ဖခင်ရဲ့လွှမ်းမိုးမှုမရှိဘူးဆိုတဲ့ အိန္ဒိယရဲ့အနုပညာကြေးအမြင့်ဆုံးမင်းသမီး ကက်ထရီနာကေ့








ကက်ထရီနာကေ့ဆိုတာကတော့ ဗြိတိသျှ-အိန္ဒိယမော်ဒယ်/ မင်းသမီးတစ်ယောက်ပါ။ ဘောလိ ၀ုဒ် ရုပ်ရှင်တွေမှာသာမက မလေးရှားဇာတ်ကားတွေမှာပါ နာမည်ရမင်းသမီးတစ်လက်ဖြစ်ပါတယ်။ ဘောလိ ၀ုဒ်ရုပ်ရှင်လာကရဲ့အနုပညာကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်သလို အိန္ဒိယရဲ့ ဆွဲဆောင်မှု အရှိဆုံးမင်းသမီးတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူတစ်ယောက်ပါ။

အနုပညာဘ၀အစ
ဟောင်ကောင်မှာမွေးဖွားခဲ့တဲ့ ကက်ထရီနာက သူမရဲ့မိသားစုနဲ့အတူ နိုင်ငံပေါင်းများစွာမှာ လှည့်လည်နေ ထိုင်ခဲ့သူဖြစ်ပါတယ်။ ပထမဆုံး ဆယ်ကျော်သက်အရွယ်မှာကတည်းက မော်ဒယ်အလုပ်ကို စတင်လုပ် လာခဲ့ပြီး ဖက်ရှင်မော်ဒယ်အနေနဲ့ရပ်တည်လာခဲ့ပါတယ်။ လန်ဒန်မှာပြုလုပ်တဲ့ ဖက်ရှင်ရှိုးပွဲတစ်ခုမှာ ရုပ်ရှင် ထုတ်လုပ်သူ Kaizad Gustad က ကက်ထရီနာ့ရဲ့အရည်အချင်းကို အကဲခတ်မိပြီး Boom ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်စေဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ 

ဇာတ်ကားရိုက်ကူးနေစဉ်မှာ ကက်ထရီနာက မော်ဒယ်လောကမှာ နာမည်ပိုပြီးကျော်ကြားလာခဲ့ပါတယ်။ Malliswari ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်ပြီးနောက်မှာတော့ Maine Pyaar Kyan Kiya? , Namastey London စတဲ့ ဇာတ်ကားတွေမှာပါဝင် သရုပ်ဆောင်ခွင့်ရရှိပြီး နာမည်ရလူကြိုက်များလာခဲ့ပါတယ်။
၂၀၀၉ ခုနှစ်ရဲ့ New York ဇာတ်လမ်းတွဲက ကက်ထရီနာရဲ့ အောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Filmfare  Award for Best Actress ဆုလျာထားခြင်းခံခဲ့ရပါတယ်။ 

Ajab Prem Ki Ghazab Kahani, Raajneeti, Zindagi Na Milegi Dobara ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ပြီးနောက် ဒုတိယအကြိမ် Filmfore Aword for Best Actress ဆုလျာထားခြင်းခံရပြန် ပါတယ်။ Ek Tha Tiger, Dhoom 3 ဇာတ်ကားမှာ သရုပ်ဆောင်ပြီးနောက်မှာတော့ ဘောလိဝုဒ်ရဲ့ အနုပညာကြေးအမြင့်ဆုံး အနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်လာပါတော့တယ်။

ကက်ထရီနာရဲ့မိဘနှစ်ပါးက ငယ်စဉ်ကတည်းက ကွာရှင်းခဲ့ကြပြီး သူ့ဖခင်က အမေရိကကိုပြောင်းရွှေ့ သွားခဲ့ပါတယ်။ မွေးချင်းမောင်နှမ ၇ ယောက်ရှိပြီး ညီမဖြစ်သူ Isabel ကလည်း မော်ဒယ်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ဖခင်နဲ့ပတ်သက်ပြီး The Indian Express က မေးမြန်းတဲ့အခါမှာ ကက်ထရီ နာက 'သူ့ဖခင်နဲ့ ငယ်စဉ်ကတည်းက ဝေးကွာခဲ့တာဖြစ်တဲ့အတွက် သူနဲ့သူ့မိသားစုအပေါ် လွှမ်းမိုးမှု မရှိကြောင်းပြောပြခဲ့ပါတယ်။ 

ဖခင်မရှိတာနဲ့ပတ်သက်ပြီး သူမရဲ့ခံစားချက်ကို မေးမြန်းတဲ့အခါ 'အဖေရှိတဲ့သူငယ်ချင်းတွေကိုမြင်ရတာ ကျွန်မအတွက် ၀မ်းသာစရာပါပဲ။ ကျွန်မမှာ  အဖေမရှိတာကို စောဒကတက်နေတာထက် သူတို့အတွက် ၀မ်းသာပေးလိုက်ပါတယ်'ဆိုပြီး ပြောပြသွားခဲ့ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment