သိန်းငှက်သူရဲကောင်းမင်းသမီးလေး ဂူးဂူး









နှိုင်းယှဉ်ရတာကိုကြိုက်တယ် နှိုင်းယှဉ်ခံရတာကိုမကြိုက်ကြဘူးဆိုတဲ့ သိန်းငှက်သူရဲကောင်း မင်းသမီးလေး ဂူးဂူး

ဂူးဂူးဆိုရင် တရုတ်ကားပရိသတ်အားလုံးနီးပါးသိကြမှာပါ။ သိန်းငှက်သူရဲကောင်းဇာတ်လမ်းတွဲထဲက ၀တ်စုံ အဖြူရောင်လေးဝတ်ပြီး အပြစ်ကင်းစင်တဲ့မျက်နှာပိုင်ရှင်ကောင်မလေးတစ်ယောက်ပေါ့။ နာမည်ရင်း ကတော့ အန်းဖန်ပါ။ လျိုယိဖေးဆိုတဲ့နာမည်နဲ့ သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော်စတဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံဖွား အမေရိကန်လူမျိုးဖြစ်ပါတယ်။

မိခင်ကလည်း အကပညာရှင်တစ်ဦးဖြစ်ပြီး မိခင်သွေးပါတဲ့ ယိဖေးက အသက် ၁၀ နှစ်အရွယ်မှာ ကတည်း က ပီယာဒိုတီးပြီး မော်ဒယ်အနေနဲ့ စတင်လှုပ်ရှားလာတာဖြစ်ပါတယ်။ Beijing Film Academy မှာ အနုပညာဘာသာရပ်ဆည်းပူးဖို့ဝင်ခွင့်ရပြီးနောက်မှာတော့ ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာမှာ ကမ်း လှမ်းခြင်းခံလာရပါတယ်။ ပထမဆုံး ယိဖေးသရုပ်ဆောင်တာကတော့ The Story of a Noble Family ဖြစ်ပါတယ်။ Demi-Gods and Semi-Devils ကတော့ ယိဖေးရဲ့ ပထမဆုံးနာမည်ကြီးဇာတ်လမ်းတွဲပါပဲ။ 

သိန်းငှက်သူရဲကောင်း( The Ruturn of the Condor Heroes ) ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ပြီးနောက် မှာတော့ ယိဖေးက အာရှတစ်လွှားမှာနာမည်ကျော်ကြားလာပါတော့တယ်။
သရုပ်ဆောင်ပိုင်းတင်မကပါဘူး။ ဂီတပိုင်းမှာဆိုရင်လည်း ယိဖေးက ဂျပန်နိုင်ငံရဲ့ Song Music Entertainment နဲ့တွဲဖက်ပြီး ဂီတအယ်လ်ဘမ်နှစ်ချပ်ကို ထုတ်ဝေခဲ့ပါတယ်။

သရုပ်ဆောင်သက်တမ်းဘယ်လောက်မှမရှိသေးပေမယ့် ယိဖေးက နာမည်ကြီးမင်းသား ဂျက်ကီချန်းနဲ့တွဲဖက်ပြီး  The Forbidden Kingdom ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြန်ပါတယ်။ ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ယိဖေးနဲ့အင်တာဗျူးဖြစ်ခဲ့ပုံကတော့…

ဇာတ်လမ်းထဲမှာမြင်းစီးတဲ့ပုံစံမျိုးဇာတ်ကွက်တွေပါတယ်နော်။ အဲဒါနဲ့ပတ်သက်ပြီးလေ့ ကျင့်ခဲ့ရတာတွေများရှိပါသလား။
ကျွန်မ သိန်းငှက်သူရဲကောင်းဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီးကတည်းက ကျွန်မအားလုံးကို ကျင့်သားရနေပါပြီ။ ဒီဇာတ်ကားမှာ ကျွန်မပိုပြီးသရုပ်ဆောင်နိုင်သွားတယ်။ သိပ်မပင်ပန်းတော့ဘူးပေါ့။

အခုဆိုရင် ဟောလိဝုဒ်အထိပါနာမည်ရလာတဲ့သရုပ်ဆောင်လို့ပြောလို့ရမယ်နော်။ ရှင့်ကို မင်းသမီးကြီးကျန်ဂီယီနဲ့နှိုင်းယှဉ်နေကြတာကို ဘယ်လိုခံစားမိပါသလဲ။
လူတိုင်းကတော့ နှိုင်းယှဉ်ရတာကိုကြိုက်ကြတယ်။ နှိုင်းယှဉ် ခံရတာကိုမကြိုက်ကြဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းက ကိုယ့်အရည်အချင်းနဲ့ကိုယ် ကွဲပြားကြတယ်လေ။ ကျန်ဂီယီက တကယ်တော်တယ်။ သူ့ကြောင့်ပဲ တရုတ်ပြည်ရဲ့ယဉ်ကျေးမှုကိုအနောက်နိုင်ငံတွေသိခွင့်ရသွားကြတာလေ။ ကျွန်မအတွက်ကတော့ သင်ယူဖိုပလေ့လာဖို့တွေကျန်နေပါသေးတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment