Mobile Alarm System












          မိုဘိုင်းဖုန်းတွေ အများအပြား အသုံးပြုလာကြပြီဖြစ်တဲ့ အခုအချိန် မှာ Android OS သုံး စမတ်ဖုန်း တွေဟာ ဈေးကွက်မှာ အဆင့်မျိုးစုံ၊ ဈေးနှုန်းမျိုးစုံနဲ့ ရရှိနိုင်နေပြီဖြစ်ပါ တယ်။ စမတ်ဖုန်းတွေဟာ အများ အားဖြင့် Touch Screen Display နဲ့ ဒီဇိုင်းအသွင်အပြင်လှပပြီးဘက် စုံအသုံးပြုနိုင်တာကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူအများစုဟာ ပိုပြီးသ ဘောကျကြပါတယ်။ ယနေ့ခေတ် ရဲ့ လူနေထိုင်မှုပုံစံရဲ့အသုံးအဆောင်   ပစ္စည်းတစ်ခုသဖွယ်ဖြစ်လာခဲ့တဲ့ ဒီ စမတ်ဖုန်းတွေဟာ စမတ်ဖုန်းဆိုတဲ့ နာမည်နဲ့ထိုက်တန်အောင် ဘယ် လိုများ စွမ်းဆောင်နိုင်ကြသလဲ ဆိုတာတော့ အသုံးပြုသူတွေအ လွယ်တကူ မသိရှိနိုင်ကြသေးပါဘူး။ 

စမတ်ဖုန်းဆိုတာ ဖုန်းပြော ဆိုရုံနဲ့ ဖျော်ဖြေရေးဆိုင်ရာအသုံးချ စက်ပစ္စည်းတစ်ခု သက်သက်မ ဟုတ်ဘဲ   ဘက်စုံသုံးနိုင်တဲ့ပစစည်း တစ်ခုဖြစ်ဖို့ အာရုံခံ Sensor စနစ် တွေ အများအပြားထည့်သွင်းတည် ဆောက်ထားတယ်ဆိုတာသိရင် အနည်းငယ် အံ့သြကောင်းအံ့သြ မိပါလိမ့်မယ်။ စမတ်ဖုန်းတွေနဲ့အရင် တုန်းက Keypad ဖုန်းတွေရဲ့ အဓိ က ကွာခြားသွားတဲ့အချက်ဟာ လည်း ဒီ Sensor  စနစ်တွေ ကြောင့်ဖြစ်ပြီး ထည့်သွင်းသမျှ Hardware, Software အစိတ်အ ပိုင်းအားလုံးကို ထိန်းကျောင်းမောင်း နှင်အသုံးချနိုင်မယ့် OS (Operation System) စနစ်တွေလည်း ပေါ်ထွက်လာခဲ့ရတာဖြစ်ပါတယ်။ 

အခုအချိန်မှာ စမတ်ဖုန်းရဲ့ Sensor စနစ်တွေကို အသုံးချပြီး ရေးသား ထားတဲ့ Android App တွေ အ များအပြား အသုံးပြုနေကြပြီဖြစ်ပါ တယ်။ ဥပမာ Sensor Music App နဲ့ Proximity Talk လို App မျိုးဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် Alarm System App ကတော့ စမတ်ဖုန်းတိုင်းမှာ အခြေခံအားဖြင့် အသုံးပြုထားတဲ့ Sensor စနစ်တွေ ကိုအခြေခံပြီး ရေးသားထားတဲ့အ တွက် Android စမတ်ဖုန်းတိုင်းမှာ အသုံးပြုနိုင်ပါတယ်။ ကိုယ့်ရဲ့ဖုန်းကို မဖြစ်မနေ တစ်နေရာရာမှာ ခဏ တစ်ဖြုတ် ထားခဲ့ရတာမျိုးပဲဖြစ်ဖြစ်၊ မေ့ကျန်ခဲ့တာမျိုးပဲဖြစ်ဖြစ်၊ ကိုယ်မ ရှိခင် အချိန်ခဏလေးမှာ တခြားသူ တစ်ယောက်ယောက်ကို မကိုင်စေ ချင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အသုံး ပြုနိုင်မှာဖြစ်ပါတယ်။ 

          Alarm System ကိုအသုံး ပြုဖို့အတွက် ပထမဆုံးအကြိမ်ဖွင့် လိုက်ရင် Alarm System မှာ အသုံးပြု နိုင်မယ့်ပုံစံ ၆ မျိုးကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။ Movement ကို တစ်ချက်နှိပ်ပြီး အောက်ဘက် မှာ အနီရောင်နဲ့ပြထားတဲ့ Off button ကို တစ်ချက်နှိပ်ပါမယ်။ ဒါဆိုရင် ဖုန်းကိုလက်ရှိ ရှိတဲ့နေရာ ကနေ ရွေ့သွားအောင်ကိုင်မိလိုက် တာနဲ့ Alarm မြည်လာပါလိမ့်မယ်။ Proximity button  ကတော့ Activated ဖြစ်တာနဲ့ဖုန်းရဲ့ မျက်နှာပြင် ကို ထိမိရင် Alarm မြည်မှာပါ။ 

Unplug button ကို ဖွင့်ထားခဲ့ရင် ကတော့ ဖုန်းကို USB ကနေဖြစ် ဖြစ်၊ Adaptor ကနေပဲဖြစ်ဖြစ် အား သွင်းထားနေတဲ့ အချိန်မှာတစ်စုံ တစ်ယောက်က ဖြုတ်လိုက်ရင် Alarm  မြည်ပါလိမ့်မယ်။့ Unlock ကတော့ ဖုန်း Screen ဟာကိုယ်အ သုံးမပြုတော့တဲ့ အချိန်မှာ Lock ကျသွားပြီး တစ်စုံတစ်ယောက်က အသုံးပြုဖို့ unlock ပြုလုပ်တဲ့အ ချိန်မှာ သတိပေး Alarm  မြည်ပါ လိမ့်မယ်။ ဘယ် Function ကိုပဲ သုံးသုံး အောက် ဘက် Button ပေါ်မှာအချိန် ၅ စက္ကန့်ကိုရေတွက် ပြီး Alarm စနစ် စတင်အလုပ်လုပ်ကြောင်း Notification bar မှာ Icon လေးနဲ့ ဖော်ပြပေးပါလိမ့်မယ်။    

 Camera  ကတော့ ဖုန်းမှာပါတဲ့ ကင်မရာကတစ်ဆင့် လှုပ်ရှားမှုကို အာရုံခံကာ Alarm မြည်စေတဲ့လုပ် ဆောင်ချက်ဖြစ်ပါတယ်။ အပေါ်ဆုံး မှာရှိတဲ့ Setting icon ထဲကနေ Take picture နေရာ မှာ Font, Back တစ်ခုခုရွေးပေးရမှာ ဖြစ်ပါ တယ်။ Activated ဖြစ်တာနဲ့ ဖုန်း ရဲ့ ကင်မရာရှေ့မှာ လှုပ်ရှားမှုတစ်ခု ခုတွေ့ရင် Alarm မြည်ပြီး ဓာတ်ပုံ လည်းရိုက်ယူထားမှာပါ။ ဓာတ်ပုံ တွေကိုတော့  SD card ထဲက Alarm System Folder ထဲမှာသိမ်းထား ပေးမှာဖြစ်ပါတယ်။          

 Alarm System  ရဲ့ ညာဘက်အပေါ်ဘက် နားမှာရှိတဲ့ Setting button ထဲမှာ လုပ်ဆောင်ချက်အချို့ကို ၀င်ပြီးပြင် နိုင်ပါတယ်။ ဥပမာ PIN Lock မှာ Password ပေးထားခဲ့ရင် Alarm မြည်တဲ့အခါ Password ပြန်ရိုက်ပေးနိုင်မှ Alarm မြည်တာ ကို ရပ်နိုင်မှာဖြစ်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment