သဲနာရီပုံစံခန္ဓာကိုယ် ဖြစ်ချင်သတဲ့လား








မိန်းကလေးတွေ ဘယ်လိုခန္ဓာကိုယ်အမျိုးအစားကိုနှစ်သက်ကြသလဲ။ မိန်းကလေးတိုင်းက သဲနာရီပုံစံကိုနှစ် သက်ကြပါတယ်။ သဲနာရီပုံစံဆိုတာ တိကျတဲ့ခါးလိုင်း၊ ခနဓာကိုယ်အထက်ပိုင်းနဲ့အောက်ပိုင်းက တစ်ခုနဲ့တစ်ခု ထပ်တူကျနေတဲ့ ပုံသဏ္ဍာန်ပါ။ တကယ်လို့ ခန္ဓာကိုယ်က  သဲနာရီပုံသဏ္ဍာန်မရှိရင်ကော… အဲဒီအတွက်က ဖန်တီးလို့ရပါတယ်။ အဲဒါကတော့ ဒေါက်ဖိနပ်မြင့်မြင့်လေးတွေပေါ့။ ပြီးတော့ရော ဘာတွေ ရှိသေးသလဲ။ ကမ္ဘာပေါ်က မိန်းကလေးတွေအားလုံး ခန္ဓာကိုယ်ပုံသဏ္ဍာန်၊ အရွယ်အစားအားလုံး မတူညီကြပါဘူး။ ဒါပေမဲ့ မိန်းကလေးအားလုံးမေးကြတဲ့  တူညီတဲ့မေးခွန်းကတော့ 'ရှည်ရှည် သွယ်သွယ် ခန္ဓာကိုယ် ဘယ်လိုပိုင်ဆိုင်နိုင်မလဲ' ဆိုတာပါပဲ။

ခါးကိုအဓိကထားပါ
ခန္ဓာကိုယ်ရဲ့သေးငယ်တဲ့အစိတ်အပိုင်းဖြစ်တဲ့ခါးကို အံဝင်ခွင်ကျဖြစ်နေစေတဲ့ဘယ်အရာမဆို ၄င်းခါးကို ဆွဲဆောင်မှုရှိစေပါတယ်။ အဲဒီအတွက် အ၀တ်အစားဝတ်ဆင်တဲ့အခါ ခါးပတ်လိုမျိုးအသုံး အဆောင်ပစ္စည်း တစ်ခုခုထည့်သွင်းဝတ်ဆင်ပေးခြင်းက အ၀တ်အစားရဲ့သွင်ပြင်ကိုပိုပြီးကြွသွားစေသလို ခန္ဓာကိုယ်ရဲ့ သဘာဝကျကျပုံသဏ္ဍာန်ကိုပါ ပိုပြီးပေါ်လွင်စေပါလိမ့်မယ်။ 

ပခုံးသားတွေကိုဖော်ပြပါ
ပခုံးသား၊ ခန္ဓာကိုယ်အပေါ်ပိုင်းတွေကိုလှစ်ဟပြတဲ့ ၀တ်စုံမျိုးဝတ်ဆင်ပါ။ ၄င်းဝတ်စုံမျိုးက ပခုံးသားကို ကျယ်ပြန့်သွားသယောင်ထင်ရစေပြီး ပခုံးသားကို လူတွေသတိပြုမိတဲ့အတွက် ခန္ဓာကိုယ်အောက်ပိုင်းကို သတိပြုမှုနည်းသွားစေပါလိမ့်မယ်။

အနက်ရောင်ဝတ်ဆင်ပါ
ခန္ဓာကိုယ်ကို ပါးပါးလျလျဖြစ်သွားစေမယ့် အကောင်းဆုံးနည်းလမ်းကတော့ အနက်ရောင်ပဲဖြစ်ပါတယ်။ အဲဒီအတွက် အနက်ရောင်ကဘယ်အချိန်ဖြစ်ဖြစ်ရေပန်းစားနေခြင်းဖြစ်ပါတယ်။ အနက်ရောင်ဝတ်ဆင်ခြင်း က ခန္ဓာကိုယ်ကိုပါးလျသွားစေပါတယ်။ ဒါက ဖက်ရှင်ဒီဇိုင်းများ သက်သေပြထားပြီးသားအချက်တစ်ခုပါ။ 

ဂါဝန်အကားဝတ်ဆင်ပါ
ဂါဝန်အကားကလည်း ခန္ဓာကိုယ်ကိုချိန်ညှိပေးနိုင်တဲ့ အကောင်းဆုံးဝတ်စုံပါဘဲ။ ဂါဝန်အကားဆိုရာမှာ ရှေးခေတ်ဂရိအမျိုးသမီးတွေ ၀တ်ဆင်လေ့ရှိတဲ့ခန္ဓာကိုယ်အထက်ပိုင်း ခါးအထိစည်းနှောင်ထားတဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ ပွယောင်းနေတဲ့ဂါဝန်အမျိုးအစားကိုပြောခြင်းဖြစ်ပါတယ်။ 

အရောင်တစ်ရောင်တည်းဝတ်ဆင်ပါ
ခေါင်းအစ ခြေအဆုံး အရောင်တစ်ရောင်တည်းဝတ်ဆင်ခြင်းက ခန္ဓာကိုယ်နဲ့ ပုံသဏ္ဍာန်ကို စည်းချက်ကြစေ ပါတယ်။ သတိထားရမှာကတော့ တစ်ရောင်ထဲကနေ ဖောက်ထွက်တဲ့ပြူးကြောင်ကြောင်အရောင်တွေ ထည့်သွင်းဝတ်ဆင်ဖို့ပဲဖြစ်ပါတယ်။ အရောင်ကွဲတွေဝတ်ဆင်ခြင်းက ခန္ဓာကိုယ်ရဲ့ မတူညီတဲ့အစိတ် အပိုင်းတွေကိုကွဲပြားသွားစေပါတယ်။ 

ဒေါင်လိုက်အစင်းဝတ်ဆင်ပါ
အစင်းကြားတွေဝတ်ဆင်ဖို့ဆုံးဖြတ်ထားတဲ့အခါ အလျားလိုက်အခင်းထက် ဒေါင်လိုက်အဆင်းကို ၀တ်ဆင် ပါ။ အလျားလိုက်အစင်းကြောင်းတွေက ခန္ဓာကိုယ်ကို ပြန့်ကားသွားသယောင်ထင်ရစေပါတယ်။ 

အပွင့်အခက်ကြီးကြီးတွေရှောင်ပါ
သဲနာရီပုံသဏ္ဍာန်ခန္ဓာကိုယ်ပိုင်လိုသူတွေအနေနဲ့ နောက်ထပ်ရှောင်ရှားရမှာကတော့ အပွင့်အခက်ကြီးကြီးတွေဖြစ်ပါတယ်။ အပွင့်အခက် ခပ်သေးသေးလိုမျိုးသာရွေးချယ်ပါ။ ကြီးမားလှတဲ့ အပွင့်အခက်တွေက ခန္ဓာကိုယ်ကို ပိုပြီးပြန့်ကားသွားစေပါလိမ့်မယ်။ 

ဘောင်းဘီပွပွ၊ ဖိနပ်ကြီးကြီးကြီးတွေရှောင်ပါ
ခန္ဓာကိုယ်အချိုးအစားမညီမျှသူတွေအနေနဲ့ဘောင်းဘီခပ်ပွပွတွေ ဖိနပ်အကြီးကြီးတွေ မ၀တ်ဆင်ဖို့သတိပြုပါ။ အနက်ရောင်ဘောင်းဘီက သဘာဝရှိရင်းစွဲထက်ပိုပြီး သွယ်သွားစေပါတယ်။ အနက်ရောင်ဘောင်းဘီကို အနက်ရောင်ရှူးဖိနပ်လိုမျိုးတွဲဖက်ဝတ်ဆင်လိုက်တဲ့အခါ ခန္ဓာကိုယ်က ပိုပြီးရှိပြီးလျှံထွက်သွားစေတဲ့အတွက် ကြည့်ရတာရုပ်ဆိုးသွားစေပါတယ်။ 

ဖိနပ်ရွေးချယ်တဲ့အခါ
တောက်ပပြေပြစ်တဲ့ဖိနပ်အရောင်ကလည်း ခန္ဓာကိုယ်သွယ်လျမှုမှာ အထောက်အကူဖြစ်စေပါတယ်။ ၄င်းအရောင်တွေက ခြေထောက်ကို နဂိုရှိရင်းစွဲထက်ပိုပြီး ရှည်သွားသယောင်ဖြစ်စေပါလိမ့်မယ်။ ခြေတံလေးရှည်ပြီးပေါ်လွင်လေ ခန္ဓာကိုယ်ကောက်ကြောင်းကပိုပြီးပေါ်လွင်လာလေဖြစ်ပါတယ်။ 

V ပုံသဏ္ဍာန်လည်ပင်း
သဲနာရီပုံသဏ္ဍာန်ခန္ဓာကိုယ်ပိုင်ဆိုင်လိုသူတွေအနေနဲ့ ဗွီပုံသဏ္ဍာန်လည်ပင်းပါဝင်တဲ့ဝတ်စုံကလည်း အရေးကြီးပါတယ်။ ၄င်းပုံစံမျိုးက ခန္ဓာကိုယ်အထက်ပိုင်းကို ရှိရင်းစွဲထက်ပိုပြီးရှည်သွယ်သွားသယောင်ဖြစ်စေပါတယ်။ 

အိတ်ကြီးကြီးတစ်လုံး
ပိုက်ဆံအိတ်သေးသေးလေးတစ်လုံးက ခန္ဓာကိုယ်ကို ပိုပြီးကြီးမားသွားသယောင်ဖြစ်စေပါတယ်။ အဲဒီအတွက် အိတ်ကြီးကြီးတစ်လုံးသာကိုင်ဆောင်ပါ။ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ အိတ်ကိုင်တဲ့ပုံစံကတော့ သဲနာရီပုံသဏ္ဍာန်ခန္ဓာကိုယ်ပိုင်ဆိုင်လိုသူများအတွက် အဓိကနမူနာပါပဲ။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment