မိုမိုကိုနဲ့ခဏတာတွေ့ဆုံခိုက်



ပထမဦးဆုံး ဒီလောကထဲ စ၀င်ဖြစ်ခဲ့ပုံလေးကိုပြောပြပေးပါဦး။
ပထမဆုံးပြိုင်ပွဲလေးတစ်ခုပေါ့နော်။ ငွေဆောင်မှာပြိုင်တယ်။ ပြီးတော့ Miss Korea မှာပြိုင်တော့ အဲဒီမှာ ဆုရခဲ့တာနဲ့ ကြော်ငြာတွေ၊ မဂ္ဂဇင်းတွေက ခေါ်ရိုက်ရင်းနဲ့ရောက်လာခဲ့တာပါ။

မော်ဒယ်အေဂျင်စီတွေမှာ သင်တန်းတွေတက်ဖြစ်ခဲ့သေးလား?
Show ပွဲတွေ၊ ပြိုင်ပွဲတွေပဲ ၀င်ပြိုင်ဖြစ်ခဲ့တာပါ။ မော်ဒယ်သင်တန်းတွေ မတက်ဖြစ်ခဲ့ပါဘူး။ ပြိုင်ပွဲ တုန်းကတော့ မစ္စတာဘရိုင်ယန် သင်ပေးတယ်။ သင်တန်းတွေတော့ သီးသန့်မတက်ပါဘူး။


လက်ရှိမှာ ဘယ်လိုနေရာမျိုးမှာ ရပ်တည်နေပါသလဲ?
ညီမက လက်ရှိမှာ Photo မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ ရုပ်ရှင်ကားတစ်ကား ရိုက်ထားတယ်။ ဦးလူမင်းတို့နဲ့ '4 in 1'ဆိုတာလေးကို၊ နောက်ပြီး ပရိသတ်တွေအားပေးမှုရှိရင်တော့ ဆက်ရိုက်သွားမှာပါ။ ပြီးတော့ ပရို ဂျူဆာတွေရဲ့ကိုယ့်သရုပ်ဆောင် ပိုင်းပေါ်မှာ မူတည်ချက်အရ ရိုက် ဖြစ်၊ မရိုက်ဖြစ်တော့ စဉ်းစားရမှာ ပေါ့။

Photo Model နဲ့ သရုပ်ဆောင်နဲ့ဆိုရင် ဘယ်ဟာပိုပြီးလုပ်ဖြစ်မလဲ?
လောလောဆယ်သဘောကျတာကတော့ Photo Model ပေါ့။ သရုပ်ဆောင်ပိုင်းကျတော့လည်း လိုအပ်ချက်တွေရှိသေးတယ်လေ။

Model လောကမှာ သင်ကြားပြသပေးတဲ့ ဆရာသမားဆိုရင် ဘယ်သူဖြစ်မလဲ၊
ပြောရမယ်ဆိုရင်တော့ မစဿစ တာဘရိုင်ယန်က အနီးကပ်သေချာသင်ပေးတယ်။ Show ပွဲတွေခေါ် လျှောက်ခိုင်းတယ်။ Show လျှောက်နည်းတွေ သင်ပေးတာကျတော့ Teacher မြတ်ရွှေဝါ၊ အခုနောက်ပိုင်းမှာ တော့ ဦးဂျွန်တို့ကလည်း Show ပွဲတွေဆိုရင် ခေါ်လျှောက်ခိုင်းပါတယ်။

ဒီ Model လောကကို ၀ါသနာပါလို့ ၀င်ဖြစ်ခဲ့တာလား။ ဒါမှမဟုတ် ဘယ်လိုအကြောင်းတွေကြောင့် ၀င်ဖြစ်ခဲ့တာ ပါလဲ။
အစကတော့ ဒီဇိုင်နာအရမ်းဖြစ်ချင်ခဲ့တာ။ Show လျှောက်တဲ့ ပွဲတွေတောက်လျှောက်ကြည့်ဖြစ်တယ်။ ပြိုင်ပွဲဝင်ပြိုင်ပြီးကတည်းက အနုပညာနဲ့ပတ်သက်တဲ့အရာတွေကို တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာတာပေါ့။


ရိုက်ကူးဖြစ်ခဲ့တဲ့ ကားလေးထဲမှာဘယ်လိုကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားလဲ။
သူငယ်ချင်းလေးယောက်က အန်ကယ်ကြီးတစ်ယောက်ကို ပြိုင်ကြိုက်တဲ့ပုံစံမျိုးလေးပါ။

တကယ်လို့ သရုပ်ဆောင်ဘက်ကိုကူးပြောင်းဖြစ်မယ်ဆိုရင် ဘယ်လိုကာရိုက်တာမျိုးကိုလုပ်ချင်ပါသလဲ၊
နည်းနည်းခပ်မာမာခပ်ထန်ထန်၊ ဂျစ်ကန်ကန်နဲ့ ဆိုးတဲ့ပုံစံလေးတွေ၊ နောက်တစ်ခုကကျတော့ လုံးဝ အေးအေးလေးနဲ့ မြန်မာဆန်ဆန် အဲဒီလိုပုံစံလေးတွေ ရိုက်ချင်တယ်။

ဒီလောကမှာရော လေးစားအားကျမိတဲ့ အနုပညာရှင်တွေများရှိပါလား။
အကုန်လုံးကို အားကျတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကရုပ်ရှင်တစ်ကားကို ရိုက်လိုက်တဲ့အချိန်မှာ မလွယ်ကူတာကိုသိလိုက်ရတော့ ကိုယ့်ရဲ့ရှေ့ကစီနီယာမှန်သမျှကို လေးစားမိတယ်။ ဒီ လောက်ထိကြံ့ကြံ့ခံပြီး တော့ ဒီနေရာကို ရောက်လာပါလားဆိုပြီးတော့ အားလုံးကိုလေးစားသဘောကျမိပါတယ်။


အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ကိုယ့်ကိုကိုယ်ဘယ်လိုခံယူချက်နဲ့ လုပ်ဆောင်ဖြစ်ပါလဲ။
ညီမကတော့ ကံ၊ ဥာဏ်၊ ၀ီရိယရှိမှသာလျှင်ပြီးတော့ ကိုယ်ကဒီအလုပ်ကိုသေချာစိတ်ဝင်တစားနဲ့ ဂရုတစိုက်လုပ်ဆောင်မှသာလျှင် အကောင်းဆုံးဖြစ်မှာပါ။ ညီမဆိုအလုပ်တစ်ခုလုပ်မယ်ဆိုရင် စေ့စေ့စပ်စပ်နဲ့ သေသေချာချာလုပ်တယ်။ ကိုယ်လက်ခံထားတဲ့ အလုပ်တွေကို တာဝန်ကျေအောင် လုပ်တယ်။ အလုပ်တစ်ခု လုပ်မယ်ဆိုရင်တော့ တာဝန်ကျေတာအကောင်းဆုံးပဲလို့ထင်တယ်။

အနုပညာဆိုတဲ့အရာကိုရော ဘယ်လိုခံယူထားလဲ
အနုပညာဆိုတာ အနုစိတ်နဲ့ သေချာအသေးစိတ်ဂရုစိုက်ရတာပါ။ အနုပညာနဲ့ပတ်သက်တဲ့ ဘယ် အလုပ်မဆို သေချာဂရုတစိုက်နဲ့ လုပ်ရတာပေါ့။ သေချာနက်နက်နဲနဲ ခက်ခက်ခဲခဲနဲ့ လုပ်ရတဲ့ပညာရပ်လို့တော့ ခံယူထားပါတယ်။

ရှေ့ဆက်လုပ်ဆောင်ဖြစ်မယ့် စိတ်ကူးလေးကရော ဘယ်လိုလေးလဲ။
လောလောဆယ်မှာတော့ ညီမ Photo Model ကိုပဲပိုအားသန်သေးတယ်။ သရုပ်ဆောင် အလုပ်က တော့ ပရိသတ်ကလက်ခံလာမှ ကိုယ့်ကိုကမ်းလှမ်းမှုတွေရှိလာမှ ရိုက်ဖြစ်မှာပါ။


တစ်ခြားဝါသနာပါတဲ့ အရာလေးတွေရောရှိပါလား
သီချင်းနားထောင်တာ၊ ရေကူးတာ၊ ဓာတ်ပုံရိုက်တာ၊ ရုပ်ရှင်ကြည့်တာ အဲဒါတွေကိုဝါသနာပါတယ်။


သီချင်းနားထောင်တာကို ၀ါသနာပါတယ်ဆိုတော့ ဘယ်လို Music လေးတွေကို သဘောကျပါလဲ။
ညီမက Music အားလုံးကို ကြိုက်တယ်။ စိတ်ခံစားမှုအရ ပြောင်းသွားတာပဲရှိတယ်။


မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးတွေနဲ့ ညှိနှိုင်းယူရ တာလေးတွေရှိပါလား။
ညီမကစိတ်အရမ်းကောက်တယ်။ သူငယ်ချင်းတွေက တစ်ခုခုအကူအညီလိုရင်တော့ ကူညီပေးလိုက် တယ်။ တစ်ခါတရံကျရင် စိတ်ကောက်တယ်။ ဒါပေမဲ့ စတာပဲ ပြီးရင် စိတ်ပြေသွားရော။ မေမေတို့နဲ့ကျတော့ ညှိနှိုင်းမရရင် ဘယ်တော့မှ ဆန့်ကျင့်ဘက်မလုပ်ဘူး။ မေမေကလည်း နားလည်ပေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုနဲ့အဆင်ပြေသွားတာတွေပဲများတယ်။

စိတ်တွေမွန်းကြပ်နေတဲ့အခါမှာရော ညီမဘယ်လိုထွက်ပေါက်ပေးမိလဲ။
သီချင်းနားထောင်တယ်၊ ရုပ်ရှင်ကြည့်တယ်၊ မုန့်လျှောက်စားတယ်၊ အဲဒါတွေက ညီမရဲ့ထွက်ပေါက်ပါ ပဲ။ အပြင်တွေကျတော့ မေမေကမလွှတ်တော့ မသွားရဘူး။

အနုပညာရှင်တွေအနေနဲ့ ကောလာဟလဆိုတာကြုံရမြဲဆိုတော့ ညီမအနေနဲ့ ကောလာဟလကို ဘယ်လို ခံယူထားပါလဲ။
တစ်ခါတလေကျရင်တော့ ၀မ်းနည်းမိတယ်၊ ကိုယ်လည်း မဟုတ်ဘဲနဲ့ ပြောခံရတော့လေ။ ဒါပေမဲ့ ကြာ ရင်တော့ ငါမှမဟုတ်တာဆိုပြီးတော့ပဲ စိတ်ကိုဖြေဖျောက်လိုက်ရတယ်။ ကောလာဟလ မဟုတ်တာတွေ ရှိသလို၊ ဟုတ်တာတွေလည်း ရှိတယ်လေ။ လူတွေကကောင်းတာဆို သိပ်မပြောချင်ကြဘူး။ မကောင်းတာ ပဲ ပြောချင်နေကြတာလေ။ အမှန်/ အမှား ဆိုတာမသိဘူး။ အဲဒီတော့ ဒီအပေါ်မှာ ကောလာဟလကို သိပ်ပြီး တော့ ခံစားမနေတော့ဘူး။ ခံစားနေရင် ကိုယ်ပဲစိတ်ထိခိုက်ရတယ်ဆိုတော့ ကောလာဟလကို ကောလာဟလ အနေနဲ့ ထားလိုက်တာပဲ ကောင်းပါတယ်။

ပရိသတ်ကိုပြောချင်တဲ့စကားလေးက…
ညီမက အခုမှကြိုးစားနေတဲ့သူဆိုတော့ ညီမကိုသိတဲ့ပရိသတ်လေးတွေက ညီမလိုအပ်ချက်လေးတွေ ရှိတယ်ဆိုရင် ထောက်ပြပေးပါ။ အကြံဥာဏ်လေးတွေပေးကြပါလို့ ပြောချင်ပါတယ်။ လူသားအားလုံး စိတ်ချမ်း သာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment