Ocean Home








မိုဘိုင်းဖုန်းတွေ၊ Table တွေ၊ ipad တွေနဲ့ ဂိမ်းဆော့သူတွေရဲ့ အသည်းစွဲဂိမ်းတစ်ခုဖြစ်တဲ့ Infinity Blade III ဟာ အခပေးဂိမ်းတစ် ခုအဖြစ် အောင်မြင်နေချိန်မှာ Ocean Home ဆိုတဲ့ RPG ဂိမ်း လေးဟာ အခမဲ့ဂိမ်းတစ်ခုအဖြစ် စတင်အောင်မြင်လာခဲ့ပါတယ်။

ဈေးကွက်ထဲကိုစတင်တဲ့ အချိန်မှာ ပဲ အကောင်းဆုံး App စာရင်းရဲ့ ထိပ်ဆုံးအဆင့်မှာ ရပ်တည်နိုင်ခဲ့ ပြီး ဒီဂိမ်းကိုနာမည်ကြီး FDG Entertainment က ရေးသားတင် ဆက်ထားတာဖြစ်ပါတယ်။ FDG Entertainment ရဲ့ အခမဲ့ဂိမ်းအ ဖြစ် လက်ချိုးရေလို့ရတဲ့ အရေအ တွက်အနည်းငယ်လောက်သာရှိခဲ့ ပြီး Banana Kong လို ဂိမ်းမျိုးဟာ လူသိများလှပါတယ်။ ဒီဂိမ်းကို ခေတ်မီနောက်ဆုံးပေါ် Device တွေရှိမှ ဆော့လို့မှာမဟုတ်ဘဲ သာမန် အသင့်အတင့်ကောင်းမွန် တဲ့ Device တွေတိုင်းမှာဆော့က စားလို့ရအောင် စီစဉ်ပေးထားပါ တယ်။

ဒီဂိမ်းရဲ့ ထူးခြားချက်က နောက်ဆုံးပေါ်ဂရပ်ဖစ်ပုံရိပ်အသား ပေးဒီဇိုင်းနဲ့ ရေးဆွဲထားတာဖြစ်ပြီး ဂိမ်းရဲ့ ကြည် လင်ပြတ်သားမှုနဲ့ အမြန်နှုန်းအတွက် (fps)ကို လိုသ လို ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်း ရဲ့ နောက်ခံ ဇာတ် လမ်းကတော့ ကျယ်ပြောလှတဲ့ ပင်လယ်ပြာအနှံ့ ရွက်သဘေင်ဿာလေးတစ်စီးနဲ့ တစ် ကိုယ်တော် ရွက်လွှင့်ကာ စွန့်စား ခန်းတွေ ရှာဖွေရတဲ့ ဇာတ်လမ်း မျိုးဖြစ်ပါတယ်။ အန္တရာယ်တွေ ကြားမှာ သည်းထိတ်ရင်ဖိုရင်ဆိုင် တိုက်ခိုက်ရမယ့် နေရာတွေအပါအ ၀င် အဓိကဇာတ်ကောင်လူငယ် လေးဟာ သူ့အဖေထားရစ်ခဲ့တဲ့ လျှို့ဝှက်မြေပုံ(စာလိပ်)ကို ရှာဖွေ ရမှာဖြစ်ပါတယ်။

သမုဒဿဒရာထဲမှာရှိ တဲ့ အနဿတရာယ်တွေပြည့်နှက်နေတဲ့ ကျွန်းတွေပေါ်ကိုရောက်သွားတိုင်း ကြောက်မက်ဖွယ် သတ္တ၀ါတွေနဲ့ တိုက်ခိုက်ရသလို အစွမ်းထက် မှော်ပညာကိုလည်း ဘယ်လိုအသုံး ပြုရမယ်ဆိုတာ တဖြည်းဖြည်းသင် ယူရမှာဖြစ်ပါတယ်။ ပြီးရင် ကျွန်း တွေပေါ်မှာ မြှုပ်နှံထားတဲ့ ရတနာ တွေကိုလည်း ပဟေဠိဆန်ဆန် ရှာ ဖွေကာ ကျွန်းတစ်ခုချင်းစီမှာရှိတဲ့ လျှို့ဝှက်ချက်တွေကို မရမကဖော် ထုတ်ရဦးမှာဖြစ်ပါတယ်။

 ဆော့က စားတဲ့သူရဲ့ ဖြတ်ထိုးဉာာဏ်နဲ့ကျွမ်း ကျင်မှုတို့ကိုအသုံးပြုပြီး ဒဏ္ဍရီ ဆန်ဆန် သတ္တ၀ါကြီးတွေကို တိုက် ခိုက်ကျော်လွှားကာ ပြိုကွဲလုနီးပါး ဖြစ်နေတဲ့ တိုင်းပြည်ကြီးကို ပြန် လည်စုစည်းရမှာဖြစ်ပါတယ်။ ရင် သပ်ရှုမောဖွယ်ကောင်းလောက်တဲ့ ဂိမ်းရဲ့ အပြင်အဆင်ပိုင်းကတော့ ကစားသူကိုအမှန်တကယ် စိတ် လှုပ်ရှားစေပါလိမ့်မယ်။ ဒီဂိမ်းရဲ့ အသံပိုင်းဆိုင်ရာအတွက် Final Fantasy နဲ့ Sklen Densetu တို့ရဲ့ အသံဖန်တီးသူတွေကပဲ ၁၀ နာရီစာ ကြာမြင့်တဲ့ တေးသီချင်း တွေ၊ နောက်ခံသံစဉ်တွေနဲ့ ပံ့ပိုး ထားတာဖြစ်ပါတယ်။



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment