ပရိသတ်တွေကကံကောင်းလို့အောင်မြင်လာတဲ့မင်းသမီးလို့ ထင်နေကြတယ် .......ကျန်ကျီယီ










ကျန်ကျီယီဆိုတာကတော့ ပရိသတ်တွေအတွက်မိတ်ဆက်ပေးစရာမလိုလောက်အောင် နာမည်ဂုဏ်ရှိန် ၀ါကြီးမားလှတဲ့မင်းသမီးတစ်လက်ပေါ့။ Central Academy of Drama မှာအနုပညာသင်ယူရင်း The Road Home ဆိုတဲ့ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ 

ဒီဇာတ်ကားက Silver Bear Pirze ရရှိခဲ့သလို ကျန်ကျီယီကလည်း Berlin International Film Festial မှာ Best Actress Award, Most Promising Actress Award  တို့ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ Crouching Tiger, Hidden Dragon ဇာတ်ကားကဆိုရင် Chicago Film Critics Association Awards Toronto Film Critics Association Award, Independent Spirit Award တို့နဲ့အတူအနောက်နိုင်ငံအထိအရှိန်အ၀ါကြီးမားခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ 

ဒီကားမှာမင်းသမီးက တရုတ်ကိုယ်ခံပညာကို ကျွမ်းကျင်ပြောင်မြောက်စွာပြသခဲ့ပေမယ့် အဲဒီအချိန်က တရုတ်ကိုယ်ခံပညာကို ကောင်းကောင်းမသိသေးတဲ့အတွက် အကစွမ်းရည်ကို ကိုယ်ခံပညာ က ကွက်တွေနဲ့ပြောင်းလဲပြသခဲ့ကြောင်း ၀န်ခံထားပါတယ်။

Rush Hour 2 ဇာတ်ကားကတော့ ကျန်ရဲ့ပထမဆုံးအမေရိကန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Hero ဇာတ်ကားကတော့ Oscar Award, Golden Globle  Award ဆုတို့အထိ လျာထားခြင်းခံခဲ့ရပြီး အောင်မြင် တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ 

သရုပ်ဆောင်ပိုင်းမှာသာ ဆုပေါင်းများစွာပိုင်ဆိုင်ထားရုံမက ကျန်က Omega Watches Ambassador, Visa Ambassador Maybelline Ambassador, Garnier Ambassador တို့အထိ ခန့်အပ်ထားသူ တစ်ယောက်ပါ။ အဲ ဒီလိုအောင်မြင်မှုရရှိနေတဲ့ ကျန်က FHM Taiwan ရဲ့ ကမ္ဘာ့လိင်ဆွဲဆောင်မှုအရှိဆုံး ၁၀၀ စာရင်းထဲမှာ နံပါတ်(၂)နေရာ၊ Teen People Magazine ကရွေးချယ်တဲ့ Hot-test Stars စာရင်းဝင်၊ Forbes China မဂ္ဂဇင်းက နှစ်စဉ်ပြုလုပ်တဲ့ Hottest Stars စာရင်းဝင်၊ Forbes China မဂ္ဂဇင်းက နှစ်စဉ်ပြုလုပ်တဲ့နာမည်ကြီးအနုပညာရှင် ၁၀၀ စာရင်းမှာ နံပါတ် ၅ နေရာတို့အထိ ထိပ်ပိုင်းမှာရပ်တည်နိုင်ခဲ့ပါတယ်။ 

အခုလိုအောင်မြင်မှုရနေတဲ့ကျန်နဲ့ Time မဂ္ဂဇင်းက အင်တာဗျူးဖြစ်ခဲ့ပုံကတော့…

ရှင့်ကိုပရိသတ်တွေကဘာကြောင့်ကြိုက်ကြတယ်လို့ထင်လဲ။
ကျွန်မက နည်းနည်းသွေးဆူလွယ်တယ်။ ပြီးတော့ ခံစားချက်အတိုင်းလုပ်လေ့ရှိတယ်။ ကျွန်မကို လူတွေနှစ်သက်ကြတာ အဲဒါကြောင့်လို့ထင်ပါတယ်။ 

ပြဿနာဖြစ်တဲ့အခါရှင့်မိဘတွေဆီက အကြံဉာဏ်တောင်းခံလေ့ရှိပါသလား။
ကျွန်မကျောင်းတက်တုန်းက အပြိုင်အဆိုင်တွေများတယ်။ မိန်းကလေးတွေဆိုရင် ခေါင်းဆောင်ဖြစ်ဖို့ ဆရာတွေရဲ့အာရုံစိုက်ခံရဖို့ကို နေ့တိုင်းပြိုင်ဆိုင်နေကြတာ။ အဲဒါတွေကိုကျွန်မမကြိုက်ဘူး။ ပတ်ဝန်းကျင်တစ်ခုလုံးက ကျွန်မယုံကြည်မှုတွေခံယူချက်တွေနဲ့ မကိုက်ညီဘူး။ တကယ့်အမှောင်ဖုံးတဲ့အချိန်တွေပါပဲ။ 

ရှင်ရိုက်ကူးတဲ့ရုပ်ရှင်တွေကြည့်ပြီးပြန်ခံစားလေ့ရှိပါသလား။
ကျွန်မကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ကားတွေကြည့်ပြီး ကျွန်မဘာလုပ်နေခဲ့တာလဲ၊ ကျွန်မဘေးမှာ ဘယ်သူ ရှိနေခဲ့တာလဲ။ အဲဒါတွေပဲစဉ်းစားနေတာ။

ပရိသတ်တွေမသိသေးတဲ့ ရှင့်အကြောင်းပြောပြပေးပါလား။
ပရိသတ်တွေက ကျွန်မကို ကံကောင်းလို့အောင်မြင်လာတဲ့မင်းသမီးတစ်ယောက်လို့ ထင်နေကြတယ်။ လူတိုင်းထင်နေတဲ့အောင်မြင်မှုနဲ့ ကျွန်မကြိုးစားခဲ့တာကလုံးဝကွဲပြားပါတယ်။ ပြီးတော့ ကျွန်မအောင်မြင်ခဲ့တယ်ဆိုတာ ကံကောင်းလို့မဟုတ်ခဲ့ဘူး။
ရန်နိုင်


--------------------------------------------------------


ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment