Capitals - Scrabble/World Puzzle Game


NimbleBit ကထုတ်လုပ် လိုက်တဲ့ Capitals ဆိုတဲ့ Scrabble/World Puzzle ဂိမ်း လေးကတော့ အခု တစ်လော လူမှု ကွန်ယက်တွေမှာ ခေတ်စားနေတဲ့ ဉာဏ်စမ်းသင်ကြားရေးဂိမ်းတစ် မျိုးဖြစ်ပါတယ်။ အထူး သဖြင့် အင်္ဂလိပ်စာ ဗဟုသုတပြည့်စြွုံကယ်ဝ စေတဲ့ ဂိမ်းမျိုးဖြစ်တာကြောင့် တစ် ယောက်နဲ့ တစ်ယောက်ရ တဲ့အမှတ် ပေါ်မူတည်ပြီး ဘယ်လောက်ထိ ဗဟုသုတရှိတယ် ဉာဏ်ရည်မြင့် မားတယ်ဆိုတဲ့ ယှဉ်ပြိုင်မှုမျိုးပြု လုပ်နိုင်မှာဖြစ်ပါတယ်။

ဒီဂိမ်းဟာ အပြင်မှာScrabble ကစားသလို မျိုးပုံသေမဟုတ်ဘဲ ကိုယ်ကစ ကားလုံးအမျိုးအစားတစ်လုံးကို အစပြုလိုက်တာနဲ့သူနဲ့ဆက်စပ် စဉ်းစားပြီး တူညီတဲ့အမျိုးအစား ဖြစ်အောင် ရွေးချယ်ရတဲ့အတွက် အင်္ဂလိပ် စာ ဗဟုသုတကို အလွန် ပဲတိုးပွားစေပါလိမ့်မယ်။ ကိုယ်ပိုင် အတွေးအခေါ်နဲ့ကိုယ်ပိုင်ဗျူဟာနဲ့ ဆော့ကစား ချင်တယ်ဆိုရင်လည်း ကိုယ့်ရဲ့အတွေးထဲမှာ တစ်ခါတည်း တန်းစီထားပြီး အမျိုးအစားတစ် မျိုးကိုအစပျိုးရွေး ချယ်လိုက်ရုံပါပဲ။

ဒါဆိုရင်တော့ ကိုယ့်ရဲ့ပြိုင်ဘက် ဟာအတော်လေး အကျပ်ရိုက်စေ မှာဖြစ်ပြီး တကယ်လို့သူကကိုယ့်ရဲ့ ကစားကွက်ကို ရိပ်မိသွားပြီး ကြို တင်ခန့်မှန်းနိုင်ရင်တော့ သူ့အတွက် အလှည့်ပိုသာစေမှာဖြစ်သလို နိုင် ဖို့အခွင့်အလမ်း ပိုမိုရရှိစေမှာဖြစ်ပါ တယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ့်ရဲ့ စကားလုံးဗျူဟာထဲကို ၀င်ရောက် လာခဲ့မယ်ဆိုရင်တော့ မြန်မြန်ဆန် ဆန်အနိုင်ပိုင်းနိုင်မှာဖြစ်ပါတယ်။

စာ လုံးရွေးချယ်တဲ့နေရာမှာ အလျှင် စလို မြန်မြန်ဆန်ဆန်ရွေးချယ်မိလို့စာလုံးအရေအတွက်တိုသွားခဲ့မယ် ဆိုရင် ဥပမာ- အလွန်လွယ်ကူတဲ့ စာလုံး ၃ လုံးထဲပါဝင်တဲ့ စကား လုံးမျိုးမလိုအပ်ဘဲ ရွေးချယ်မိရင် တော့ ကိုယ့်ရဲ့အလှည့်တစ်လှည့် ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ အားသာချက်တစ်ခုက ကိုယ်ရွေး ချယ်လိုက်တဲ့ စာလုံး(သရ) အက္ခရာတွေဟာ ရွေးချယ်ရင်းရွေးချယ် ရင်းနဲ့ ကိုယ်စဉ်းစားထားတဲ့အက္ခရာတွေနဲ့ အနီးစပ်ဆုံးတူတူနေတာ ကို တွေ့ရမှာဖြစ်ပြီး ဒါဟာ Game Engine မှာ အဓိကထည့်သွင်းထား တဲ့ AI Suggetion စနစ်ကြောင့် ဖြစ်ပါတယ်။ ဒီလိုစနစ်မျိုးဟာ Googgle လို Search Engine လုပ် ငန်းတွေမှာသာ အသုံးများလေ့ရှိပြီး အခုလို မိုဘိုင်းဂိမ်းတွေဘက်ကို ဆက်နွှယ်အသုံးပြုလာနိုင်တဲ့ ဂိမ်း အရေအတွက်ကတော့ အတော် လေးရှားပါးနေပါသေးတယ်။ Capitals ဟာ အခမဲ့ဂိမ်းတစ်မျိုးဖြစ်ပြီး ထူးခြားတဲ့ တည်ဆောက်ပုံနဲ့ သင် ကြားရေးဂိမ်းဆန်ဆန် ဆော့ကစား နိုင်မှာဖြစ်တဲ့အတွက် စမ်းသပ်အ သုံးပြုကြည့်သင့်ပါတယ်။



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape



Share on Google Plus

0 comments:

Post a Comment