ညှို့မျက်ဝန်းမရှိရင်လည်း စိတ်ဓာတ်ကျစရာစလိုဘူး










ပျိုမဒီအများစုဟာ အမျိုးသားတွေကို ဆွဲဆောင်ရာမှာ သူတို့ရဲ့မွေးရာပါအားသာချက်တစ်ခုဖြစ်တဲ့ ညှို့မျက် ၀န်းတွေကို အဓိကလက်နက်အဖြစ် အသုံးပြုလေ့ရှိပါတယ်။ ဒါပေမဲ့ နောက်လှည့်အကြည့် တစ်ချက်နဲ့ ပျိုပျို အိုအိုတွေကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ညှို့မျက်ဝန်းတွေမရှိရင်လည်း အားငယ်နေစရာတော့ မလိုပါဘူး။ အကြည့်တစ်ချက်မသုံးဘဲ ယောက်ျားပျိုတွေကို ဆွဲဆောင်နိုင်တဲ့နည်းလမ်းတွေ အများအပြားရှိနေပါတယ်။ 

တချို့ယောက်ျားတွေကလည်း မိန်းကလေးတွေရဲ့ ညှို့မျက်ဝန်းတွေထက် မျက်နှာအလှ၊ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကို ပိုမိုအလေးထားမြတ်နိုးလေ့ရှိပါတယ်။ တကယ်လို့ ကိုယ့်ဘက် ကသာ သဘောကျနှစ်ခြိုက်တဲ့ ကောင်လေးတစ်ယောက်ကို သတိထားမိပြီဆိုတာနဲ့ ညှို့မျက်ဝန်းမသုံးဘဲ ဆွဲဆောင်နိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဖြစ်နိုင်ရင် သူ့အနားမှာပဲ တ၀ဲလည်လည်နေပါ
တကယ်လို့ သူ့အနားမှာ ကိုယ်ကရှိမနေရင် ကိုယ့်ကိုသူကလည်း သတိထားမိမှာမဟုတ်ပါဘူး။ သူပုံမှန်ရှိနေ ကျနေရာမျိုးတွေမှာ ပိုပြီးကိုယ်ထင်ပြသင့်ပါတယ်။ တကယ်လို့ သူက ကော်ဖီဆိုင်တစ်ခုခုမှာ အလုပ်လုပ် တယ်ဆိုရင် ကိုယ်ကလည်း အဲဒီဆိုင်မှာ ကော်ဖီသွားသောက်တာမျိုးတို့ တစ်ခုခုသွားစားတာမျိုးတို့တွေ ပြုလုပ်ရင်း သူသတိထားမိလာအောင် ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ယောက်ျားလေးတွေလို ''ရွှေစွန်ညို ဘာကိုလိုလို့ ၀ဲပါတယ်၊ မထွေးလိုလို့ ၀ဲပါတယ်'' ဆိုတာမျိုးလည်း မဖြစ်ရလေအောင် အဲဒီလိုမျိုး ခဏခဏ မပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။

သူသတိထားမိလာအောင် လုပ်ပေးပါ
အကြည့်တစ်ချက်နဲ့ ယောက်ျားလေးတွေကို မဆွဲဆောင်ချင်ဘူးဆိုရင် ကိုယ့်အနေနဲ့ သူသတိထားမိ လာအောင် အခွင့်အရေးပေးရပါမယ်။ သူ့ကိုကိုယ်ကစိတ်ဝင်စားနေတယ်ဆိုတာ သတိထားမိလာအောင် လုပ်ပေးရမှာဖြစ်ပြီး တကယ်လို့ သူနဲ့ကိုယ်က မျက်နှာချင်းဆိုင် လမ်းလျှောက်ရင်းတွေ့တော့မယ်ဆိုရင် စကားစမြည်ပြောတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။ အဲဒီလောက်အထိလုပ်ဖို့ သိပ်မ၀ံ့ရဲရင်တော့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေ ဖန်တီးရင်း ညုတုတုပုံစံမျိုးလေးတွေ လုပ်ပေးခြင်းအားဖြင့်လည်း သူ့ကိုသတိထားမိစေနိုင်ပါတယ်။

ယုံကြည်မှုရှိပါ
ကိုယ်တိတ်တခိုးစွဲလမ်းနေရသူနဲ့ စကားစမြည်ပြောခွင့်ရပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိဖို့ က အရေးကြီးပါတယ်။ ဘယ်သူမဆို ကိုယ်နှစ်သက်သဘောကျနေသူနဲ့ မျက်နှာချင်းဆိုင်စကားပြောခွင့်ရရင် အနည်းနဲ့အများတော့ ကတုန်ကယင်ဖြစ်တတ်ကြပေမယ့် ယောက်ျားလေးအများစုကတော့ ကိုယ်ဘာ လုပ်နေသလဲဆိုတာကို အတိအကျသိတဲ့မိန်းကလေးမျိုးကို ပိုမိုစိတ်ယိုင်တတ်ပါတယ်။ ကိုယ်သာ ယုံကြည်မှုရှိရင် အမျိုးသားတွေကို ကိုယ်ခန္ဓာအလှ မလှစ်ဟပြဘဲနဲ့တောင် ဆွဲဆောင်နိုင်စွမ်းရှိပါလိမ့်မယ်။

သူငယ်ချင်းဖွဲ့ပါ
တကယ်လို့ ကိုယ့်အနေနဲ့ သူ့အနားကပ်ဖို့ အခက်အခဲဖြစ်နေပြီဆိုရင်တော့ သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆွေ ဖွဲ့ဖို့ပြင်ထားပါ။ ချိုမြမွှေးအီတဲ့ ကိုယ့်နှုတ်ကထွက်လာတဲ့ စကားတွေကို သူမကြားရဘူးဆိုရင် ကိုယ့်ကို လည်း သူကသတိထားမိမှာမဟုတ်ပါဘူး။ သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ပြီးသွားပြီဆိုရင် ကိုယ် ဘယ်လောက်လှတယ်ဆိုတဲ့အကြောင်း၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ဖြစ်နေတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကို မြင်လာပါလိမ့်မယ်။ အဲဒီကနေတစ်ဆင့် ကိုယ်နဲ့စကားစမြည်ပြောဖို့ သူ့ဘက်ကစတင်ကြိုး စားလာနိုင်ပြီး သမီးရည်းစားအဆင့်ရောက်ဖို့ လွယ်ကူတဲ့အနေအထားကို ရောက်ရှိသွားနိုင်ပါတယ်။

ရယ်ပေးပါ
ဒီလိုပြောလို့ မြင်တွေ့သမျှ၊ ကြားသမျှတိုင်းကိုရယ်နေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ရယ်မောတာဟာ ကြားရသူအများစုကို စိတ်နှလုံးပီတိရွှန်းစေပြီး ကိုယ်နှစ်သက်သူရဲ့နှလုံးသားကိုလည်း ဆွဲကိုင်လှုပ်နိုင် စွမ်းရှိပါတယ်။ ယောက်ျားလေးအများစုဟာ လောကကြီးအပေါ် အကောင်းမြင်စိတ်ရှိတဲ့ မိန်းကလေးတွေကို ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်လေ့ရှိပါတယ်။ တကယ်လို့ သူကသာ ကိုယ်ရယ်မောပျော်ရွှင်နေ တာကိုတွေ့သွားခဲ့ရင် ကိုယ်ကပျော်ပျော်နေတတ်သူဖြစ်မှန်း သတိထားမိသွားပြီး ကိုယ့်ကိုချဉ်းကပ် လာနိုင်ပါတယ်။ နောက်ပြီး တစ်ဖက်လူဘ၀င်မှားသွားစေနိုင်တဲ့ အပြုံးတစ်ချက်နဲ့လည်း သူ့ဆီကရယူနိုင်ပါ တယ်။

အမွှေးနံ့သာတွေနဲ့ ဆွဲဆောင်ပါ
ဒါကတော့ နောက်ဆုံးအချက်လည်းဖြစ်၊ အဓိကအကျဆုံးအချက်လည်းဖြစ်ပါတယ်။ သူကြိုက်တဲ့မွှေးရနံ့ကို ကိုယ်ကဆွတ်ထားမယ်ဆိုရင် သူ့ရင်ထဲမှာ ကိုယ်ကတစ်ချိန်လုံး ရှိနိုင်ပါတယ်။
ကိုယ့်ရဲ့လှပတဲ့မျက်နှာပြင်နဲ့ အဆီကျသွယ်လျတဲ့ ခြေထောက်တွေကလည်း အမျိုးသားတွေကို အကောင်းဆုံး ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အဲဒီအချက်တွေနဲ့မှ သူကကိုယ့်ကို သတိမထားမိဘူးဆိုရင်တော့ သူဟာ ကိုယ့်အတွက်မဟုတ်ဘူးဆိုတာကို လက်ခံရပါလိမ့်မယ်။ ကိုယ့်အနေနဲ့ အကြည့်တစ်ချက်မပို့လွှတ်ရဘဲ ကိုယ့်ကိုဂရုစိုက်ဖေးမမှုရှိတဲ့သူမျိုးနဲ့ပဲ လက်တွဲသင့်ပါတယ်။
ဖြိုးတေဇာ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment