဘူး။ သူမရဲ့မင်္ဂလာပွဲဟာဆိုရင်လည်း
သတို့သားအရန် ၃၀ ဦး၊ သတို့သမီးအရန် ၅၀ ဦး၊ ဆွဲကြိုးတားဂိတ်ပေါင်း ၁၀ ဂိတ်နဲ့ မိန်းကလေးတွေအားကျရလောက်တဲ့
မင်္ဂလာပွဲမျိုးပိုင်ဆိုင်နိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။
ချမ်းဖူးဆိုတာကတော့
အနုပညာအမည်ဖြစ်ပြီး နာမည်ရင်းကတော့ အာရယာအယ်ဘာတာ ဟာဂါတီဖြစ်ပါ တယ်။ အဖေက ဗြိတိသျှလူမျိုးဖြစ်ပြီး
အမေကထိုင်းလူမျိုးဖြစ်နေတဲ့အတွက် ချမ်းဖူးဟာလည်း သူများ တကာတွေနဲ့ မတူဘဲလှပမှုကထူးခြားနေသူ
တစ်ယောက်လည်းဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် Miss Motor Show ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ပြီး
နောက်မှာတော့ ချမ်းဖူးရဲ့အလှက နာမည်ကျော်ကြားလာခဲ့ပါတယ်။
ချမ်းဖူးက
သရုပ်ဆောင်ပိုင်းမှာသာ နာမည်ကြီးတာမဟုတ်ပါဘူး။ Plang Prai, Luk Mai Klai Ton, Pee
Pian Hotel စတဲ့ပြဇာတ်တွေမှာလည်း နာမည်ကြီးခဲ့သူဖြစ်ပါတယ်။
ချမ်းဖူးက
သရုပ်ဆောင်ပိုင်းမှာသာမက ဖက်ရှင်ပိုင်းကဆိုရင်လည်းတက်ရောက်တဲ့ပွဲတိုင်းမှာ မီဒီယာတိုင်းရဲ့
ဂရုတစိုက်စောင့် ကြည့်ခြင်းခံရတဲ့ ဖက်ရှင်ဘုရင်မတစ်ပါးလည်းဖြစ်ပါတယ်။
ခန္ဓာကိုယ်ဘယ်လိုထိန်းသိမ်းသလဲ
ချမ်းဖူးက
သူမရဲ့ခန္ဓာကိုယ်ကို အစားအသောက်နဲ့ထိန်းသိမ်းသူဖြစ်ပါတယ်။ အစာချေဖျက်ရခက်ခဲစေတဲ့ အမဲသားလိုအသားမျိုးတွေရှောင်ပြီး
ပန်းသီးစားရတာနှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ သူမ အကြိုက်ဆုံး စားသောက်မှုကတော့ အဆီနည်းပြီးပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့
ငါးပဲဖြစ်ပါတယ်။ အဆီများတဲ့အစားအစာတွေက လည်ပင်းယားယံတတ်လို့ အဆီများတဲ့အစားအသောက်တွေလည်း
ရှောင်သူတစ်ယောက်ဖြစ်ပါတယ်။
ချမ်းဖူးက
ငယ်စဉ်ကတည်းက လေ့ကျင့်ခန်းလုပ်ရတာ ပျင်းတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ အနုပညာ အ လုပ်တွေစလုပ်တဲ့အချိန်ကပြီး
ခန္ဓာကိုယ်ထိန်းသိမ်းမှုအတွက် လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်လာခဲ့ပါ တယ်။
အသားအရေဘယ်လိုထိန်းသိမ်းမလဲ
ချမ်းဖူးရဲ့အသားအရေထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး
မေးမြန်းတဲ့အခါမှာတော့ မျက်လုံးအောက်က အရေး အကြောင်းတွေကင်းစေဖို့အတွက် နေ့စဉ် ၆ နာရီ
၇ နာရီပုံမှန်အိပ်စက်ပါတယ်တဲ့။ Skin Care ပိုင်းနဲ့ပတ် သက်ပြီး မျက်နှာကို ပုံမှန်အစိုဓာတ်ဖြည့်ပေးသလို
နေရောင်ကာကွယ်ဆေး ပုံမှန်သုံးစွဲပေးပါတယ်ဆိုပြီး ရိုးရှင်းစွာပြောပြခဲ့ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment