ပိုပြီးကြိုးစားသွားမယ် တက်ဆူယဖူဂျီဂါရာ (Death Note မင်းသား)











နိုင်ငံတကာကိုထိုးဖောက်နိုင်တဲ့အထိ ပိုပြီးကြိုးစားသွားမယ် တက်ဆူယဖူဂျီဂါရာ 
(Death Note မင်းသား) 

Death Note ဇာတ်ကားကို မှတ်မိကြဦးမလားမသိဘူး။ ဂျပန်နာမည်ကြီးကာတွန်းတစ်ခုဖြစ်တဲ့ Death Note ကိုအခြေခံပြီးရိုက်ကူးထားတဲ့ သဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်ကားပါ။ Death Note ရဲ့ အောင်မြင်မှုနဲ့အတူ Death Note 2: The Last Name, L:Change the World ဆိုပြီး ဆက်လက်ထွက်ရှိလာပါတယ်။ 

အဲဒီဇာတ်ကားအောင်မြင်မှုနဲ့အတူ နာမည်ကြီးလာတာကတော့  Light Yagami အနေနဲ့ သရုပ်ဆောင်တဲ့ မင်းသားတက်ဆူယဖူဂျီဂါရာဆိုတဲ့ မင်းသားပါ။ သူက Battle Royale, Death Note, KaiJi, The Jncite Mill စတဲ့ဇာတ်ကားတွေနဲ့အတူ နာမည်ရလူကြိုက်များလာခဲ့ပါတယ်။

ပထမဆုံးနာမည်ကြီးလာတာကတော့ ရှုယာနာနဟာရအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Battle Royale ဇာတ် ကားပါ။ အဲဒီဇာတ်ကားအောင်မြင်မှုနဲ့အတူ သူက Death Note ဇာတ်ကား ၃ ကားမှာ ခေါင်းဆောင် မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခွင့်ရလာခဲ့ပါတယ်။ Death Note ဇာတ်ကားတွေတင်မကပါဘူး။ ရှိတ်စပီးယားရဲ့ပြဇာတ်တွေဖြစ်တဲ့ Homlet, Rome and Juliet တို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာလည်း Sherlock Holmes ဇာတ်ကားက လက်ရှိအချိန်မှာအောင်မြင်မှုရနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

အခုလိုအောင်မြင်မှုရနေတဲ့ ဖူဂျီဂါရာနဲ့သူ့ဘ၀အကြောင်း တစေ့တစောင်းအင်တာဗျူးဖြစ်ခဲ့ပုံလေးကတော့…
ခင်ဗျားက ဇာတ်ကားတွေတင်မက ဇာတ်လမ်းတွဲတွေမှာပါ နာမည်ရနေတာနော်။ ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေ ဒါမှမဟုတ် စင်မြင့်ပေါ်မှာ သရုပ်ဆောင်ရတာ ဘယ်ဟာကိုသဘောကျပါသလဲ။
စင်မြင့်ပေါ်မှာဆိုရင် တစ်ယောက်ချင်းဆီရဲ့ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေက အရမ်းအရေးကြီးတယ်ပေါ့နော်။ အဲဒါကြောင့် စင်မြင့်ပေါ်မှာသရုပ်ဆောင်တာကျတော့ ပိုပြီးခက်တယ်လို့ ထင်ပါတယ်။

ခင်ဗျားမှာ လူငယ်ပရိသတ်တွေပိုပြီးများတယ်လို့ကြားထားတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ရော ခင်ဗျားရဲ့ခံစားချက်လေးပြောပြပေးပါဦး။

ဒါကတော့ ကျွန်တော့်အတွက်အခွင့်အရေးကောင်းတစ်ခုလို့ပြောရမှာပါ။ ပိုပြီးကြိုးစားမိလာတယ်။ ဒါပေမဲ့ တစ်ခါတလေ သူတို့အားမပေးတော့ရင်ဆိုတဲ့ အတွေးဝင်မိတယ်။

Death Note နဲ့ Battle Royale က အမေရိကအထိ လူကြိုက်များအောင်မြင်ခဲ့တာနော်။ အဲဒါနဲ့ပတ်သက်ပြီးဘယ်လိုခံစားရပါသလဲ။
ဒီဇာတ်ကားအတွက် ကျွန်တော်ပါဝင်ပြီးသရုပ်ဆောင်ခွင့်ရဖို့လည်း မျှော်လင့်ခဲ့တာ။

ဘယ်အသက်အရွယ်လောက်ကတည်းက အနုပညာအလုပ်တွေလုပ်ခဲ့တာလဲ…
၁၅ နှစ်လောက်ကတည်းက စပြီးလုပ်ခဲ့တာပါ။

အနုပညာနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့ရည်ရွယ်ချက်ကိုပြောပြပါဦး။
ရည်ရွယ်ချက်ကအတိအကျတော့မရှိပါဘူး။ စင်ပေါ်ရောက်ရင် စိတ်တွေလှုပ်ရှားတယ်။ ဒါပေမဲ့ နိုင်ငံတကာထိုးဖောက်နိုင်တဲ့အထိ ပိုပြီးကြိုးစားသွားမှာပါ။

-------------------------------------


ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment