Automatic Call Recorder Pro









ကျွန်တော်တို့အသုံးပြုနေကြ တဲ့ စမတ်ဖုန်းတွေဟာ နေ့စဉ်လုပ် ငန်းဆောင်တာတွေအတွက် အရေး ပါတဲ့ ကိစ္စရပ်အတော်များများမှာ မရှိမဖြစ်အသုံးပြုနေကြရတဲ့ အစိတ် အပိုင်းတစ်ခုဖြစ်လာခဲ့ပါပြီ။ ဆက် သွယ်ပြောဆိုဖို့အတွက် အသုံးပြုကြတဲ့အပြင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေး အစရှိ တဲ့ ဘက်စုံသုံးနည်းပညာပစ္စည်း တစ်ခုဖြစ်လာတဲ့အတွက် ကျွန်တော်တို့ဟာ အရင်တုန်းကလို ကိရိယာတန်ဆာပလာတွေ၊ ဆက် စပ်ပစ္စည်းတွေ တစ်ပုံတစ်ပင်နဲ့ သွားလာရတဲ့ခေတ်ကို စမတ်ဖုန်း ကောင်းကောင်း တစ်လုံးရှိထားရုံ နဲ့ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဒီနေရာမှာ တစ်ဦးနဲ့တစ်ဦး လိုအပ် ချက်တွေ ကိုက်ညီမှုမရှိသည့်အ လျောက် စမတ်ဖုန်းတွေမှာ မူလ ထည့် သွင်းပေးလိုက်တဲ့ Apps တွေ အပြင် မိမိလိုအပ်ချက်နဲ့ ကိုက်ညီ မယ့်Apps တွေကို စိတ်ကြိုက် ထည့်သွင်း လာခဲ့ကြပါတယ်။ အထူး သဖြင့် ဈေးကွက်မှာ Android စမတ်ဖုန်းကောင်းကောင်းတစ်လုံး ဟာလည်း သင့် တင့်တဲ့ ဈေးနဲ့ရရှိ နိုင်ပြီး လိုအပ်တဲ့ Apps တွေ ထည့်သွင်းရတာလည်း လွယ်ကူ လှပါတယ်။ အရင်တုန်းက ကြိုးဖုန်း တွေ Keypad ဖုန်းတွေ ခေတ်က ဆိုရင် ကိုယ့်ရဲ့ ဖုန်းမှာ ခေါ်ဆိုထား တဲ့ ဖုန်းမှတ်တမ်း (in/out call list) အ၀င်အထွက်စာရင်းသာ ကြည့်ရှုနိုင်ခဲ့ကြပါတယ်။ စမတ်ဖုန်း တွေ ပေါ်လာတဲ့အခါမှာတော့ ကိုယ့်ရဲ့ ဖုန်းမှတ်တမ်းကို ကိုယ် ပြောခဲ့တဲ့အတိုင်း အသံဖမ်းသိမ်း ဆည်းထားနိုင်လာတဲ့အတွက် အလွန်ကို အသုံးဝင်လာခဲ့ပါတယ်။ 

ဖုန်းနဲ့ အရေးကြီးပြောဆိုမှုတွေကို ပြန်လည်နားထောင်နိုင်သလို၊ သတိမေ့တတ်သူများမှတ်တမ်း သဖွယ် သိမ်းဆည်းဖို့ လိုအပ်သူ များအတွက် အကျိုးရှိရှိ အသုံးပြု လာနိုင်ကြပါတယ်။ ဒီလို အသုံးပြု Android စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် Call Recorder App တွေ အများအပြား တွေ့ရ မှာဖြစ်ပါတယ်။ အခုဖော်ပြပေမယ့် Automtic Call Recorder Pro ကတော့ လုပ်ဆောင်ချက်များစွာ ပိုမိုပါဝင်ပြီး ချိန်ညှိ အသုံးပြုဖို့ လွယ် ကူတဲ့အတွက် စိတ်ကြိုက်တွေ့နိုင် ကြပါလိမ့်မယ်။

ဒီ Apps ကို playstore ကလည်း ရယူနိုင်ပြီး Pro version နဲ့ လုပ်ဆောင်ချက်အနည်း ငယ် ကွားခြားမှာဖြစ် ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ Apps မှာ ဖုန်းခေါ်ဆိုမှုအ၀င်အထွက်တွေကို မှတ်သားထားတဲ့ Inbox, Saved ဆိုတဲ့ tab နှစ်ခု တွေ့ရမှာဖြစ်ပြီး Inbox က ခေါ်ဆိုမှုတွေကို အရေ အတွက်အကန့် အသတ်နဲ့ ယာယီ မှတ်သားထားမှာဖြစ်ပါတယ်။ Saved ကတော့ ကိုယ့်ရဲ့ဖုန်းထဲက /Callrecordings ဆိုတဲ့နေရာမှာ်ငူန အဖြစ် သိမ်းထားပေးမှာဖြစ် ပါတယ်။

ဖုန်းအ၀င်ပဲဖြစ်ဖြစ် အထွက်ပဲ ဖြစ်ဖြစ် ခေါ်ဆိုပြီးတဲ့အခါ Inbox မှာရှိတဲ့ Contact ကို တစ်ချက်နှိပ်  လိုက် တာနဲ့ menu ပေါ်လာပါလိမ့် မယ်။ အဲဒီ menu ကနေ အသံဖမ်း ထားတဲ့ဖိုင်ကို နားထောင်မလား။ Save မလား။ အမြဲတမ်း Save ထားမလား။ ဖျက်ပစ်မလား အစ ရှိသည်ဖြင့် ရွေးချယ်နိုင်ပြီး အောက် ဆုံးမှာ ရှိတဲ့save this automatically ကို နှိပ်လိုက်ရင်တော့ အဲဒီ contact နဲ့ ပြောဆိုသမျှ မှတ်တမ်း တွေကို တစ်ခါတည်း သိမ်းဆည်း ထားပေးမှာဖြစ်ပါတယ်။

ခေါ်ဆိုမှုကို အသံဖမ်းယူတဲ့ နေရာမှာ အရည်အသွေးအမြင့်ဆုံး နဲ့ ရရှိနိုင်ဖို့ Apps ရဲ့ ညာဘက် ထောင့် အပေါ်နားမှာရှိတဲ့ menu ကို နှိပ်ပြီး Setting ကိုရွေးချယ်ရ မှာဖြစ်ပါတယ်။ ပြီးရင် File Type နေရာမှာ wav ကို ရွေးချယ်ပေးပါ။ wav ကို ရွေးချယ်မှသာ ပြန်နား ထောင်တဲ့အခါ ကြည်လင်ပြတ် သားစွာ ကြားရမှာဖြစ်ပြီး ဖိုင်သိမ်း ဆည်းမှုပမာဏကတော့ အနည်း ငယ်ပိုပေးရမှာဖြစ်ပါတယ်။

ပြီးရင် အောက်ဘက်မှာရှိတဲ့ Menu တွေမှာတော့ Notification bar ကို အမှတ်ခြစ်ပေးထား ရင် အသံဖမ်းနေတဲ့အချိန်မှာ Notification bar မှာ Recording icon လေးနဲ့ ပြသမှာဖြစ်ပါ တယ်။ ဒါ့အပြင် Recording အသစ်တစ်ခု ဖမ်းယူပြီးတိုင်းလည်း Notification မှာ ပြသမှာဖြစ်ပါ တယ်။ Menu အောက်ဘက်ကို ဆက်သွားရင်တော့ ဘယ်သူ့ကို (ဘယ် contact )ကိုပဲ အသံဖမ်း မယ်၊ မဖမ်းဘူးဆိုတဲ့ ရွေးချယ်မှု မျိုးကိုလည်း ကြိုတင်ပြုလုပ်ထား နိုင်သလို တခြားအသုံးဝင်တဲ့ ရွေး ချယ်မှုတွေကိုလည်း ဆက်လက် ရွေးချယ်ချိန်ညှိနိုင်ပါလိမ့်မယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment