OfficeSuite Pro 7 (PDF & HD)











          ယနေ့ခေတ်အချိန်အခါဟာ Tablet တွေ၊ စမတ်ဖုန်းတွေ အသုံးပြုမှုများပြားလာတာနဲ့အညီ အလုပ် နဲ့ပတ်သက်တဲ့၊ ပညာရေး နဲ့ပတ်သက်တဲ့ ကိစဿစရပ်တွေကို သွားရင်းလာရင်း အသုံးပြုလာနိုင် တာ အား သာချက်တစ်ရပ်ဖြစ် လာပါတယ်။ အထူးသဖြင့် Office Application  တွေနဲ့ အသုံးပြုထား တဲ့ Word, Excel, PowerPoint အစရှိတဲ့ ဖိုင်တွေကို ဖုန်းတွေ၊ Tablet တွေထဲထည့်ပြီး မူလပုံစံအ တိုင်း အလွယ်တကူ ၀င်ရောက် အသုံးပြုလာနိုင်၊ ပြင်ဆင်လာနိုင် တာကလည်း အလွန်ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ 

မူလ Office Suite mobile apps တွေဟာ PC မှာအသုံးပြုတဲ့ပုံစံမျိုးနဲ့မတူဘဲ ကွဲပြားနေခဲ့ရာက အခုအခါ Office Suite Pro 7 အရောက်မှာ PC  မှာ အသုံးပြုသကဲ့သို့ တဖြည်းဖြည်း နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ Apps ရဲ့ လုပ်ဆောင်နိုင်စွမ်းလည်း ပိုမို ကောင်းမွန်လာတာတွေ့ရပြီး မျက် နှာပြင်အရွယ်အစားကြီးမားတဲ့ Tablet တွေနဲ့လည်း အဆင်ပြေစေ ဖို့ ပြုလုပ်ပေးထားပါတယ်။ Office version (2003) အဟောင်းတွေနဲ့ ပြုလုပ်ထားတဲ့ ဖိုင်တွေကိုလည်း အသုံးပြုနိုင်ပြီး နောက်ဆုံး version ဖြစ်တဲ့ 2003 နဲ့ ပြုလုပ် ထားတဲ့ Office ဖိုင်တွေအထိပါ အသုံးပြုနိုင်ပါတယ်။ 

ထူးခြားတဲ့အ ချက်က ဒီ Office Suite Pro ဟာ pdf ဖိုင်တွေအတွက်ပါ အသုံးပြု နိုင်တာကြောင့် Tablet နဲ့ ebooks ဖတ်လေ့ရှိသူတွေအတွက် သီးသန့် Apps ထပ်မံထည့်သွင်းစရာ မလို တော့ပါဘူး။ ကမ္ဘာ တစ်ဝန်း နိုင်ငံ ပေါင်း ၂၀၅ နိုင်ငံက Device ပေါင်း သန်း ၁၀၀ ခန့်မှာ အသုံးပြုနေကြ တဲ့ မရှိမဖြစ် Android apps တစ်ခု ဆိုလည်း မမှားပါဘူး။ Apps ထဲက နေ ဖွင့်လိုတဲ့ဖိုင်တွေကို အလွယ်တ ကူရှာဖွေနိုင်မယ့် File browser ပုံစံကလည်း Storage ထဲမှာရှိတဲ့ ဖိုင်တွေကို အလွယ်တကူရှာဖွေအ သုံးပြုနိုင်စေပါတယ်။ 

          OfficeSuite Pro.Apk ကို Install ပြုလုပ်ပြီး ပထမဆုံးအကြိမ် ဖွင့်လိုက်တဲ့အခါမှာတော့ Office Suite 7 ရဲ့ Welcome Screen ပေါ်လာပြီး Register ပြုလုပ်မလားလို့ မေးပါလိမ့်မယ်။ Register လုပ်မယ် ဆိုရင်တော့ Wifi သို့မဟုတ် 3G ကနေ အင်တာနက်ချိတ်ဆက်ထား ရပါမယ်။ Don't ask again ကိုအ မှတ်ခြစ်ပြီး Register later ကို နှိပ်ပါမယ်။ ဒါဆိုရင် Office Suit 7  ရဲ့ Home Screen ကိုရောက် သွားပြီဖြစ်ပါတယ်။ Word, Excel, Powerpoint ဖိုင်တွေကို အသစ်စ တင်ဖန်တီးဖို့ ကြိုက်ရာ apps ကို တစ်ချက်နှိပ်လိုက်ရုံပါပဲ။
          Apps ရဲ့ ဘယ်ဘက်ထောင့် အပေါ်ဆုံးမှာရှိတဲ့ Menu button လေးကိုနှိပ်လိုက်ရင် Navigation panel လေးပွင့်လာပြီး ကိုယ်အသုံး ပြုချင်တဲ့ဖိုင်ကို အလွယ်တကူရှာပြီး ဖွင့်နိုင်ပါလိမ့်မယ်။ သိမ်းဆည်းထား တဲ့ Office Application ဖိုင်တွေ ကို အမျိုးအစားတွေ အလွယ်တကူ သိရှိနိုင်ဖို့ အရောင်နဲ့ရော ဖိုင်အမျိုး အစားနဲ့ပါ ခွဲခြားဖော်ပြပေးထားပါ တယ်။   Word, Excel, Powerpoint ဖိုင်အသစ်တွေ ဖန်တီး တဲ့နေရာမှာ စာမျက်နှာဒီဇိုင်းပုံစံ တွေကို အဆင်သင့်အသုံးပြုချင် ရင်လည်း အသုံးပြုနိုင်ဖို့ Templates တွေလည်း အသင့်အ တင့်ထည့်သွင်းပေးထားပါသေး တယ်။ 

ဖိုင်အသစ်တစ်ခု ဖန်တီးပြီး သိမ်းဆည်းတဲ့အခါ ဘယ်လိုဖိုင်အ မျိုးအစား (Extension) အနေနဲ့ သိမ်းဆည်းမလဲဆိုတာလည်း ရွေး ချယ်နိုင်ပါတယ်။ ဒီလိုအတိအကျ ရွေးချယ်ပေးခြင်းအားဖြင့် ဒီဖိုင် တွေကို PC တွေမှာပြန်လည်အသုံး ပြုတဲ့အခါ Version မကိုက်ညီတဲ့ အတွက် ဖွင့်လို့မရတဲ့ပြဿနာ လျော့နည်းသွားမှာဖြစ်ပါတယ်။ PDF ဖိုင်တွေဖွင့်တဲ့အခါ တခြား Acrobat reader တွေလိုပဲအသုံးပြု နိုင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါ တယ်။ ဒါ့အပြင်ဖိုင်တွေကို Zip ဖိုင်အဖြစ်ချုံ့ပြီး တခြားသူတွေဆီ ပြန်လည်မျှဝေနိုင်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment