ဘရာစီယာဝတ်တဲ့အခါ ဘာတွေသတိထားမလဲ











မိန်းကလေးတစ်ယောက်ကို စမတ်ကျကျ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့အရာကဘာလဲ။ သူဝတ်ထား တဲ့အ၀တ်အစားအပြင်အဆင်လား၊ မိတ်ကပ်အပြင်အဆင်လား။ နှစ်ခုစလုံးမဟုတ်ပါဘူး။ မိန်းကလေး တစ်ယောက်ကို ယုံကြည်မှုအပြည့်ရှိစေတာကတော့ သူ့အ၀တ်အစားကိုထောက်ပံ့ပေးတဲ့ သူ့ရဲ့စိတ်ကို သက်သောင့်သက်သာဖြစ်စေတဲ့အတွင်းခံဖြစ်ပါတယ်။ လျော့ရဲပွချောင်နေတဲ့အတွင်းခံဝတ်စုံ၊ တင်းကြပ် လွန်းတဲ့အတွင်းခံဝတ်စုံက ၀တ်ဆင်ထားသူကို မသက်မသာဖြစ်စေပါတယ်။ 

အရည်အသွေးကောင်းပြီး ခန္ဓာကိုယ်ကို ကောင်းမွန်စွာအထောက်အပံ့ပေးနိုင်တဲ့ ဘရာစီယာကတော့ ၀တ်ထားမှန်မသိသာအောင် ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိစေပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်သက်သောင့်သက်သာဖြစ်စေဖို့ အတွင်းခံဘရာစီယာကို ဘယ်လိုရွေးချယ်ကြမလဲ…

ခန္ဓာကိုယ်နဲ့အံဝင်ခွင်ကျဖြစ်ပါစေ
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ဝတ်ဆင်ထားတဲ့ ဘရာစီယာအရွယ်အစားကို တသမတ်တည်း မမှတ်ထားဖို့ကအရေးကြီးဆုံးပါ။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်က နေ့စဉ်ပြောင်းလဲနေပါတယ်။ မိန်းကလေး အများစုက ၀တ်နေကျအရွယ်အစားကိုပဲ အလွယ်တကူရွေးချယ်ဝယ်ယူတတ်ကြပြီး ပြောင်းလဲလာ တဲ့ခန္ဓာ ကိုယ်ကို သတိမပြုမိတဲ့အတွက် ၀တ်ဆင်တဲ့အခါ စိတ်မသက်မသာဖြစ်လာပါတယ်။ အဲဒါကြောင့် ဘရာစီယာဝတ်တဲ့အခါ နားလည်တတ်ကျွမ်းတဲ့ အရောင်းဝန်ထမ်း၊ စိတ်ရှည်သည်းခံတဲ့ ၀န်ထမ်းရှိတဲ့ ဆိုင်ကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်စိတ်ကြိုက်၊ မတွေ့မချင်း ရှာဖွေတတ်ဖို့လည်း မမေ့ပါနဲ့။

အကောင်းဆုံးကိုရွေးချယ်ပါ
ခန္ဓာကိုယ်ရဲ့ မမြင်ကွယ်ရာမှာဝတ်ဆင်ရတဲ့အတွက် ခပ်ပေါပေါ ခပ်ညံ့ညံ့အမျိုးအစားကိုရွေးချယ်လိုက်ဖို့ စိတ်မကူးပါနဲ့။ အရည်အသွေးနိမ့်တဲ့အတွင်းခံတွေက ခန္ဓာကိုယ်ကိုသက်သောင့်သက်သာမဖြစ်စေသလို တာရှည်လည်းခံမှာမဟုတ်ပါဘူး။ အဲဒါကြောင့်ကျန်းမာရေးအတွက်ပဲဖြစ်စေ၊ ဖက်ရှင်ကျကျသွား လာနိုင်ဖို့အ တွက်ပဲဖြစ်စေ အရည်အသွေးကောင်းတဲ့ ဘရာစီယာကိုသာ ရွေးချယ်လိုက်ပါ။

ဘရာစီယာမ၀တ်ခင်မှာ
ဘရာစီယာအသစ်ဝယ်ပြီးတိုင်း သတိထားဖို့ရှိပါတယ်။ အဲဒါကတော့ ဘရာစီယာကိုလက်နဲ့လျော်လိုက်ဖို့ပါပဲ ဒီလိုလျော်လိုက်တဲ့အတွက် အ၀တ်ကိုနူးညံ့သွားစေပြီး ပထမဆုံးဝတ်ဆင်တဲ့အခါမှာ သက်သောင့်သက် သာဖြစ်စေပါလိမ့်မယ်။ တစ်ကြိမ်တည်းမကပါဘူး။ ဘရာစိယာတို့လို အတွင်းခံအ၀တ်အစားတွေကို လက်နဲ့လျော်ဖွတ်တာက အရည်အသွေးကို တာရှည်ခံစေပါလိမ့်မယ်။

ဗိုက်အထိစည်းနှောင်ထားတဲ့  ဘရာစီယာဝတ်ခြင်းရှောင်ပါ
ဗိုက်ပူတဲ့အမျိုးသမီးတွေက သူတို့ဗိုက်တွေကို ဖုံးဖိနိုင်ဖို့အတွက် ဗိုက်အထိစည်းနှောင်ထားတဲ့ ဘရာစီယာ မျိုးဝတ်ဆင်လေ့ရှိပါတယ်။ တကယ်တော့ ဗိုလ်အထိစည်းနှောင်ထားတဲ့ဘရာစီယာတွေက နေထိုင်ရ မသက်မသာဖြစ်စေပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး ဗိုက်အထိစည်းနှောင်ထားတဲ့ ဘရာစီယာ ကိုရှောင်ပါ။

လက်တွေ့ကျဖို့အရေးကြီးတယ်
အမြောက်အမွန်းတွေ၊ ဘော်ကြယ်တွေနဲ့အလှဆင်ထားတဲ့ အတွင်းခံဝတ်စုံတွေက ၀တ်ဆင်သူကိုပိုပြီး လှပသွားသယောင်ထင်ရပေမယ့် နေ့စဉ်ဝတ်ဆင်ဖို့လုံးဝမသင့်လျော်တဲ့အတွင်းခံဝတ်စုံတွေဖြစ်ပါတယ်။ ဘယ်သူကမှတော့ ကိုယ့်ခန္ဓာကိုယ်အတွင်းမှာဝတ်ဆင်ထားတဲ့အတွင်းခံကို အသေအချာလိုက် မကြည့် မှာသေချာပါတယ်။ အဲဒါကြောင့် သက်သောင့်သက်သာရှိတဲ့ သာမာန်အဆင်ဒီဇိုင်းမျိုးသာရွေး ချယ်ဝတ်ဆင် တတ်ဖို့လိုပါတယ်။

ရင်သားကိုထိန်းညှိပေးဖို့အတွက်
ဘယ်အမျိုးသမီးမှ တူညီတဲ့တစ်ထပ်တည်းကျတဲ့ရင်သားမပိုင်ဆိုင်ကြပါဘူး။ တစ်ခါတရံရင်သား တစ်ဖက် ကကြီးပြီး တစ်ဖက်က အနည်းငယ်မသိမသာသေးငယ်နေတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ဘရာစီယာ ၀တ်ရတာအနည်းငယ် ကသိကအောက်နိုင်လှပါတယ်။ အဲဒီလိုရင်သားမတူညီတဲ့အမျိုးသမီးတွေအနေနဲ့ အနည်းငယ်သေးငယ်တဲ့ရင်သားဘက်မှာ ဖော့၊ ကတ်ထူတို့ခံထားပြီးဝတ်ဆင်နိုင်ပါတယ်။

ကြိုးတွေပြန်ညှိပေးဖို့လိုပါတယ်
အတွင်းခံကိုဝတ်တယ်၊ လျော်တယ်။ လျော်တဲ့အခါမှာ အတွင်းခံဝတ်စုံက နဂိုမူလပုံသဏ္ဍာန် အနည်းငယ် ပျက်သွားပါလိမ့်မယ်။ အဲဒါကြောင့် ၀တ်ဆင်တိုင်းမှာ ဘရာစီယာကို ခန္ဓာကိုယ်နဲ့အံဝင်ခွင်ကျဖြစ်ဖို့ ကြိုးပြန်ညှိပေးဖို့လိုပါလိမ့်မယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment