Tower Defence ဂိမ်းအမျိုး အစား Castle Storm Free to Siege ဆိုတဲ့ ဂိမ်းအသစ်လေးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ ဒီဂိမ်း ဟာ နာမည်၊ကြီး Zen Pinball ကို ထုတ်လုပ်ခဲ့တဲ့ ZEN Studio က နေထုတ်လုပ်ထား ပြီး App Stre နဲ့ Play Store တွေအပေါ်မှာ အခမဲ့ရယူကစားနိုင် ပါတယ်။ Castle Storm ဟာဆိုရင် Tower Defense ဂိမ်းကိုပဲ Angry Birds ပုံစံ ဖျက်ဆီးမှုနဲ့ ပေါင်းစပ်ထားတာပါ။
ကိုယ်က ကိုယ့်ဆီကိုလာကျူးကျော်သူတွေ ကို Tower Defense ပိုင်းကနေ တိုက်ခိုက်ရမယ်။ တစ်ချိန် တည်းမှာ ပဲ ရန်သူရဲ့ ရဲတိုက်ကြီးကိုသွားပြီး ဖြိုခွဲရမယ်။ ဂရပ်ဖစ်အပိုင်းမှာဆိုရင် ဒီဂိမ်းဟာ Console Quality ရှိ တာမို့အတော်ကြီးကိုကောင်းပါ တယ်။ Control ပိုင်းမှာလည်း Touch Screen တွေအတွက် အသေအချာ ဒီဇိုင်းဆွဲထားတာမို့ ထိန်းချုပ်ရတာမှာ ခဲရာခဲဆစ်ဖြစ် မနေဘူး။
ဂိမ်းထဲမှာ Upgrade လုပ်နိုင်မယ့် လက်နက်တွေ၊Spell တွေနဲ့ ဇာတ်ကောင်တွေလည်း ပါဝင်လာမှာဖြစ် သလို၊ ဟီးရိုးအမျိုး အစားရှစ်ခုထဲက ကိုယ်ကြိုက်တာ ကိုရွေးပြီးတော့လည်း ဆော့ကစား နိုင်ပါတယ်။ Tower Defense ပိုင်းမှာတော့ ကိုယ့်ရဲတိုက်ကြီးကို ကိုယ်တိုင်ဆောက်ရမှာပါ။ အဲဒီရဲ တိုက်ကိုပဲ တိုက်ပွဲတွေထဲမှာအသုံး ပြုရမှာလည်းဖြစ်ပါတယ်။
Campaign စုစုပေါင်း လေးခုပါ ၀င်ပြီး Kingdom Quest Campaign မှာဆိုရင် တိုက်ပွဲပေါင်း ၅၀၊ Welocme to Vikinglad ဆိုတဲ့ အခန်းမှာဆိုရင် တိုက်ပွဲပေါင်း ၄၀၊ From Outcast to Savior မှာ ၃၀ နဲ့ The Warrior Queen မှာ ၃၀ ဆိုပြီး စုစုပေါင်း တိုက်ပွဲပေါင်း ၁၅၀ တောင်မှပဲပါဝင်ပါတယ်။ ဒီဂိမ်းတစ် ခုလုံးမှာ ကစားနိုင်တဲ့ တပ်ဖွဲ့အမျိုး အစားတွေက Kingdom ,Norse ,Royal Guard နဲ့ Viking Elites ဆိုပြီး ၄ မျိုးရှိပါတယ်။ တစ်မျိုး စီတိုင်းဟာ သူ့တပ်ဖွဲ့တွေနဲ့၊ သူ့ လက်နက်တွေ၊ Spell တွေ၊ Bonus Room တွေ သီးခြားစီရှိပါ တယ်။
GamePlay ကြီးတစ်ခု လုံးရဲ့ အဓိကအချက်ဟာ ရဲတိုက် ကို တည်ဆောက်ခြင်းနဲ့ စစ်သည် တွေ ၀ယ်ယူမှု၊ Upgrade လုပ်မှု အပေါ်မှာ မှီတည်ထားတာပါ။ ကစားသူတစ်ချို့ကတော့ ဂိမ်းထဲက item တွေဟာ ဈေးကြီးလွန်းတယ် လို့ငြီးငြူ ကြပေမယ့်၊ in app purchases တွေမ၀ယ်ဘဲ ဒီအ တိုင်းအချိန်ပေးပြီးတော့ သွားမယ် ဆိုလည်းဆော့နိုင်ပါတယ်။ Apple ရဲ့ apple store မှာရော၊ Google ရဲ့ Play Store မှာရော အခမဲ့ရ ယူနိုင်တဲ့ ဒီဂိမ်းဟာ 367 MB တောင်ရှိတာမို့အရွယ်အစားအ တော်ကြီးတဲ့ဂိမ်းလို့ပြောနိုင်ပါတယ်။ iOS သမားတွေအတွက်ဆိုရင် iOS 5.0 နဲ့ အထက်ရှိဖို့လိုအပ်ပြီး iPhone,iPad နဲ့ iPod Touch အားလုံးမှာကစားနိုင်ပါတယ်။ Android သမားတွေအတွက်က တော့ Android 4.0 နဲ့အထက်ရှိ သူတွေကစားနိုင်မှာဖြစ်ပါတယ်။
Banruka
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment