မိုဘိုင်းဖုန်းအတွက် ဖိုင်မျိုးစုံ










          သူငယ်ချင်းတစ်ယောက်က အင်တာနက် YouTube ကနေ သီချင်းတစ်ပုဒ်ယူလာပြီး သူ့ကွန် ပျူတာမှာ ဖွင့်ပြပါတယ်။ ဖိုင်အရွယ် အစားက သေးတော့ ပုံမှန်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ Video ဖိုင်ပဲဖြစ် မယ်လို့ ခန့်မှန်းမိပေမယ့် တကယ် တမ်း သူဖွင့်ပြတဲ့အခါမှာတော့ ရုပ် /သံ အလွန်ကြည်လင်ပြီး အရည် အသွေးကောင်းတဲ့ Video တစ်ခု ဖြစ်မှန်း သိလိုက်ရပါတယ်။ ကျွန် တော်တို့ အရင်တုန်းက သိထားတဲ့ Video အရည်အသွေးကောင်းရင် ဖိုင်အရွယ်အစား ကြီးမားရမယ်ဆို တဲ့အသိဟာ လက်ရှိအချိန်မြှွာခင်း ချက်တစ်ခုဖြစ်သွားပြီ ဆိုတာပါပဲ။
          Video ဖိုင်အမျိုးအစား File Formats တွေဟာ မဆုံးနိုင်တဲ့ အတိုကောက် အသုံးအနှုန်းတွေနဲ့ ရှုပ်ထွေးလှပါတယ်။ ဗန်းစကား လိုလို နားလည်ရခက်တဲ့ စကားလုံး အတိုကောက်တွေနဲ့ နားလည်ရ ခက်တဲ့ ဖိုင်အမျိုးအစားပေါင်းဟာ လည်း အများအပြားရှိကြပါတယ်။ အခုအချိန်လို အင်တာနက်၊ website လုပ်ငန်းတွေ ဖွံ့ဖြိုးတိုး တက်လာတဲ့အချိန်မှာ ဖျော်ဖြေရေး ကဏ္ဍတွေဟာလည်း ဘက်စုံဖွံ့ဖြိုးလာခဲ့ပါတယ်။ အင်တာနက်ကနေ ဗွီဒီယိုဖိုင်တွေ၊ သီချင်းဖိုင်တွေကို download လုပ်ရတာလည်း လူ ငယ်တွေကြားမှာ ပိုမိုခေတ်စားလာ ပါတယ်။ အဲဒီလို download လုပ် ယူတဲ့အခါ website တွေ၊ hosting တွေဟာ ဘယ်လိုဖိုင် အမျိုးအစားတွေနဲ့ပေးတယ်။ ဘာ ကြောင့်ပေးတယ်။ ဘယ်လို အလုပ်လုပ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။

 ဒါမှ ပြန်လည်ဖွင့် ကြည့် playback အသုံးပြုတဲ့ အခါ ဘယ်လို Program တွေနဲ့ ဖွင့်ရမယ်။ ကိုယ့်ရဲ့စက်မှာ ဘယ်လို application တွေ တင်ထားရမယ် ဆိုတာ သိနိုင်ပါလိမ့်မယ်။ ဘာ ကြောင့်လဲဆိုတော့ Website တွေက Download လုပ်ခွင့်ပေး တဲ့ဖိုင်တွေဟာ အချက်အလက်တွေ ကို အရည်အသွေး မပျက်စေဘဲ ပိုမိုဝင်ဆန့်အောင် Encoding ပြုလုပ်ထားတဲ့ Format တစ်မျိုးမျိုးနဲ့ ပေးထားတဲ့အတွက် အဲဒီ Format ကို ပြန်လည်ဖြည်နိုင် Decoding လုပ်တဲ့ Application တစ်ခု ခုကို အသုံးပြုရခြင်း ဖြစ်ပါတယ်။ ဥပမာ PowerDVD လို၊ VLC လို  Application မျိုးဟာ Format တော်တော်များများကို Decoding အလိုအလျောက် လုပ် ပြီး ဖွင့်နိုင်စွမ်းရှိပါတယ်။

          ဖိုင်တွေကို ပိုမိုဝင်ဆန့်အောင် ဖိသိပ်ရတဲ့ရည်ရွယ်ချက်က ဗီဒီယို ဖိုင်အမြာက်အများကို သိမ်းဆည်း တဲ့အခါ အရွယ်အစားပမာဏ သေး ငယ်သွားတဲ့အတွက် အရေအ တွက်များများ သိမ်းဆည်းနိုင်စေဖို့ ဖြစ်ပါတယ်။  နောက်ထပ်ရည်ရွယ် ချက်တစ်ခုက ဗွီဒီယိုဖိုင်ကို Online ကနေ တစ်နေရာမှ တစ်နေရာကို ပေးပို့တဲ့အခါ ပိုမိုမြန်ဆန်စေပါတယ်။ အဲဒီလို ဗီဒီယိုဖိုင်တွေ ဖိသိပ်တာကို CODEC လို့ခေါ်ပြီး (Compressor-DECompressor) ဖိသိပ်နိုင် ပြန်လည်ဖြည်နိုင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ လက်တွေ့မှာ တော့ Codec လုပ်တဲ့ Format တွေဟာ ကိုယ်ပိုင်သတ်မှတ်ထား တဲ့ စံတွေနဲ့ပြုလုပ်ထားတာကြောင့် Format တိုင်းမှာ စံတစ်မျိုးစီရှိနေ ပါတယ်။ ဒါကြောင့် အချို့ဖိသိပ် ထားတဲ့ဖိုင်တွေဟာ ဖိုင်အရွယ် အစားသေးငယ်သွားသလို အရည် အသွေးလည်း ကျဆင်းသွားတာ ကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက Microsoft  က စတင်အသုံးပြုခဲ့ တဲ့ AVI Format ဟာ လက်ရှိ အချိန်ထိ အသုံးပြုဆဲဖြစ်ပြီး လူသိ များတဲ့ ဗွီဒီယို Format တစ်မျိုး ဖြစ်ပါတယ်။ အမှန်တကယ်တော့ AVI ဟာ သီးသန့် Format  တစ်မျိုးမဟုတ်ဘဲ (Audio Video Information) အသံနဲ့ဗွီဒီယို အချက်အလက်တွေကို ထုပ်ပိုး သိမ်းဆည်းနိုင်တဲ့ ဖိုင်တစ်မျိုးသာ ဖြစ်ပါတယ်။ AVI ကို Media Player  အတော်များများမှာ အထောက်ပံ့ပေးနိုင်တဲ့အတွက် အလွယ်တကူ အသုံးပြုနိုင်ပြီး  Smart Phone နဲ့ Tablet တွေမှာလည်း အသုံးပြုနိုင်တာ တွေ့ရပါတယ်။

အွန်လိုင်းဖျော်ဖြေရေးလုပ်ငန်း တွေ အရှိန်အဟုန်နဲ့ ကြီးထွားလာ တဲ့အခါ ရုပ်ရှင်ထုတ်လုပ်သူတွေ ဟာ Video နဲ့ Audio ကို အကန့်အသတ်မရှိ ပိုမိုကိုင်တွယ် နိုင်ပြီး ဘာသာမျိုးစုံရဲ့ အသံထွက်နဲ့ စာတန်းထိုးတွေကို လိုသလို ဖိသိပ် ထည့်နိုင်တဲ့ ဖိုင်အမျိုးအစားတစ်ခု ကို ထပ်မံလိုအပ်လာခဲ့ပါတယ်။ အဲဒီအတွက် Open Source File Format တစ်မျိုးဖြစ်တဲ့ mkv format ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က media format တွေကို စံ တစ်ခုထားပြီး တစ်ညီတစ်ညွတ်တည်းဖြစ်ဖို့ပါ။ Matroska video, Matroska audio, Matroska Subtitle (.mkv, .mka, .mks) တို့ဖြစ်ပြီး အခုနောက်ပိုင်းမှာ ရေပန်းစားလာ ခဲ့ပါတယ်။ ပုံမှန် MPEG ဖိုင်တစ်ခု ကို MKV ပြောင်းလိုက်ရင် ဖိုင် အရွယ်အစားဟာ တစ်ဝက်နီးပါး လောက် လျော့ကျသွားပြီး အရည် အသွေးက အတူတူပါပဲ။ ဒါကြောင့် Video Website အတော်များများ ဟာ ဗွီဒီယိုဖိုင်တွေကို Download ပေးတဲ့အခါ .mkv အနေနဲ့ပေးတာ တွေ့မြင်လာရပါတယ်။ လက်ရှိ အချိန်မှာ .mkv ကို Smart Phone နဲ့ တခြားမိုဘိုင်းပစ္စည်းတွေမှာ  အလွယ်တကူ ကြည့်ရှုအသုံးပြုနိုင် နေပြီဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ကွန်ပျူတာမှာ ဖွင့်လို့ရတဲ့ Video ဖိုင်တစ်ခုဟာ စမတ်ဖုန်းထဲ ထည့်လိုက်လို့ ဖွင့်လို့မရဘူးဆိုရင် စမတ်ဖုန်းရဲ့ မူလပါရှိတဲ့ Video Player က decode မပြုလုပ်နိုင် လို့ပဲဖြစ်ပါတယ်။ 

ဒါဆိုရင် လက်ရှိ အချိန်ထိ ရှိသမျှ Video Format အတော်များများကို ဖွင့်လှစ်အသုံး ပြုနိုင်ဖို့ WonderShare Player, MX Player တို့လို Apps တွေ အများအပြားရှိကြပြီဖြစ်ပါတယ်။ ဒီ Apps တွေဟာ Video ဖိုင်တွေမှာ သက်ဆိုင်ရာ Subtitles တွေ ထပ်ပေါင်းထည့်တာမျိုး၊ စီမံခန့်ခွဲ တာမျိုးတွေပါ ပြုလုပ်နိုင်တာ ကြောင့် စမတ်ဖုန်းတွေအတွက် Video ဖိုင် Format ပြောင်းလဲ ထည်သွင်းနေရတဲ့အဆင့်ကို ကျော် လွှားနိုင်မှာဖြစ်ပါတယ်။ Android ရော iOS အတွက်ပါ အလွယ် တကူ ရရှိနိုင်တဲ့ ဒီ Apps တွေဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေနဲ့ tablet တွေအတွက် မရှိမဖြစ်ထည့် သွင်းထားသင့်တဲ့ Apps တွေဖြစ် လာကြပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment