ဖက်ရှင်ကျဖို့အမူအကျင့်တွေကအရေးကြီးတယ်









ဖက်ရှင်ကျတယ် ဖက်ရှင်ကျတယ်ဆိုတာ အ၀တ်အစားကိုသပ်သပ်ရပ်ရပ် စနစ်တကျဝတ်စားတတ်ရုံ၊ မိတ်ကပ်ပြင်ဆင်ခြယ်သတတ်ရုံနဲ့တင်မပြီးပါဘူး။ ဒီလိုပြင်ပသွင်ပြင်ဟန်ပန်တွေကို ကူညီပံ့ပိုးပေးနိုင်ဖို့အ တွက် ဘ၀နေထိုင်မှုအမူအကျင့်တွေကလည်းအရေးပါပါတယ်။ အဲဒီတော့ စစ်မှန်တဲ့ဖက်ရှင်ကျတဲ့ လူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေရှိသင့်သလဲ။

ငြင်းဆိုတတ်ပါစေ
ကိုယ်မလုပ်ချင်တဲ့အလုပ်တစ်ခု မသွားချင်တဲ့နေရာတစ်ခုကို သွားစေဖို့ညွှန်ကြားတာ၊ ဖိအားပေးခံရတဲ့ အခါမှာ ငြင်းဆန်ဖို့ဘယ်တော့မှ ကြောက်ရွံ့မနေပါနဲ့။ မိသားစုအတွက်ပဲဖြစ်စေ၊ မိတ်ဆွေ သူငယ်ချင်း အတွက်ပဲဖြစ်စေပေါ့။ ကိုယ့်မှာအချိန်မရှိကြောင်း ငြင်းဆိုတတ်ခြင်းက အလုပ်တစ်ခုကို လက်ခံလိုက်ပြီး ဘာမှမလုပ်ဆောင်ပေးနိုင်လိုက်တာထက် ပိုပြီးကြည့်ကောင်းပါတယ်။ 

စိတ်ကိုခေတ္တအနားပေးပါ
ကိုယ့်အတွက်အရေးမကြီးတဲ့အရာတွေ …ဥပမာ-အ၀တ်အစား၊ မိတ်ကပ်၊ ဆံပင်ပြင်ဆင်တာ သူများတွေက ကိုယ့်ကိုဘယ်လိုများမြင်နေကြသလဲ။ ကိုယ်လုပ်လိုက်မိတဲ့အမှားလေးတစ်ခုကို သူတို့တွေ ဘာများဝိုင်းပြီး ကဲ့ရဲ့အပြစ်တင်ဝေဖန်နေကြမလဲ စတဲ့စိုးရိမ်ပူပန်မှုတွေအတွက် ဘ၀မှာအချိန်ဘယ်လောက် အကျိုးမရှိဘဲ ကုန်ဆုံးခဲ့ပြီးပါပြီလဲ။ စိတ်ကိုခဏလောက်အနားပေးကြည့်ပြီး ပြန်လည်သုံးသပ်ကြည့်ပါ။ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာ သိလိုက်ရတဲ့အချိန်မှာ စိတ်ကအေးချမ်းသွားပါလိမ့်မယ်။ 

မိသားစုသူငယ်ချင်းတွေကလည်း အရေးကြီးတယ်။
မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေဆိုတာ လူတိုင်းအတွက်အရေးကြီးဆုံးပါ။ ချစ်သူက အရေးကြီးဆုံးလို့ ထင်မြင်နေပေမယ့် တကယ်တမ်း ကိုယ့်ကိုစစ်မှန်တဲ့နွေးထွေးမှု၊ ပျော်ရွှင်မှုပေးမှာက မိသားစုပါပဲ။ စစ်မှန်တဲ့ အကြင်နာတရားရလာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက အလိုအလျောက်တိုးပွားလာပါလိမ့်မယ်။ 

စဉ်းစားချင့်ချိန်ပြီးလုပ်ပါ
အလုပ်မျိုးစုံကို တစ်ပြိုင်နက်တည်းလုပ်နေတာက သူများတကာအမြင်မှာ ကြည့်ကောင်းနေတယ် ထင်ရပေ မယ့် တကယ်တမ်းကျတော့ အလုပ်မဖြစ်တဲ့ကိစ္စတွေပါ။ အလုပ်မျိုးစုံကိုတစ်ပြိုင်နက်တည်း စဉ်းစားနေရတဲ့ အတွက် အာရုံစူးစိုက်နိုင်စွမ်းတွေကျဆင်းလာမယ်။ အဆိုးရွားဆုံးက ကိုယ်ဆောင်ရွက်တဲ့ကိစ္စမပြီးမြောက် မအောင်မြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့ပါးလာခြင်းပဲဖြစ်ပါတယ်။

တစ်ခါတလေအပြီးသတ်စရာမလိုပါ။
ရှိရှိသမျှအလုပ်တွေအားလုံး တစ်နေ့တည်းနဲ့ ပြီးဆုံးရမယ်ဆိုတဲ့ အလေ့အကျင့်မျိုးစိတ်ထဲဝင်မလာမိဖို့လည်း သတိပြုပါ။ တစ်ခါတရံ အောင်မြင်ကောင်း အောင်မြင်နိုင်ပေမယ့် 'ပြီးပါ့မလား'ဆိုတဲ့ ကြောက်ရွံ့မှုနဲ့အတူ ကိုယ့်ရဲ့စွမ်းဆောင်ရည်ပါ ကျဆင်းလာပါလိမ့်မယ်။ ဒါကအချိန်ဆွဲပြီးလုပ်ရမယ်လို့ မဆိုလိုပါဘူး။ စမတ်ကျ တဲ့လူတိုင်းက အစီအစဉ်ဆွဲပြီး အလုပ်လုပ်လေ့ရှိပါတယ်။ အစီအစဉ်ဆွဲတာက ကိုယ့်စိတ်ကိုနားနေချိန် လွတ်လပ်ချိန်ပေးလိုက်သလိုဖြစ်ပြီး ကိုယ့်ကိုစွမ်းဆောင်ရည် တိုးတက်လာစေပါလိမ့်မယ်။

အဆက်အသွယ်တွေဖြတ်တောက်ထားဖို့လည်းလိုအပ်တယ်
ဖုန်းမကိုင်လို့ E-mail မပြန်လို့ ဘယ်သူကမှအပြစ်တင်ရှုံ့ချနေမှာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က ဖုန်းမဖြေ လိုက်လို့လည်း လူတိုင်းက သတိပြုမိနေမှာမဟုတ်ပါဘူး။ အဲဒီအတွက် တစ်ခါတရံ လျှပ်စစ်ပစ္စည်းလေးတွေ ကနေ အဆက်ဖြတ်ပြီး စိတ်ကိုအနားပေးထားတတ်ဖို့လည်းလိုပါတယ်။

အနားယူပါ
တစ်နေ့တာကို စမတ်ကျကျဖြတ်သန်းသွားနိုင်ဖို့အတွက် အလုပ်လုပ်သလို အနားယူတတ်ဖို့လည်း လိုပါတယ်။ တစ်နေ့တာလုံး မနားမနေအလုပ်လုပ်နေမယ်ဆိုရင် နေ့စဉ်ရက်ဆက်လာတဲ့အခါ စိတ်တွေပင်ပန်းပြီး တီထွင်ဖန်တီးနိုင်စွမ်းတွေ လျော့ပါးလာပါလိမ့်မယ်။ အဲဒါကြောင့် အလုပ်လုပ်နေတဲ့ အချိန်အတွင်းမကြာခဏအနားယူပေးတတ်ဖို့ကလည်း အရေးကြီးဆုံးပါပဲ။

ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ပါ
ကိုယ့်ရဲ့ကိုယ်ပိုင်အချိန် ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို မထိခိုက်နိုင်ဖို့အတွက် ကိုယ်တိုင်စည်းမျဉ်း စည်းကမ်းတွေထုတ်ထားတတ်ဖို့လိုပါတယ်။ ကိုယ်နားနေဖို့ သတ်မှတ်ထားတဲ့အချိန် ကိုယ်အလုပ်လုပ်ဖို့သတ်မှတ်ထားတဲ့အချိန်မှာ အရေးမကြီးတဲ့ ကိစ္စတွေကို ဘေးချိတ်ထားလိုက်ပါ။

အကူအညီတောင်းခံဖို့မ ကြောက်ရွံ့ပါနဲ့
နောက်ဆုံးတစ်ခုအနေနဲ့ကတော့ လိုအပ်တဲ့အချိန်မှာအကူအညီတောင်းခံဖို့ကို ဘယ်တော့မှ တွန့်ဆုတ်မနေပါနဲ့။ တကယ်လို့ ကိုယ့်အနေနဲ့ လိုအပ်တဲ့အကူအညီမတောင်းခံတတ်ရင်တော့ ကိုယ်လိုအပ်နေတာကို ဘယ်သူမှသိရှိနိုင်မှာမဟုတ်ပါဘူး။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment