အရွယ်လွန် မိန်းမသားတွေ့ရဲ့အချစ်









အရွယ်တော် တစ်စိတ်ဟိုင်းလာပေမယ့် အခုချိန်ထိ တစ်ကိုယ်တည်းအပျိုကြီးလုပ်နေရသူတွေအတွက် မျှော်လင့်စရာတွေလည်း ရှိနေပါတယ်။ ရတာမလို လိုတာမရမဖြစ်ရလေအောင် သဘာဝတရားကြီးက တစ်မျိုးတစ်ဖုံဖန်တီးပေးထားပါတယ်။ အဲဒါကတော့ ကိုယ့်ထက်ငယ်ရွယ်တဲ့ ယောက်ျားတွေနဲ့ လက်တွဲမိရင် ရရှိလာမယ့်အကျိုးကျေးဇူးတွေကလည်း မနည်းမနောပါပဲ။ တိတိကျကျပြောပြရရင်ဖြင့်…

သူက အတ္တနည်းနိုင်တယ်
အများအားဖြင့် လူငယ်တွေဟာ အတ္တမာန ပိုမိုနည်းပါးလေ့ရှိပြီး အလုပ်လုပ်ရာမှာလည်း ခိုကပ်လေ့မရှိပါ ဘူး။ ဒါဟာ အပျိုဟိုင်းကြီးတွေအတွက် ဘ၀မှာရေရှည်လက်တွဲရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းလည်း ရှိနိုင်တယ်
စိတ်ထဲမှာ ဘာတစ်ခုမှချန်မထားတတ်ဘဲ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်လေ့ရှိလို့ ပြဿနာဖြစ်လာရင် လည်း ဖြေရှင်းရပိုလွယ်နိုင်ပါတယ်။ ချစ်သူနှစ်ယောက်ကြားမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတာက ဘ၀တစ်သက်စာလက်တွဲ ထားသူတွေအတွက် မဖြစ်မနေ လက်ကိုင်ဆောင်ထားရမယ့်အချက်ပါပဲ။ နောက်တစ်ခုက ကိုယ့်ကိုပျော်ရွှင်အောင် ရယ်စရာဟာသပြက်လုံးလေးတွေနဲ့ တစ်ချိန်လုံး နောက်ပြောင် ကျီစယ်တဲ့ အလေ့အထလည်း ရှိနိုင်ပါတယ်။

ကိုယ့်ဆီကလည်း အကြံဉာဏ်တွေယူတယ်
ကိုယ့်ကသူ့ထက်အသက်ပိုကြီးလို့ သူ့အနေနဲ့အရေးကြီးတဲ့ ကိစ္စတွေအတွက် အကြံဉာဏ်တွေလည်း တောင်းခံလာနိုင်ပါတယ်။ ပြောရရင် အဲဒီလိုအကြံဉာဏ်တောင်းတဲ့အခါမှာလည်း တကယ်ကို စိတ်ပါဝင်စား မှုအပြည့်နဲ့နားထောင်နေတာများပါတယ်။ သူ့စိတ်ထဲမှာ ကိုယ်ကသူ့ထက်ဘ၀အတွေ့အကြုံပိုများတယ်လို့ လက်ခံထားတဲ့အချက်ကလည်း ကိုယ့်ကိုပိုမိုလေးစားမှုရှိစေပါတယ်။

အသက်ငယ်တော့ နောက်ကြောင်းရှင်းသူလည်းပိုဖြစ်နိုင်တယ်
ဘာပဲပြောပြော အသက်ငယ်ရွယ်သူတစ်ယောက်အနေနဲ့ နောက်ကြောင်းပိုရှင်းနိုင်တာ အမှန်ပါပဲ။ ကိုယ်နဲ့သက်တူရွယ်တူ၊ အသက်ကြီးသူတွေမှာ ကြုံတွေရလေ့ရှိတဲ့ စေ့စပ်ကြောင်းလမ်းပျက် သွားတာ မျိုးတွေ၊ အရင်မိန်းမကကိုယ့်ရှေ့မှာ ပြဿနာလာရှာတာမျိုးတွေ၊ သူ့အခန်းထဲမှာ ရည်းစားဟောင်းရဲ့ပစ္စည်း အသုံးအဆောင်တွေ့တာမျိုတွေလည်း မကြုံတွေ့ရတော့တာအမှန်ပါပဲ။

သူက စွမ်းဆောင်ရည်လည်း ပိုကောင်းနိုင်တယ်လေ
အချစ်ကိစ္စတွေမှာ ငယ်ရွယ်သူဖြစ်လို့ Romatic ဆန်တဲ့ စွမ်းဆောင်ရည်တွေကလည်း ကိုယ့်ကို အံ့အားတ သင့်နဲ့ ပျော်ရွှင်မှုတွေပေးစွမ်းနိုင်ပါတယ်။ ကိုယ်က တနင်္ဂနွေလိုအားလပ်ရက်မျိုးဆို အိမ်မှာအပျင်းထူစွာနဲ့ အိပ်နေချင်တယ်ဆိုရင်တောင် သူကသွက်သွက်လက်လက်နဲ့ ကိုယ့်အိမ်ထိလာပြီးအပြင်ထွက်လည်ဖို့ ခေါ်နိုင်ပါတယ်။ နောက်ပြီး အချစ်ရေးကိစ္စတွေမှာလည်း ကိုယ်ထင်ထားတာထက်တောင် ပိုမိုစွမ်းဆောင်နိုင်ပြီး တစ်ခါတလေ ကိုယ့်ဘက်ကအလျှော့ပေးတော့မှ တော်ပြီဆိုတာမျိုးတောင် ဖြစ်တတ်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment