Ubisoft ရဲ့ Side – Scroling မော်တော်ဆိုင်ကယ်ပြိုင်ဂိမ်း










Ubisoft ရဲ့ ဆိုင်ကယ် ဂိမ်း ကလေးအကြောင်းရေးပြချင်ပါတယ်။ ဒီ Ubisoft ရဲ့ Side – Scrolling မော်တော်ဆိုင်ကယ်ပြိုင်ဂိမ်းဖြစ်တဲ့ Trial တွေကို အတုခိုးပြီး လိုက် ထုတ်ကြတဲ့ iOS ဂိမ်းပေါင်းများစွာ ရှိပေမယ့်၊ Console တွေ၊ PC ပေါ်တွေက ဂိမ်းကိုတော့ အမီမ လိုက်နိုင်ခဲ့ကြပါဘူး။ အခုအချိန်မှာ သတင်းကောင်းတစ်ရပ်အနေနဲ့ Trials Frontier အား App Store ပေါ်ကို အရောက်ပို့ပေးလိုက်နိုင်ခဲ့ ပါပြီ။ ဂိမ်းရဲ့ကစားပုံအပိုင်းမှာတော့ စိန်ခေါ်မှုရှိပြီး၊ အန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့လမ်းကြောင်းတွေပေါ်မှာ စံချိန်ကောင်းရနိုင်ဖို့ ယှဉ်ပြိုင် ရမှာပါ။ အရင်ထုတ်ခဲ့တဲ့ဂိမ်းတွေ နဲ့ယှဉ်ရင် ဒီဂိမ်းရဲ့ရုပ်ထွက်ကပိုပြီး ကာတွန်း ရုပ်တွေနဲ့ပိုတူပါတယ်။ ကျယ်ပြန့်လှတဲ့ ကမ္ဘာကြီးထဲမှာ ဆိုင်ကယ်စီးရင်းလျှောက်သွားနေရ တဲ့ အနေ အထားကို စိတ်ကူးယဉ်ကြည့်လိုက်ပါ။

ဂိမ်းကိုဆော့နေရင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ ကိုယ့်မိတ် ဆွေတွေနဲ့ Leader boards တွေပေါ်မှာ အချင်းချင်း လည်းယှဉ် ပြိုင်နိုင်ဦးမယ်။ ကောင်းမွန်လှတဲ့ Physics ကြောင့်အမှန်တကယ် ဆိုင်ကယ်မောင်းနေရတဲ့ ခံစားချက် မျိုးကို အကောင်းဆုံးပေးစွမ်းနိုင် တယ်။ စွန့်စားရမှုတွေ၊ အူကြောင် ကြောင်ဇာတ်ကောင်တွေနဲ့၊ သနား ညှာတာမှုလုံးဝမရှိသလောက် ဆွဲ ဆောင်မှုတကယ်ကောင်းတဲ့ လမ်း ကြောင်းတွေမှာ ယှဉ်ပြိုင်ရမယ်ဆို တာက ဆိုင်ကယ်ပြိုင်ပွဲဂိမ်းတွေကို ကစားနေကြဖြစ်နေတဲ့ ဂိမ်းပရိ သတ်တွေအဖို့တော့ လက်ယား စေမယ့်ဂိမ်းမျိုးဖြစ်လာမှာအမှန်ပါပဲ။ တည်ဆောက်ပုံကောင်းမွန်တဲ့ဂိမ်း ရဲ့Interface က Touch Screen တွေအတွက် ကိုက်ညီမှုအရှိဆုံး ဖြစ်အောင် ပြင်ဆင်ပေးထားပါ တယ်။

အခု Trials Frontier ဟာ Redlynx ရဲ့ရောင်းအားအကောင်း ဆုံးနဲ့ ဝေဖန်သူတွေရဲ့ အချီးကျူး အခံရဆုံး ဂိမ်းတွေဖြစ်တဲ့ trials Series တွေကို မိုဘိုင်းပေါ် ကို ပထမဦးဆုံး တင်သွင်းပေးလာခြင်း ဖြစ်ပါတယ်။ ဆိုင်ကယ်စီးနေရင်းနဲ့ တင် လှပတဲ့စတန့်တွေလုပ်နိုင် မယ်။ ကိုယ့် Village ကို ကြီးထွား တိုးတက်အောင် လုပ်နိုင်ရမယ်။ နာရီငါးဆယ်စာ Gameplay ရှိတဲ့ အထိ ဧရာမကမ္ဘာကြီးပေါ်မှာ ကစားရမယ်။ Challenge Mission ပေါင်း ၂၅၀ ကျော်ပါဝင်မယ်။ ဆိုင်ကယ်ပြိုင်လမ်းပေါင်း ၇၀ ကျော်ပါဝင်မယ်။ ပိုက်ဆံတွေစုပြီး ကိုယ့်ဆိုင်ကယ်ကို့ Upgrade လုပ် ပေးရမယ်။

Abilities အသစ်တွေ ရနိုင်ဖို့ ကိုယ့် Village က အ ဆောက်အဦးတွေကို့ Upgrade လုပ်ရမယ်။ ကိုယ့် rider ကို level up တွေ လုပ်ပေးရမယ်။ ကဲ ""စဉ်းစားကြည့်ပါ ဒီလောက် များပြားစုံလင်ပြီးကျယ်ပြန့်တဲ့ ဂိမ်း ကြီးကိုအခမဲ့ဆော့ကစားနိုင်မယ်ဆို တာ လုံးဝလက်လွှတ်မခံသင့်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဂိမ်းအ ရွယ်အစားအနေနဲ့ 95..7 MBပဲ ရှိ ပြီးတော့ IOS 6.1 နဲ့နောက်ပိုင်းရှိ တဲ့စက်တွေမှာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment