OMG :TD လို့ခေါ်တဲ့ OH My Gods! Tower Defense



ဒီတစ်ပတ်တော့ Defense Game တွေ ကြိုက်နှစ်သက်သူများ အတွက် OMG :TD လို့ခေါ်တဲ့ OH My Gods! Tower Defense ဂိမ်းလေးကိုဖော်ပြပေးချင်ပါတယ်။ ဂရိဒဏ္ဍရီလာ နတ်ဘုရားတွေကို Tower Defense ပုံစံဆော့ကစား ရမှာဖြစ်တဲ့အတွက် အတော်လေး ထူးခြားမှုရှိပါတယ်။ ခေတ်အဆက် ဆက်ရာဇ ၀င်တွေ၊ ဇာတ်ကားတွေ ထဲမှာ မင်းမူခဲ့တဲ့ နတ်ဘုရားတွေ ဟာ သင်ထိန်းချုပ်ဆော့ကစားရ မယ့် အဓိက ဇာတ်ကောင်တွေဖြစ် လာပါတယ်။

 မှော်ပညာအစွမ်းနဲ့ ရုတ်တရက်ပေါ်ပေါက်လာတဲ့ မ ကောင်းဆိုးဝါးအုပ်စုအဖွဲ့အစည်း တွေကို နှိမ်နင်းဖို့ အတွက် ဒဏ္ဍရီ ထဲက နတ်ဘုရားတွေကို ဆင့်ခေါ်ရမှာဖြစ်ပါတယ်။ ဒီလိုဆင့်ခေါ် လိုက်တာနဲ့ စွမ်းအင်တစ် မျိုးစီပိုင် ဆိုင်တဲ့သူရဲကောင်းစစ်သည်တွေ အများအပြားဟာ တိုက်ပွဲမှာချက် ချင်းပြည့်လျှံသွားအောင် ပေါ်လာ ကာ သင့်ကိုကူညီတိုက်ခိုက်ပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်ကို ကျ ရောက်နေတဲ့ အန္တရာယ်ဆိုးတွေ ကို တစ်ခုပြီးတစ်ခုဖယ်ရှားကာ နောက်ထပ်နယ်မြေအသစ်တွေကို Unlock ပြုလုပ်ရမှာဖြစ်ပါတယ်။

ပေါ်ပေါက်လာတဲ့ နတ်ဘုရားတွေ ဟာလည်း ကိုယ်မြှင့်တင်ထားတဲ့ Level အရသာအလိုက် အစွမ်းပြ တိုက်ခိုက်မှာဖြစ်ပြီး တစ်ခါတရံ မကောင်းဆိုးဝါးတွေကို ကျော် လွှားနိုင်ဖို့ ခက်ခက်ခဲခဲကစားရမှာ ဖြစ်ပါ တယ်။ မတူညီတဲ့ ဂြိုဟ် ကမ္ဘာသုံးခုအပေါ်မှာ သည်းထိတ် ရင်ဖိုဆော့ကစားအပြီးမှာ Level အဆင့် ၂၀ ထိမြှင့်တင်နိုင်မှာဖြစ် ပါတယ်။ ကိုယ့်ရဲ့ ဆော့ကစားနိုင် တဲ့စွမ်းရည်ကို တဖြည်းဖြည်း လေ့ ကျင့်ယူရ မှာဖြစ်သလို တိုးမြှင့်လာ တဲ့အခါမှာတော့ အခြားစိန်ခေါ်ဆော့ကစားနိုင်တဲ့အခွင့်အလမ်း တွေ ပေါ်ပေါက် လာမှာဖြစ်ပါတယ်။

တိုက်ခိုက်နေတဲ့စစ်ပွဲအတွင်းမှာ ရှုံးနိမ့်သွားခဲ့ရင်တောင် Totam နတ်ဘုရားနဲ့အတူ သူ့ရဲ့အပေါင်းအပါ တွေ ဟာ မျက်နှာပြင်မှာရုတ်တ ရက်ပေါ်ပေါက်လာပြီး သူတို့ရဲ့ အောင်မြင်မှုအတွက် ကြွှေးကြော် တာကိုမြင်ရ မှာဖြစ်ပါတယ်။ ဒီဂိမ်း လေးဟာ အလွန်ဆော့ကစားလို့ ကောင်းတဲ့Tower ဂိမ်းလေးဖြစ် ပြီး ဆော့ကစားရတဲ့ ပုံစံကလွယ် ကူပါတယ်။ Tower ဂိမ်းကိုစတင် ဆော့ကစားမယ့်သူတွေတောင် အချိန်ခဏတာအတွင်း ဘယ် လို ဆော့ကစားရတယ်ဆိုတာ သိရှိ နားလည်သွားနိုင်ပါတယ်။ Tower တွေကနေ လွတ်ထွက်လာတဲ့ မ ကောင်းဆိုးဝါးတွေကို မိုးကြိုး၊ မီး လက်နက်၊ ရေလက်နက်တွေနဲ့ တိုက်ရိုက်နှိမ်နင်းနိုင်အောင် ပြုလုပ် ပေးထားပါသေးတယ်။

နတ်ဘုရား တစ်ပါးစီရဲ့ ထူးခြားတဲ့အစွမ်းတစ် ခုစီကို ပိုင်ဆိုင်ခဲ့ရင်တော့ အမျိုး ပေါင်း ၄၀ ကျော်ရှိတဲ့ မကောင်း ဆိုးဝါးတွေကို နှိမ်နင်းတဲ့အခါ ပိုမို လွယ်ကူမှာဖြစ်ပါတယ်။ နောက် ထပ် ထူးခြားချက်တစ်ခုက ဂရိ ဒဏ္ဍရီထဲက မကောင်းဆိုးဝါး အကောင်ကြီးတွေကို ဒီဂိမ်းမှာ မျက်ဝါးထင်ထင်တွေ့မြင်ရမှာဖြစ်ပါ တယ်။ Yodo I Games ကုမ္ပဏီက ဂိမ်းဇာတ်ကောင်တွေကို ကာတွန်း ဆန်ဆန် ရေးဆွဲထားပေမယ့် ပါဝင် တဲ့အသုံးအဆောင်၊ လက်နက်နဲ့ အပြုအမူတွေက တကယ်ကိုဒဏ္ဍ ရီတွေထဲကအတိုင်း ရေးဆွဲထား တာဖြစ်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment