ချစ်သူရွေးမယ်ဆိုရင် မြန်မာပြည်ကိုပဲ အမြဲတမ်းတဖြစ်တဲ့ မေဂရေ့စ်ပယ်ရီ….








မေဂရေ့စ် ဒီအနုပညာလုပ်ငန်းတွေကို စတင်ခြေချဖြစ်ခဲ့ပုံလေးတွေကို ပြောပြပေးပါဦး။
မေဂရေ့စ်က အသက် (၁၄)နှစ်မှာ လမ်းလျှောက်တာမလှလို့ ဆရာဂျွန်လွင့်ဆီမှာ သင်တန်းသွားတက် ဖြစ်တယ်။ အဲဒီအချိန်မှာ ဆရာဂျွန်လွင်က မေ့ကို Magazine ရိုက်ချင်လားဆိုပြီး မေးတယ်။ အစတုန်း ကတော့ မရိုက်ချင်ဘူး အရမ်းရှက်တတ်တယ်ဆိုတော့။ ဒါပေမဲ့ ဆရာဂျွန် အားပေးတာနဲ့ ရိုက်ဖြစ် သွားတယ်။ အဲဒီမှာ idea ဦးမျိုးက idea Magazine Cover အတွက် တင်ပေးတာ။

ဒါက ခြေလှမ်းအစပေါ့နော်။ အဲဒီနောက်ပိုင်းမှာ မေဂရေ့စ် ဆက်ပြီး ဘာတွေများလှုပ်ရှားဖြစ်သေးလဲ။ ပြီးတော့ ကိုယ်လုပ်ထားပြီးသမျှထဲမှာ ကြိုက်တာ၊ မကြိုက်တာတွေရှိရင်လည်း ပြောပြပေးပါဦး။

 idea မှာ မျက်နှာဖုံးရိုက်ပြီးတော့ BSC မှာ ကြော်ငြာရိုက်တယ်။ မအေးမြတ်သူ၊ မယုသန္တာတင်နဲ့ ပြီးတော့ KTM ကြော်ငြာကို ဦးအောင်ကိုလတ်နဲ့ ယိုးဒယားမှာရိုက်ဖြစ်တယ်။ KTM ရိုက်တုန်းက အရမ်းအမှတ် ရစရာလည်းဖြစ်တယ်။ ဟယ်လီကော်ပတာလည်း စီးရတယ်။ သုံးရက်လောက်ကြာတယ် အဲဒီကြော်ငြာ ရိုက် တာ။ ဦးအောင်ကိုလတ်က တကယ့်ကိုပါရမီထူးတဲ့သူတစ်ယောက်ပါ။ သူ့ဆီက ပညာတွေ အများကြီး ရခဲ့တယ်။ မေ အဲဒါနဲ့ Maganzine တွေ၊ Journal တွေ၊ ကြော်ငြာတွေ ဆက်ပြီးရိုက်ဖြစ်သွားတယ်။

ရေသန့်ကြော်ငြာရိုက်ပြီးတဲ့ကြားထဲမှာကော မေ ဘာတွေဆက်လုပ်ဖြစ်သေးလဲ။
ကျောင်းတစ်ဖက်၊ အနုပညာတစ်ဖက် လုပ်ဖြစ်ပါတယ်။

စိုင်းစိုင်းနဲ့လည်း ဓာတ်ပုံတွဲရိုက်ဖူးသေးတယ်နော်။
ကိုစိုင်းနဲ့ မေ Magazine တွေလည်း ရိုက်ဖူးတယ်။ ကြော်ငြာတွေလည်း ရိုက်ဖူးတယ်။ ရုပ်ရှင်တစ်ကား လည်း ရိုက်ထားပါတယ်။ နာမည်ကတော့ ဧဒင်ရဲ့နတ်သမီးပါ။

စိုင်းစိုင်းနဲ့ တွဲသရုပ်ဆောင်ရတော့ကော ဘယ်လိုခံစားရလဲ။
ကိုစိုင်းက အရမ်းခင်မင်တတ်တယ်။ သူက အရမ်း Talented ဖြစ်တယ်။ အကြံဉာဏ်တွေလည်း ပေးတယ်။ ကူလည်းကူညီတယ်။ မေ မပြောတတ်တဲ့စကားတွေဆို သူကသင်ပေးတယ်။ အိုက်တင်တွေလည်း သင်ပေးတယ်။

မေဂရေ့စ် ငယ်ငယ်လေးကတည်းက ဒီမင်းသား၊ ဒီမင်းသမီးနဲ့တွဲပြီး သရုပ်ဆောင်ချင်လိုက်တာဆိုပြီး ရှိခဲ့ဖူးလား။
မေက နိုင်းနိုင်းရဲ့ ပရိသတ်အစစ်ပဲ။ နိုင်းနိုင်းက မေဂရေ့စ်ရဲ့ Child hood Crush ပဲ။ နိုင်းနိုင်းရဲ့ ဘာကို ကြိုက်တာလဲဆိုရင် သူ့မှာ Star တစ်ယောက်ရှိရမည့် အရည်အချင်းတွေအကုန်ရှိတယ်လို့ထင်တယ်။ သူ့မှာ Super Star ဖြစ်မည့် ပါရမီဓာတ်ခံလေးကို မြင်နေရသလိုပဲ။


မေဂရေ့စ် သူနဲ့တွဲရိုက်ဖူးတာလေးတွေကော ရှိသေးလား။ နိုင်းနိုင်းနဲ့ ဆုံပြီးသွားပြီလား။
မရှိဘူး။ ဒါပေမဲ့ အဆိုတော်ဈာန်ရဲ့ ဗီစီဒီရိုက်တုန်းကတော့ တစ်ခေါက်ဆုံဖူးတယ်။ ဒီလိုပဲ ဆုံဖူးတာ၊ တွဲပြီး သရုပ်ဆောင်တာမျိုးတော့ မရှိသေးပါဘူး။

မေဂရေ့စ် ဒီအနုပညာလောကထဲရောက်လာပြီးတော့မှ ခံစားရတဲ့ ပျော်ရွှင်မှု၊ ခက်ခဲမှုလေးတွေကို ပြောပြ ပေးပါဦး။
မေ ဒီအနုပညာလမ်းကို လျှောက်လှမ်းရတာ အရမ်းကံကောင်းတယ်လို့ ထင်တယ်။ မေနဲ့တွဲလုပ်တဲ့ သူတွေအကုန်လုံးက မေ့ကို အရမ်းကူညီတယ်။ အရမ်းနားလည်ပေးကြတယ်။

အရင်တုန်းက Dialogue တွေ မြန်မာလိုဖတ်ရတဲ့အခါ အခက်အခဲတွေတွေ့ခဲ့ရတယ်ဆို၊ အဲဒါလေးတစ်ချက် လောက်ပြောပြပေးပါဦး။

မြန်မာလိုတွေကို မေ နားလည်သလို မြန်မာလိုတွေပြန်ရေးထားတယ်။ မြန်းဂလေ့လို ပြန်ရေးရတာပေါ့ နော်။ ပြီးတော့မှ အသံထွက်ကြည့်ပြီး နားလည်သွားတာ။ အခုဆိုရင်တော့ ရိုက်ကွင်းမှာပဲ သင်ပေးတာ များပါ တယ်။

အဲလို သင်ဆရာတွေက သင်ပေးရင်းနဲ့မှ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲလေးတွေရှိရင်လည်း ပြောပြပေးပါဦး။

ဟုတ်၊ မေ့ကို ကိုစိုင်းကလည်း သင်ပေးတယ်။ ပြီးတော့ ကိုနေတိုးလည်း သင်ပေးးတယ်။ ကိုနေတိုးနဲ့ က ဒါရိုက်တာကြည်ဖြူသျှင်ရိုက်တဲ့ ချစ်ခြင်းသီတဲ့လက်များရုပ်ရှင်ကားမှာ ဆုံဖူးတာပါ။ အဲဒီမှာ မေတွေ့ရတဲ့ အခက်အခဲက ''ထောင်ချောက်ဆင်''ဆိုတဲ့ စကားလုံးကို ပြောရတာ။ အဲဒါကို မေ လုံးဝမပြောနိုင်ဘူး။ ပြောလို့ လည်း မရဘူးဖြစ်နေတယ်။ နောက်တစ်ခုက ''မီးလျှံငှက်'' အဲ Dialogue တွေ မပြောနိုင်ဘူး။ မေက ဒါပေမဲ့ ဇာတ်လမ်းအတွက် အရမ်းအရေးကြီးတော့ ပြောရမယ်။ အဲဒီမှာ ကိုစိုင်းနဲ့ တော်တော်ပြန်ကျင့်လိုက်ရတယ်။ ပျော်စရာကောင်းတာကတော့ ''ချစ်ခြင်းသီတဲ့လက်များ'' ရိုက်တုန်းက မေတို့ ကျောင်းသူတွေလို သရုပ်ဆောင်ရ တာ။ အဲဒှီခနညနျ တွေမှာ မပွင့်က မေရဲ့ Best friend လုပ်ရတာ။ မပွင့်နဲ့ သရုပ်ဆောင်ရတဲ့အခန်းတိုင်းက အရမ်းရယ်ရပြီး ပျော်စရာလည်းကောင်းတယ်။ မေက ဟာသလည်းတအားကြိုက်တယ်။ မေကြိုက်တဲ့ ကား လေးတွေဆို အချစ်နဲ့ဟာသ Romatic Comedy လေးတွေများတယ်။

ဒါဆို မေဂရေ့စ် ဘယ်လိုလေးလုပ်လိုက်ရင်တော့ အဆင်ပြေသွားလိမ့်မယ်လို့ထင်သလဲ။ ဘယ်လိုမျိုးလေး အကြံပြုချင်သလဲပေါ့နော်။

အဲဒါကတော့ မပြောတတ်ဘူး။ အဲလိုပြောဖို့ မေ့မှာ Knowledge လည်း မရှိဘူး။ ဘယ်လိုလုပ်လိုက်ရင် ကောင်းသွားမယ်ဆိုတဲ့ Idea တော့ မပေးတတ်ဘူး။ ဒါပေမဲ့ အားလုံးကိုတော့ ကောင်းစေချင်တယ်။


ရန်ကုန်မှာကော ဘယ်ရာသီဥတုကို ပိုကြိုက်လဲ။
နိုင်ငံခြားရောက်နေတော့ မေ ကျောင်းတက်နေတဲ့ဟိုမှာက Winter ဆိုတော့ အရမ်းအေးတယ်။ အဲဒီတော့ ရန်ကုန်က ပူတဲ့ Weather ကို သတိရတယ်။ ဒီကိုလည်းပြန်ရောက်ရော အရမ်းပူတော့ ဟိုကို ပြန်သွားချင်တဲ့စိတ်ဖြစ်ပြန်ကော။ မေဂရေ့စ်ကြိုက်တဲ့ Weather ဆိုရင်တော့ မျှတတဲ့ Weather ကို အကြိုက်ဆုံးပါပဲ။


ကိုယ်ကအဲဒါဆိုရင် အဖေ၊ အမေနဲ့ပတ်သက်ပြီး ပိုသိတတ်တဲ့သူမျိုးကို ကြိုက်တာပေါ့ အဲလိုမျိုးလား။

ဟုတ်ပါတယ်။

မေဂရေ့စ် ချစ်သူရွေးမယ်ဆိုရင် ဘယ်လိုလူမျိုးကိုရွေးချယ်ဖြစ်မလဲ။

မေချစ်သူရွေးမယ်ဆိုရင် ဗမာဖြစ်ဖို့များတယ်။ ဗမာပြည်မှာလည်း ကြီးလာတာဆိုတော့ ဗမာတွေနဲ့ ပိုနီးစပ်သလိုပဲ။ Style လည်း တူတယ်၊ Culture လည်း တူတယ်လို့ ခံစားရလို့ပါ။


မြန်မာပြည်ကိုရော ချစ်လား။
ချစ်တာပေါ့၊ ကိုယ့်နိုင်ငံပဲ။ မေ့စိတ်ထဲမှာတော့ မြန်မာနိုင်ငံက My Home ပဲ။

မေက မြန်မာပြည်မှာမွေးတာလား။
မဟုတ်ဘူး။ မေက ဘင်္ဂလားဒေ့ရှ်မှာ မွေးတာပါ။

မေ Game တွေ ဘာတွေကော ကစားဖြစ်သေးလား။
ဟုတ်၊ ဟိုတလောတုန်းက Floppy Bird အရမ်းကစားဖြစ်တယ်။ ဘာမှမလုပ်ဖြစ်ဘူး။ အဲဒီ Game ပဲ ထိုင်ဆော့နေတာ။ တစ်ခါတစ်ခါ ရှုံးရင်လည်း အရမ်းစိတ်ဆိုးတာ။ အကုသိုလ်များတယ်ဆိုပြီး အဲဒီ Game ကို ဖြတ်လိုက်ရတယ်။

ကိုးကွယ်တဲ့ ဘာသာကကော။
မေက ဗုဒ္ဓဘာသာပါ။


ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ မေ့ရဲ့ခံယူချက်ကလေးများရှိမလား။ ဘာတွေ ဘယ်လိုလုပ် သင့်တယ်ဆိုတာမျိုးပေါ့။

အရေးကြီးဆုံးကတော့ အကုသိုလ်မထားနဲ့။ သူများကိုလည်း ဒုက္ခမပေးနဲ့၊ မလိမ်မိအောင်လည်း ကြိုးစားပါလို့။ ငါးပါးသီလကို တတ်နိုင်သလောက် ကြိုးစားစောင့်ထိန်းပါလို့။ ကိုယ့်ကြောင့် သူတစ်ပါး နာကျင်ရ အောင် မလုပ်မိပါစေနဲ့။ အကုန်မလိုက်နာနိုင်ရင်တောင် အဲလောက်လေးတော့ စောင့်ထိန်းရမယ်လို့ ခံယူပါ တယ်။


ညီမလေးကို အရမ်းချစ်တယ်လို့ သိရတယ်နော်။ ညီမလေးကိုရော ဘယ်လိုဖြစ်စေချင်လဲ။
ဟုတ်တယ်။ မေ့ညီမလေးကို အရမ်းချစ်တယ်။ မေ့ညီမက အရမ်းငယ်သေးတယ်။ သူက တစ်ရက်ပြီး တစ်ရက် ပြောင်းနေတာ၊ ဆရာဝန်ဖြစ်ချင်တယ်။ Scientist ဖြစ်ချင်တယ်။ အဲလိုပဲ တစ်ရက်ပြီး တစ်ရက် ပြောင်းတယ်။ ငယ်သေးတော့လေ။ မေက သူဘာလုပ်ချင် လုပ်ချင် အားပေးပါတယ်။


မေ့ရဲ့ မေမေက ညီမလေးကို သွက်သွက်လက်လက်လေးဆိုတော့ မော်ဒယ်ဖြစ်စေချင်တယ် အဲဒီအပေါ် မေ့ရဲ့ခံစားချက်ကရော။

သူဝါသနာပါတယ်၊ သူလည်းလုပ်နိုင်တယ်ဆိုရင် မေ အားပေးတယ်။

မေ့ညီမလေးက မေနဲ့ကော တူလား။
ဆင်တော့ ဆင်တာပေါ့ ညီအစ်မဆိုတော့။ ဒါပေမဲ့ အရမ်းကြီးတော့ မတူဘူး။ သူက Asiafeature ပိုများတယ်။


ဟိုရောက်တော့ အိမ်လွမ်းတဲ့ Home sick ဝေဒနာတွေကော ခံစားရသေးလား။
အရင်ဆုံးရောက်တဲ့ တစ်လမှာ တော်တော် Home sick ဖြစ်တယ်။ ညတောင် အိပ်မပျော်ဘူး။ အမေနဲ့ Skype ပြောတယ်။ သူငယ်ချင်းတွေနဲ့ Viber ဖုန်းပြောတယ်။ ဟိုက သူငယ်ချင်းတွေကိုလည်း ပြောတယ် ငါအရမ်းအိမ်လွမ်းနေတယ်လို့ပြောတော့ သူတို့ကလည်း အားပေးကြပါတယ်။ ပြီးတော့ လေးဖြူသီချင်း''ဘယ်ဆီ ကို မင်းရောက်နေလဲ၊ ဘာတွေကို မင်းလုပ်နေလဲ'' အဲဒီသီချင်း အရမ်းနားထောင်ဖြစ်တယ်။

မေသီချင်းတွေကော နားထောင်ဖြစ်သေးလား။ ဘယ်လို သီချင်းတွေကို ကြိုက်လဲ။
မေခုနကပြောတဲ့ Band 5 Seconds of summer သူတို့က Austrilia က Band။ သူတို့ Album က ဇွန်လတုန်းကထွက်တယ်ဆိုတော့ နားထောင်ဖြစ်တယ်။ ပြီးတော့ Austrlia winter မှာ မိုးအရမ်းရွာနေတယ်။ အဲဒီတော့ မေက Lဆိုင်းဇီရဲ့ မိုးရာသီချင်းနားထောင်ပြီးတော့ အိမ်ကို လွမ်းတယ်။


မေဂရေ့စ်ပယ်ရီ ပရိသတ်ကို ပြောချင်တဲ့စကားလေးတွေရှိရင်လည်း ပြောပါဦး။
မေ့ကို အားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ မေက အနုပညာတွေနဲ့ဝေးကွာနေရင်လည်း ဆက်အားပေးပါဦးလို့ ပြောချင်ပါတယ်။

မွန်မြတ်အောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment