Up to date Tech (Gorilla Glass)











          စမတ်ဖုန်းတွေ Tablet တွေရဲ့ မျက်နှာပြင် မှာ အစင်းရာအခြစ်ရာ မထင်နိုင်တော့ဘူးဆိုရင် အခုအ ချိန်မှာ သင်အံ့သြမိမှာ မဟုတ်တော့ ပါဘူး။ ဘာကြောင့်လဲဆိုတော့မျက် နှာပြင်နည်းပညာတွေထဲမှာ အ ကောင်းဆုံးလို့သိထားပြီး သံမဏိ မှန်ပြင်လို့ တင်စားခေါ်ဆိုကြတဲ့ Gorilla Glass ရဲ့ တတိယမျိုး ဆက် Gorilla Glass 3  ကိုနောက် ဆုံးပေါ် စမတ်ဖုန်းအတော်များများ မှာ အသုံးပြုလာခဲ့ကြပြီဖြစ်ပါတယ်။

          Glass 3 ရဲ့ခံနိုင်ရည်အားဟာ မှန်ပြင်ပေါ်ကို 130g လေးတဲ့ စတီးဘောလုံးလေးကို အမြင့်ကနေ အရှိန်နဲ့ပစ်ချ စမ်းကြည့်တဲ့အခါ မျက်နှာပြင်ပေါ်ကျရောက်လာတဲ့ ဘောလုံးဟာ ပြန်ပြီးကန်ထွက် သွားတာ တွေ့ရပါတယ်။ မျက်နှာ ပြင်မှာလည်း အစင်းရာ၊ အက်ရာ သေးသေးမွှားမွှားလေး တစ်စုံတစ် ရာတောင် မထင်ကျန်ခဲ့ပါဘူး။

          စမတ်ဖုန်းတွေ၊ Tablet တွေ ဟာ နေ့စဉ်အသုံးပြုနေကြတဲ့ပစ္စည်း တွေဖြစ်တာကြောင့် တစ်ချိန် ချိန်မှာ တစ်ခုခုနဲ့ ထိမိခိုက်မိတာမျိုးဟာ မလွဲမသွေဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ စမတ်ဖုန်း မျက်နှာပြင်သာ ကွဲရှသွားမယ်၊ အက်သွားမယ်ဆိုရင် အစားထိုးလဲ လှယ်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စတစ်ခု ဖြစ်လာပါလိမ့်မယ်။ နောက်ပိုင်း အဆင့်မြင့်စမတ်ဖုန်း တွေဟာ ဖုန်းရဲ့ Hardware ပိုင်းကိုမြှင့် တင်ပြီး Display နည်းပညာ အသစ်တွေ ထည့်သွင်းလာတာ နဲ့အညီ Gorilla Glass ကိုမဖြစ်မ နေ ထည့်သွင်းအသုံးပြုလာကြပါ တယ်။ 

          အမေရိကန်နိုင်ငံ အခြေစိုက် Corning Inc ဟာ ၁၉၈၉ ခုနှစ် အစောပိုင်းမှာ Corning Glass Works လို့ လူသိများခဲ့ပြီး မှန်နဲ့ပတ်သက်တဲ့ ထုတ်ကုန်အ များစုကို တီထွင်ထုတ်လုပ်ပါတယ်။ အစပိုင်းမှာ စားပွဲတင်မှန်နဲ့ မီး ဖိုချောင်သုံးမှန်အများစုကို ထုတ် လုပ်ခဲ့ကာ တစ်ကမ္ဘာဘာလုံးရဲ့ထုတ် လုပ်မှု၈ ရာခိုင်နှုန်း အထိ ရှိပါတယ်။ ၂၀၀၈ ရောက်တဲ့အခါမှာတော့ ပုံရိပ်မျက်နှာပြင်ဆိုင်ရာနည်းပညာ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနည်း ပညာ၊ လူမှုဘ၀အကျိုးပြု သိပ္ပံနည်း ပညာ၊ ဆက်သွယ်ရေးနည်းပညာ တွေနဲ့ အခြားစီပွားရေး လုပ်ငန်း အများအပြားမှာ ၀င်ရောက် နေရာယူလာခဲ့ပါတယ်။ Gorilla Glass ကို ၂၀၀၇ ခုနှစ်၊ ဇွန်လ မှာထွက်ရှိခဲ့တဲ့ Apple ရဲ့ iPhone မှာ စတင်အသုံးပြုခဲ့ပါတယ်။ 

          Gorilla Glass 2 ကိုထွက်ရှိ ပြီးခဲ့တဲ့ Galaxy SIII မှာ စတင် အသုံးပြုခဲ့ပါတယ်။ Glass 2 ဟာ ၂၀ ရာခိုင်နှုန်း ပိုမိုပါးလွှာပြီးခံ နိုင်ရည်စွမ်းအား ပိုပြီးမြင့်မားလာပါ တယ်။ မျက်နှာပြင်ဟာပြောင် လက်ချောမွေ့နေတာကြောင့် Touch Screen သုံးနည်းပညာထုတ် ကုန်တွေ (ဥပမာ- မိုဘိုင်းဖုန်း၊ Tablet )မှာ နေ့စဉ်အသုံးပြုနေတဲ့ အတွက် ထိမိခိုက်မိတဲ့ဒဏ်တွေကို ခံနိုင်ရည်ရှိပါတယ်။ Gorilla Glass 3 ကိုတော့ အကြမ်းခံနိုင်မှု သုံးဆ ထပ်မံမြှင့်တင်ခဲ့ပြီး Gorilla Glass 2 ထက် အစင်းရာအထင်ခံနိုင်မှု ၄၀ ရာခိုင်နှုန်းပိုပါတယ်။

          မျက်နှာပြင်ဟာ ဘယ်အချိန် ကြည်ကြည့် အသစ်အတိုင်းဖြစ်နေ စေပြီး နည်းပညာမြင့်ထုတ်ကုန် တွေကို အဆင့်အတန်းပိုမိုမြင့်မား စေပါတယ်။  လက်ရှိအချိန်ထိ ဘယ်နည်းပညာမျိုးမှ Gorilla Glass ရဲ့ ခံနိုင်ရည်အားကို ယှဉ်နိုင် စွမ်းမရှိဘဲ 2.0mm ကနေ  0.5mm  အထိ ပါးလွှာတဲ့မှန်မျိုးထုတ်လုပ် နေပြီဖြစ်ပါတယ်။ 

          ပြင်းထန်တဲ့ ထိခိုက်မှုဒဏ် တွေကို ခံနိုင်တယ်ဆိုတော့ """ သင့်မှာ မေးစရာတစ်ခုရှိပါလိမ့်မယ်။ ''Gorilla Glass ဟာ မကွဲနိုင်တော့ ဘူးလား'' ဆိုတဲ့မေးခွန်းပါ။ Gorilla Glass 2 ဟာ ဖိအား 54kg ထိ (ပေါင် ၁၂၀)ကို ခံနိုင်ရည်ရှိပါတယ်။ ဒါဟာ ရုတ်တရက်ဖုန်းလွတ်ကျ တာတို့၊ တစ်စုံတစ်ခုနဲ့ ရိုက်မိတာ တို့ကနေ ကောင်းကောင်းကာ ကွယ်နိုင်ပါတယ်။ အခုအခါ Gorilla Glass ကို ကုန်ပစ္စည်းအမှတ်တံ ဆိပ် ၃၃ မျိုးကျော်မှ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအမျိုးအစားပေါင်း ၉၀၀ ကျော်မှာ အသုံးပြုနေပြီဖြစ်ပါတယ်။  အရေအတွက်အားဖြင့် ကမ္ဘာတစ် ၀ှန်းလုံးမှာ သန်းတစ်ထောင်ကျော် အသုံးပြုပြီး ဖြစ်ပါတယ်။ ၂၀၁၃ အတွင်းမှာပဲ  အသုံးပြုခဲ့တဲ့ ပစဿစည်း အရေအတွက်ဟာ ၅"၁ သန်းကျော် တိုးတက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် ထက် ၁၅ ရာခိုင်နှုန်းကျော် တိုးတက်လာတာတွေ့ရပါတယ်။ 

          ခြေလှမ်းသစ်တစ်ခုအဖြစ် Christie Digital System နဲ့ ပူးပေါင်းကာ Gorilla Glass သုံးထားတဲ့ Video Wall အဖြစ် အသုံးပြုကြတဲ့ 55" LCD တီဗွီ တွေထုတ်လုပ်ဖို့လည်း Corning Inc." က ကြံစည်နေပြီဖြစ်ပါတယ်။ နောက်ပိုင်းထွက်ရှိလာမယ့် Smart Phone နဲ့ Tabletအများစုမှာ မျက်နှာပြင်ထိခိုက်မှုကို ကာကွယ်ဖို့ အတွက် Gorilla Glass ကို မဖြစ် မနေ စံတစ်ခုအနေနဲ့ အသုံးပြု လာကြပြီဖြစ်ပါတယ်။

          Gorilla  ဆိုတဲ့နာမည်ဟာ တကယ့်  Gorilla မျောက်ဝံတွေရဲ့ အကြမ်း ခံနိုင်မှုကိုသဘောကျတဲ့ Gorilla Glass  လို့ ယူသုံးထား တာဖြစ်ပြီး ၁၉၈၇ ကတည်းက Dian Fossey တည်ထောင်ထား တဲ့ Gorilla Fun International ကို နှစ်စဉ်ဒေါ်လာ ၂၅ယ၀၀၀ လှူ ဒါန်းခဲ့ပါတယ်။ Gorilla  တွေရဲ့ အ ကျင့်စရိုက်၊ အပြုအမူနဲ့ သင်ယူနိုင် စွမ်းတွေကို လေ့လာနိုင်ဖို့ သုတေ သနပြုလုပ်နိုင်ဖို့ကိုလည်း ကူညီ ထောက်ပံ့ပေးထားပါတယ်။
          Gorilla Glass ဟာ ပတ်ဝန်း ကျင်နဲ့ သဟဇာတဖြစ်စေတဲ့ ကုန် ကြမ်းပစဿစည်းတွေကနေ ထုတ်လုပ် ထားပြီး Recycle ပြုလုပ်နိုင်ပါ တယ်။ Gorilla Glass ရဲ့ အားသာ ချက်တစ်ခုက မှန်ဆိုပေမယ့် ကွေး နိုင်တဲ့ အချက်ပါပဲ။ ဈေးကွက်ရဲ့လိုအပ်ချက်ကို အမြဲတမ်းနားစွင့် နေတဲ့ Cornig ဟာ Touch Screen နည်းပညာဖွံ့ဖြိုးလာတာ နဲ့အတူ ပိုပြီးအရေးပါလာခဲ့ပါတယ်။
          အခုဆိုရင် စမတ်ဖုန်းဝယ် တော့မယ်ဆိုရင် မဖြစ်မနေ သိထား သင့်တဲ့အချက်တွေထဲမှာ Gorilla Glass ကို ထည့်သွင်းရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်း ကလို ဖုန်းမျက်နှာပြင်ကို တစ်ခုခုနဲ့ ရိုက်မိတဲ့အခါမျိုး၊ ရုတ်တရက် ဖုန်းလွတ်ကျတဲ့အခါမျိုးတွေမှာ မျက်နှာပြင် ကွဲသွားမလား၊ အက် သွားမလားဆိုတဲ့ စိုးရိမ်ထိတ်လန့် စေမှုမျိုးတွေ ရှိတော့မှာမဟုတ်ပါ ဘူး။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment