မိုဘိုင်းပလက်ဖောင်းပေါ်မှာ Dota , LOL တို့လို Arona RTS ဂိမ်း မျိုး ဆော့ကစားလိုသူတွေအတွက် Heros of Order & Chaos ဟာ အသင့်တော်ဆုံးရွေးချယ်မှုဖြစ်ပါ တယ်။ တူညီတဲ့ ဂိမ်းကစားပုံကို မိုဘိုင်းပေါ်က Touch Control နဲ့ လိုက်ဖက်အောင်ပြုပြင်ထားပြီး တစ်ယောက်တည်းရော အများနဲ့ ပါ ပူးပေါင်းဆော့ကစားယှဉ်ပြိုင်နိုင် တဲ့ပုံစံက Dota ပရိသတ်တွေကို တောင် နှစ်သိမ့်စေမှာပါ။
ဒီဂိမ်းကိုကစားဖို့ Android 2.3 သို့မဟုတ် iOS 5.0 နဲ့ အထက် ရှိဖို့ လိုအပ်ပြီး အင်တာနက်လည်း ချိတ်ဆက်ထားရပါမယ်။ အွန်လိုင်း Dota ဆော့ကသဲ့သို့ မိမိရဲ့ Connection ကောင်းမွန်ရင် ပိုပြီးပြည့် စုံတဲ့ GamePlay အရသာခံစားရ မှာပါ။ ကစားသူဟာ World နဲ့ China ဆာဗာ နှစ်မျိုးကို အခမဲ့ဝင်ရောက်ဆော့ကစားနိုင်ပြီး ခကြေးငွေပေးစရာလုံးဝ မလိုဘဲ Gameloft live အကောင့် တစ်ခုတော့ ရှိဖို့လိုအပ်တယ်။ Game Live အကောင့်ကိုလည်း Email တစ်ခုရှိရုံနဲ့ အလွယ်တကူ ရရှိနိုင်တာကြောင့် ဒီဂိမ်းကိုကစား ဖို့ အပိုကုန်ကျစရာမရှိပါဘူး။ ပထမ ဆုံးစတင်ကစားသူအတွက် ကျူတို ရီရယ် မဖြစ်မနေဖြတ်သန်းရမှာဖြစ် ပြီး ငါးမိနစ်လောက်ပဲအချိန်ကြာမှာ ပါ။ Heros of Order & Chaos ဟာ အခြားဂိမ်းများကဲ့ သို့ မြေပုံ တစ်ခုတည်းမှာသာ အချိန်ကုန်ရ မှာမဟုတ်ဘဲ ကစားသူကိုရွေးချယ် ခွင့်အမြောက်အများပေးထားပြီး Solo,Co Op , Mutiplayer အစရှိသဖြင့် Mode 4 မျိုးခွဲခြား ထားပါတယ်။ Solo မှာ တစ်ဦး တည်းဆော့ကစားနိုင်သလို Co Op မှာ အခြားကစားသူတွေနဲ့ပေါင်း ပြီး AI ဟီးရိုးတွေကို ရင်ဆိုင်ရမှာ ပါ။ Sentinel နဲ့ Sourge ကဲ့သို့ Order နဲ့ Chaos နှစ်ဖက်ခွဲခြားထား ပြီး တစ်ဖက်အသင်းရဲ့ပင်မကို ဖျက်ဆီးနိုင်ရင်အနိုင်ရမှာပါ။ Hero ရွေးချယ်ရာမှာတော့ အနည်းငယ် ပြောင်းလဲမှုတွေပါဝင်လာပါပြီ။ အခြားသူရွေးချယ်ပြီးတဲ့ Hero ကို မရွေးချယ်နိုင်တော့ဘဲ မိမိဘက်က ယူမထားတဲ့ Hero ကိုသာ ကိုင်တွယ်နိုင်မှာပါ။ ဒါပေမဲ့ ပြိုင် ဘက်အသင်းက ယူထားတဲ့ Hero ကိုတော့ ထပ်ယူလို့ရပါတယ်။ ဒီဂိမ်းမှာ ပါဝင်တဲ့ Hero အရေအ တွက် ၃၀ ကျော်ကို Shop မှာ တစ်ဦးချင်းဝယ်ယူနိုင်ပြီး မ၀ယ်ဘဲ ဆော့ကစားလိုရင်လည်း အခမဲ့ငှား ရမ်းဆော့ကစားစေတဲ့ စနစ်ရှိပါ တယ်။Hero တိုင်းမှာ Spell 4 ခု ပါဝင်မှာဖြစ်ပြီး အမြင့်ဆုံး Level က ၁၅ ပါ။
ဒါ့အပြင် Ability တစ်ခုအပို ယူနိုင်ပြီး မိမိကစားပွဲတွေမှာအနိုင် ရလို့ Level တက်လာတာနဲ့ Ability အသစ်တွေရရှိနိုင်တဲ့စနစ် ကို ဖြည့်စွက်ထားပါတယ်။ မြေပုံ ဒီဇိုင်းအသစ် စိန်ခေါ်မှုအသစ်တွေနဲ့ Hero အသစ်တွေအပြင် Item ၀ယ် ယူမှုစနစ်အသစ် Neutral Ancient အသစ်တွေကလည်း မြေပုံ အလိုက်မတူညီအောင်ပါဝင်တာ ကြောင့် မိုဘိုင်းပလက်ဖောင်းပေါ် မှာ ဆော့ကစားသင့်တဲ့ အကာင်း ဆုံးဂိမ်းတစ်ခုဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment