ကျွန်မတစ်သက်လုံးအဆိုတော်လုပ်ဖို့ အစီအစဉ်မရှိပါဘူး။.... ချဲရစ်












Pyramid သီချင်းကို International Song ချစ်သူတွေအားလုံးသိကြမှာပါ။ ဖိလစ်ပိုင်အဆိုတော်မလေး ချဲရစ်ရဲ့သီချင်းပေါ့။ အခြားအနုပညာရှင်တွေနဲ့မတူကွဲပြားချက်ကတော့ သူက Youtube ကနေ နာမည်ကြီး လာတာဖြစ်ပါတယ်။ အော်ပရာဝင်းဖရေးကတောင် သူ့ကို ကမ္ဘာ့အရည်ချင်းအရှိဆုံး မိန်းကလေးဆိုပြီး တင်စားထားပါတယ်။ 

ချဲရစ်က ပထမဆုံးအယ်လ်ဘမ် Charice ကို ၂၀၁၀ မှာထုတ်ဝေခဲ့ပြီး အဲဒီအယ်လ်ဘမ်က 200 မှာ နံပါတ် (၈)နေရာချိတ်ခဲ့ပြီး Billboard 1 to 10 ၀င်တဲ့ ပထမဆုံးအာရှလူမျိုးအဆိုတော်အဖြစ် မှတ်တမ်းတင် ခံရ သူလေးပါ။ Charice အယ်လ်ဘမ်မှာပါဝင်တဲ့ Iyaz ပါဝင်သီဆိုထားတဲ့ Pyramid သီချင်းဟာဆိုရင် သူရဲ့ အကြီးကျယ်ဆုံးအောင်မြင်မှုလို့ပြောလို့ရပါတယ်။ အဲဒီသီချင်းက The Oprah Winfrey Show မှာ ချဲရစ် ကိုယ်တိုင် Live သီဆိုပြီးနောက်မှာတော့ Top 40 ထိဝင်ခဲ့ပါတယ်။ ဂီတမှာအောင်မြင်မှုနဲ့အတူ ချဲရစ်က သရုပ်ဆောင်နယ်ထဲကိုခြေချလာပြီး Glee Show မှာပါဝင်သရုပ်ဆောင်လာပါတယ်။ 

ဒုတိယအယ်လ်ဘမ် Infinity မှာပါဝင်တဲ့အဆိုတော် Buyno Mars ရေးပေးတဲ့ Before It Explode သီချင်း ကဆိုရင်း ဒုတိယအကြိမ်မြောက် အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်ဖြစ်လာပါတယ်။ ABS-CBN ကနေ ထုတ် လွှင့်တဲ့ The X Factor အစီအစဉ်မှာလည်း ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ သူကအသက် (၄)နှစ် အရွယ်ထဲက သူရဲ့မိခင်အဆိုတော်ဟောင်း Ruqule ဆီမှာ အဆိုပညာသင်ယူခွင့်ရခဲ့ပါတယ်။ ငယ်စဉ်ကတည်းက Celin. Dion. Whitney. Houston Mariah Carey သီချင်းတွေနဲ့ အတူကြီးပြင်းခဲ့ပြီး အဲဒီအဆိုပညာရှင်တွေကသူ့အပေါ်လွှမ်းမိုမှုအရှိဆုံးပုဂ္ဂိုလ်တွေပါတဲ့။ ဖက်ရှင်ပိုင်းနဲ့ အသံပါဝါ ပိုင်းပတ် သက်ရင်တော့ Lady Ga Ga နဲ့ ဘီယွန်းစေးကို အကြိုက်ဆုံးပါပဲဆိုပြီး ပြောလေ့ရှိပါတယ်။ 

ABC Necos ရဲ့ အင်တာဗျူးမှာလည်း David Groben က ချဲရစ်က သူများအသံတွေကိုပါ လိုက်ပြီး တုပနိုင် စွမ်းရှိသူဆိုပြီး ချီးမွမ်းထားပါတယ်။ Jash Groben ကလည်း သူ့အသံက သူကြားဖူးသမျှထဲမှာ အလှပ ဆုံးအသံဖြစ်ပါတယ်ဆိုပြီးထည့်သွင်းဖြေကြားခဲ့ပါတယ်။ လက်ရှိအချိန်ထိ CK ချဲရစ်က ဂီတအယ်လ်ဘမ် (၄)ချပ်ထုတ်ထားပြီး နိုင်ငံတကာပေးတဲ့ဆုပေါင်း (၃၀)ကျော်ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ အဲဒီလိုအောင်မြင်နေတဲ့အဆိုတော်မလေး ချဲရစ်နဲ့ Seventeen မဂ္ဂဇင်းအင်တာဗျူးဖြစ်ခဲ့ပုံကတော့… 

ရှင်က Glee ပရိသတ်လား…? 
ကျွန်မ Glee ကိုကြိုက်ပါတယ်။ အရင်ကတော့ CSI လို လျို့ဝှက်ဆန်းကျယ်သည်းထိတ်ရင်ဖိုစရာ စိတ်ဝင် စားစရာကောင်းတာတွေကိုကြည့်တာ။ Glee ကိုမြင်လိုက်တော့ လုံးဝအံသြသွားတာ။
Glee အတွက် ဘာသီချင်းဆိုခဲ့တာလဲ
David Foster ရေးထားတဲ့ In This Song သီချင်းပါ။ သူတို့ကြိုက်မယ်ထင်လို့လေ။ 
သူတို့နဲ့တွဲပြီးဘယ်လိုလုပ်ဖြစ်သွားတာလဲ
အဲဒီတုန်းက ကျွန်မကဥရောပမှာ Twitter မှာ ကျွန်မနောက်လိုက်တွေထဲက ပရိသတ် (၁၀၀၀) လောက်က ချဲရစ် Glee မှာပါမယ်ဆိုပြီး ကောလာဟလတွေထွက်လာတယ်။ တကယ်တော့အဲဒီတုန်းက Glee က  Email မလာသေးပါဘူး။ မိနစ် (၃၀)လောက်နေတော့  Glee ကနေ Email လှမ်းပို့တယ်။ သူတို့ Show မှာပါဝင်ခွင့်ရတယ်ပေါ့။ 
ငယ်ငယ်ကတည်းကအဆိုတော်ဖြစ်ချင်ခဲ့တာလား
ငယ်ငယ်က ဆရာဝန်ဖြစ်ချင်တာပါ။ ကျွန်မအမေကပြောပါတယ်။ ဆရာဝန်ဖြစ်ဖို့ကခက်တယ်။ (၁၀)နှစ်လောက်အချိန်ပေးရတယ်ပေါ့။ ဒါနဲ့ကျွန်မလည်း ရှေ့နေလုပ်မယ်ဆိုပြီးဖြစ်သွားတာ။ ကျွန်မတစ်သက်လုံးအဆိုတော်လုပ်ဖို့ အစီအစဉ်မရှိပါဘူး။ ရှေ့နေတစ်ယောက်ဖြစ်ဖို့ ကျွန်မအိပ်မက်ကို အကောင်အထည်ဖော်သွားမှာပါ။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment