သက်လုံးပုံအကြောင်း တစေ့တစောင်း








အနုပညာလာကကို စတင်ဝင်ရောက်ခဲ့တာက ဘယ်အချိန်ဖြစ်မလဲ။
ညီမ (၁၄)နှစ်လောက်က ဖြစ်မယ်ထင်တယ်။ ၂၀၁၂ Valentines ပြိုင်ပွဲမှာ စတင်ဝင်ရောက်ခဲ့တာပါ။

Highschool Queen Oramin-F ၀င်ပြိုင်ဖြစ်ခဲ့ပုံလေးကို ပြောပြပါ။

အစကတော့ ၀င်ပြိုင်ဖို့ လုံးဝစိတ်ကူးမရှိပါဘူး။ ညီမ Centre ပွဲတွေပဲ လိုက်ပြိုင်ပြီးတော့ Hotel ပွဲကျတော့ ပွဲကြီးသွားတယ်လို့ ထင်မိတယ်။ ဒါပေမယ့် ညီမရဲ့ Agency က ဆရာနှစ်ယောက်က ပြိုင်ကြည့် ပါလားတဲ့။ Title နဲ့ လိုက်တယ်တဲ့၊ သူတို့ကလည်း တိုက်တွန်းတယ်။ ပြီးတော့ အမေကလည်း ပြိုင်ကြည့်ပါ ဆိုလို့ ၀င်ပြိုင်ဖြစ်ခဲ့တာပါ။

ဘယ် Agency နဲ့ လက်တွဲဖြစ်လဲ။ Agency နဲ့ အလုပ်လုပ်ရတာ ဘယ်အချက်လေးတွေ ကောင်းလဲ။

Universal International Model Agency ပါ။ သူတို့က တခြား Agency တွေလိုမဟုတ်ဘူး။ စာချုပ်လည်း မချုပ်ဘူး။ Model တွေ အကုန်လုံးကို Freelance အနေနဲ့ပဲ ထားပေးတယ်။ တွဲလုပ်တာကတော့ သူတို့နဲ့ပဲ တွဲလုပ်ဖြစ်တာများပါတယ်။ ဘာစည်းကမ်း သတ်မှတ်ချက်မှမထားတာ ကောင်းပါတယ်။

မြန်မာနိုင်ငံမှာ Agency နဲ့ တွဲလုပ်ခြင်းရဲ့ ကောင်းကျိုးလေးတွေ ပြောပါဦး။
သူတို့ဆီကနေ အလုပ်တွေရတယ်။ အလုပ်တွေ ချိတ်ပေးတယ်။ အမြဲပွဲရှိနေတဲ့ Agency တွေဆိုတော့ Show လျှောက်တဲ့အခါ ကိုယ့်ကို လူသိပိုများလာပါ တယ်။

Photo Model တစ်ယောက်အနေနဲ့ Shooting မတိုင်ခင်မှာ ဘယ်လိုပြင်ဆင်လဲ။
ဓာတ်ပုံမရိုက်ခင်မှာ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး Mood သွင်းလိုက်တယ်။ လူက ဒီနေရာရောက်ပြီး စိတ်ကတခြားရောက်နေလို့လည်း မဖြစ်ဘူး။ ဓာတ်ပုံရိုက်တယ်ဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးမှာ သေးသေး လေးကအစ အသက်ဝင်တယ်။ ဒါကြောင့် ကိုယ့်စိတ်ကို ထိန်းချုပ်ပြီးတော့ Mood ၀င်ဖို့ အရင်ကြိုးစားပါတယ်။

Photo Model တစ်ယောက်အတွက် ဘယ်အချက်တွေက အရေးကြီးတယ်လို့ ထင်လဲ။
Photo Model လုပ်ပြီဆိုရင် မျက်နှာပိုင်းတွေ၊ လက်တွေ အသက်ဝင်လှုပ်ရှားနေတဲ့ပုံဖြစ်ဖို့ အရေး ကြီးပါတယ်။ မျက်လုံးအကြည့်တွေကအစ အသက်ဝင်နေဖို့ လိုအပ်ပါတယ်။


လေးစားအားကျရတဲ့ အနုပညာရှင်တစ်ယောက်ဆို ဘယ်သူဖြစ်မလဲ။
မြန်မာနိုင်ငံမှာဆိုရင် မသန္တာလှိုင်ကို ကြိုက်ပါတယ်။ သူက MOdel တွေရဲ့ စံပြတစ်ယောက်လိုလည်း ဖြစ်တယ်။ သူစီစဉ်တဲ့ Model Academy ခဏခဏကြည့်တယ်။ သူ Train လုပ်တဲ့ပုံစံကလည်း သူများတွေနဲ့ မတူဘူး။ သူ့ကို သဘောကျတယ်။ စံပြအနေနဲ့လည်း ထားတယ်။ International မှာ ညီမက K-Poper ဆိုတော့ K-Pop အကုန်လုံးကို ကြိုက်ပါတယ်။

ဘယ်လိုမျိုး လေ့လာဖြစ်လဲ။
မြန်မာကားတွေ အများကြီးကြည့်ဖြစ်တယ်။ ညဘက်ဆို သုံးကားလောက် အနည်းဆုံးကြည့်တယ်။ တစ်ခါတလေ ညတစ်နာရီတောင် ထိုးတယ်။ သူတို့ရဲ့ အငိုခန်းဆို အငိုခန်းပေါ့။ မြန်မာကားတွေက English ကားတွေနဲ့ မတူဘူး။ မြန်မာကားမှာ Scene တွေ အလိုက် ဘယ်လိုတွေ သရုပ်ဆောင်တာလဲဆိုတာ လေ့လာ ဖြစ်ပါတယ်။ နိုင်ငံခြားကားတွေလည်း ကြည့်ဖြစ်တယ်။ နိုင်ငံခြားကားတွေဆို Vampire ကားတွေပဲကြည့် ဖြစ်တာများတယ်။

စိတ်ကြိုက်ဇာတ်ရုပ်ရွေးမယ်ဆိုရင် ဘယ်လိုမျိုးဖြစ်မလဲ။
မာနကြီးတဲ့ပုံစံမျိုးကို အရမ်းသဘောကျတယ်။ ''လက်ပံ'' ကားမှာ မဖွေးဖွေး သရုပ်ဆောင်တာလေးကို လည်း အရမ်းကြိုက်တယ်။ အပြင်မှာတော့ မာနမကြီးတတ်ပါဘူး။ အေးတာကတော့ အေးတယ်။ လူတိုင်းက ပြောတယ်။ စတွေ့ရင် မခင်တဲ့လူဆို စကားသိပ်မပြောဘူး။ ကိုယ့်ဘာသာကိုယ်နေတယ်။ ဖုန်းကလိတယ်။ ဒါပေမယ့် ကိုယ်က ခင်ချင်တယ်။ ကိုယ်က အေးနေတဲ့အတွက်ကြောင့် စကားပြောရမှာကို ကြောက်မိတယ်။


ကိုယ်က Model တစ်ယောက်ဖြစ်လာပြီဆိုတော့ ကျောင်းသွားရင် ဘယ်လိုလေးတွေကြုံရတတ်လဲ။
ကျောင်းသွားရင် ညီမ အရင်တုန်းက Nerd ပေါ့။ အရမ်းစာလုပ်တယ်။ စာလုပ်တဲ့သူဆိုတော့ Popular Girls တွေထဲမှာတော့ မပါဘူး။ ဒါပေမယ့် သတိထားမိတဲ့လူတွေလည်း ရှိပါတယ်။ တချို့တွေက နာမည်ကြားဖူး တယ်ပေါ့။ အဲဒီလောက်တော့ ရှိတယ်။ ဒါပေမယ့် ညီမကျောင်းသွားရင် အကုန်လုံးက၀ိုင်းပြီး ''ဒါ Model'' ဆိုပြီး တော့ မဖြစ်ဘူး။ ဆရာမတွေ၊ ကျောင်းအုပ်ဆရာမကြီးတွေတောင်မှ သိပ်မမှတ်မိဘူး။ ဆရာမတစ်ယောက်ဆို နှစ်ကုန်ခါနီးမှသိတယ်။ ညီမက ဆိုးတဲ့စာရင်းထဲမှာလည်း မပါဘူး။ ဘယ်လိုသိသွားလဲဆိုတော့ ကျောင်းခဏ ခဏပျက်တယ်။ ၁၀၀% မှာ ၇၀% လောက် က ကျောင်းမှာမရှိဘူး။ အဲဒီမှာ ခေါ်တွေ့ရင်းကနေ သိသွားတာပါ။

ကျောင်းသားဘ၀ အမှတ်ရစရာအဖြစ်အပျက်တစ်ခုလောက် ပြောပြပါလား။
ရှစ်တန်းလောက်တုန်းက သူငယ်ချင်းငါးယောက်စုပြီး အဖွဲ့ထောင်တယ်။ ကျောင်းမှာ foundation Program တစ်ခုကနေ Concert လေးတစ်ခု ကျင်းပတယ်။ အဲဒီမှာ ညီမတို့အဖွဲ့က သီချင်းဆိုမယ်ဆိုပြီး ငါးယောက် တိုင်ပင်ကြတယ်။ အဲဒီတုန်းက ပြိုင်ပွဲ Audition တွေလုပ်ရတော့ ပထမတစ်ခေါက် မနက်ဖြန်လို ဆိုရတော့မယ်ဆိုရင် ဒီနေ့ငါးယောက်က ရန်ဖြစ် တကွဲတပြားစီဖြစ်ပြီး နောက်နေ့တွေကျရင် ဘာမှမဟုတ်တော့ ဘူး။ အကုန်လုံး စုစုစည်းစည်းနဲ့ ပြိုင်လိုက်ပြန်ရော။ နောက်တစ် ခေါက် အဲဒီလိုပဲ ရန်ဖြစ်တယ်။ ပွဲရှိတိုင်း ညီမ တို့အဖွဲ့ အမြဲရန်ဖြစ်တယ်။ အဲဒါလေးက အမှတ်တရပါပဲ။


ပြိုင်ပွဲတွေပါဝင်ခဲ့ဖူးတယ်ဆိုတော့ သီချင်းဆိုတာရော ကျွမ်းလား။
ကျွမ်းလားဆိုရင်တော့ ကျွမ်းပါတယ်လို့ပဲ ပြောရမှာ။ ဒါပေမယ့် Pop ပိုင်းတွေပဲ ရတယ်။ အောက်တဲ့ အပိုင်းတွေကို သိပ်မရဘူး။ နောက်ဆုံး Center ပွဲတစ်ခုမှာတော့ ညီမ သီချင်းလည်း ဆိုရတယ်။ ဂီတတူရိယာ တွေထဲမှာ တယောလည်း တီးရတယ်။

တယောကို ဘယ်အချိန်လောက်ကတည်းက စတီးဖြစ်ခဲ့တာလဲ။
ညီမ လေးနှစ်သမီးလောက်က တယောစတီးဖြစ်တယ်။ တယောဆရာ ဦးတင်ရီကတော့ ညီမရဲ့ လက်ဦးဆရာပါ။ သူ့ဆီမှာပဲ တယောထိုးသင်တယ်။ တယော သေးသေးလေးတွေနဲ့။ အခုတောင် ရှိသေးတယ်။ အသက်ကြီးလာတာနဲ့အမျှ တယောတွေလည်း တဖြည်းဖြည်းသေးရာကနေ ကြီးသွားတယ်။ စတီးဖြစ်တာကတော့ လေးနှစ်သမီးလောက်ကပါ။

တယောတီးရတာကိုရော ပျော်လား။
ငယ်ငယ်တုန်းကတော့ အမေက သူမလုပ်ခဲ့ရတဲ့အလုပ်တွေ အကုန်လုပ်ခိုင်းတယ်။ တယောလည်း တီးရတယ်၊ မြန်မာအကလည်း ကရတယ်၊ Dancer အကလည်း ကရတယ်။ အနုပညာနဲ့ပတ်သက်ပြီး အရင် တုန်းက Model Show ပြိုင်ပွဲလေးတွေလည်း ရှိတယ်။ ရှင်မြီးလေးတွေ၊ Shart Pants လေးတွေနဲ့ ပြိုင်ရတယ်။ အမေက အကုန်လုပ်ခိုင်းတာ။ ငယ်ငယ်ကဆို တယောတီးတာရော၊ ရေကူးတာရော ၀ါသနာမပါဘူး။ နောက်ပိုင်းကျတော့ ကိုယ်ကလိုက်လုပ်ရင်းနဲ့ တဖြည်းဖြည်း စိတ်ပါလာတာပါ။

တယောတီးရတဲ့ စိတ်ခံစားချက်ကရော ဘယ်လိုလဲ။
ငယ်ငယ်တုန်းကတော့ တီးနေရင်းနဲ့ မျက်စိကမှိတ်မှိတ်ပြီးတော့ အိပ်ပျော်သွားသလိုဖြစ်တတ်တယ်။ အဲဒါဆို အမေက အရမ်းဆူတာ။ တယောအကြောင်းကို အမေက အမြဲရှင်းပြတယ်။ Musical Instrument တွေ ထဲမှာ တယောက King တစ်ပါးဖြစ်တယ်တဲ့။ တယောကို လေးလေးနက်နက်ထားရမယ်လို့ အမြဲရှင်းပြနေတော့ နောက်ပိုင်း တယောတီးရင် စိတ်က အဲဒီသံစဉ်ထဲကို Mood ၀င်သွားပြီးတော့ စိတ်ဝင်စားသွားတာ။ အဲဒီတုန်းက ဆို ''ဆို၊ က၊ ရေး၊ တီး'' ပြိုင်တော့မလို့တောင် ဖြစ်သေးတယ်။ ၂၀၀၇ အရေးအခင်းနဲ့က တိုက်သွားလို့ မပြိုင်ဖြစ် တော့တာ။

မြန်မာအကကိုရော ကျွမ်းကျွမ်းကျင်ကျင် ကတတ်လား။
မြန်မာအကမှာဆို လက်ချိုးရတာတွေရှိတယ်။ ခေတ်ပေါ်အကမှာလည်း လက်ချိုးရတာတွေ ရှိတာပဲ။ ဒါပေမယ့် မြန်မာအကက ပိုခက်မယ်လို့ထင်တယ်။ အသေးစိတ်တော့ မပြောပြတတ်ဘူး။ ဒါပေမယ့် Dancer ကိုပဲ ပိုစိတ်ဝင်စားပါတယ်။

ခေတ်ပေါ်အကပိုင်းကိုရော ဘယ်လောက်ထိ တတ်မြောက်နေပြီလဲ။
ရှစ်တန်းနှစ်ပြိုင်ကတည်းက အိမ်မှာပဲ အကကျင့်တယ်။ အကဆရာခေါ်တယ်။ ဘယ်အဖွဲ့မှ အဲဒီလို မလုပ်ဘူးလေ။ တချို့တွေက Brand တစ်ခုအနေနဲ့ Drum တွေ ဘာတွေနဲ့ ဖွဲ့ကြတယ်။ အကရော အဆိုရော လုပ်ပြတယ်ဆိုတော့ တစ်ဖွဲ့တည်းကွဲထွက်နေတာ။ ညီမကို အကဆရာပြောနေကြက ''သမီး အရမ်း တော် တယ်'' တဲ့။ မခေမီကိုတို့တောင် ညီမတို့ အဖွဲ့ကို Juinior အဖြစ်ထားဖို့ စီစဉ်ထားခဲ့ကြသေးတယ်။ အဲဒီ ငါးယောက်ထဲက တချို့သူငယ်ချင်းတွေက ပညာရေးဘက်ကို ဦးစားပေးလိုက်တော့ မဖြစ်ခဲ့တာ။

Girl Band ဖွဲ့ဖို့ရော အစီအစဉ်ရှိလား။
အစီအစဉ်ကတော့ ရှိပါတယ်။ အခုတော့ Girl Band ဖွဲ့ဖို့ အရူးထနေတာပေါ့။ သူငယ်ချင်းတစ်ယောက် ဆိုရင် သူက Dancer ပဲ။ သူက သူ့ Dancer Group နဲ့အတူ Girl Band ဖွဲ့ထားတယ်။ သူတို့တွေကို အား ကျပြီး Oramin-F မှာတွေ့ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ ညီမတို့သုံးယောက် Girl Band ဖွဲ့ဖို့တော့ စဉ်းစားထားတယ်။ ဒါပေမယ့်မသေချာသေးပါဘူး။ သီချင်းတွေတော့ သူတို့က လိုက်ရှာပေးနေပြီ။

Dancer ကဖို့အတွက်ကို ဆရာကသင်ပေးတာအပြင် ဘယ်လိုထပ်ပြီး လေ့လာဖြစ်လဲ။
ဆရာသင်ပေးတာလည်း ရှိတယ်။ ပြိုင်ပွဲတွေ ၀င်ပြိုင်ရငှ်သူသ ကရတာလည်းရှိတယ်။ အိမ်မှာ Couple Dancer တွေကြည့်တယ်။ K-Pop တော့ ကြည့်ဖြစ်တာ မဟုတ်ဘူး။ ငယ်လည်း ငယ်သေးတော့ K-Pop အကြောင်း သိပ်မသိဘူး။ J-Lo အကတွေ ပြန်ကြည့်ဖြစ်တယ်။ လိုက်ကတယ်။ အမေကလည်း လိုအပ် ချက်လေးတွေ ပြောပြပါတယ်။

လွတ်လွတ်လပ်လပ် တစ်ယောက်တည်း ဘယ်တွေသွားချင်လဲ။
သူများတွေလို Club တွေ ဘာတွေလည်း မသွားချင်ဘူး။ သူငယ်ချင်းမိန်းကလေးတွေ အုပ်စုလိုက် ရုပ်ရှင်သွားကြည့်တာတို့၊ ကစားကွင်းသွားတာမျိုးတော့ လုပ်ချင်တယ်။

နောက်ပိုင်း ကိုယ့်ကို လူသိလာပြီဆိုတော့ လူလယ်ခေါင်သွားရင်းနဲ့ ၀ိုင်းကြည့်ခံရတာတွေ ကြုံဖူးလား။
ဖြစ်တော့ ဖြစ်တယ်။ MRTV-4 မှာ Oramin-F ပြပြီး နောက်နေ့တွေ အပြင်သွားတော့ တချို့ လူတွေက သိတယ်ထင်တယ်။ ကြည့်နေကြတယ်။ Shooting ပြီးတော့မှ သွားတာဆိုတော့ Make-up ကလည်း ပြင်ထား တော့ လူမှတ်မိလွယ်သွားတာ။ ရိုးရိုးအပြင်သွားမယ်ဆိုရင်တော့ မသိကြဘူး။ သက်လုံးပုံ ဆိုတဲ့ နာမည်နဲ့လူနဲ့ တောင် တွဲမိမှာမဟုတ်သေးဘူး။ ''သက်လုံးပုံ'' ဆိုတာ ဘယ်တစ်ယောက်လဲဆိုပြီး လိုက်ရှာရင်ရှာနေမှာ။

သာမန်မိန်းကလေးတစ်ယောက်နဲ့ တက်သစ်စအနုပညာရှင်တစ်ယောက်ရဲ့ ဘ၀တွေမှာ ဘာတွေကွာခြားသွား တယ်လို့ထင်မိလဲ။

Ordinary Girl တစ်ယောက် အနေနဲ့ အရင်တုန်းက သူငယ်ချင်းတွေခေါ်ရင် မသွားချင်ဘူး။ အိမ်မှာပဲ နေနေတာများတယ်။ အခုနောက်ပိုင်း သူငယ်ချင်းတွေခေါ်ရင် သွားချင်တယ်။ သွားပြန်တော့လည်း အမေက တကောက်ကောက်ပါတယ်။ ပါတော့ စိတ်ကျဉ်းကျပ်တာလေးတွေ ရှိပါတယ်။ ဘ၀က မတူတော့ဘူး။ ဒါပေမယ့် Celebrity တစ်ယောက်လို့လည်း မခံယူသေးပါဘူး။

စိတ်မွန်းကျပ်တဲ့အချိန်တွေမှာ ဘယ်လို စိတ်ထွက်ပေါက်ပေးလဲ။
သီချင်းနားထောင်တယ်။ တစ်ခါတလေ Linkin Park သီချင်းတွေ နားထောင်ဖြစ်တာများတယ်။ အဆွေးသီချင်းနားထောင်ချင်ရင်တော့ K-Pop ထဲက သီချင်းတွေ နားထောင်ဖြစ်တာများတယ်။

မြန်မာအက၊ Dancer ၊ တယောထိုးတာတွေကို အဆက်မပြတ်အောင် ဘယ်လိုအချိန်ပေးဖြစ်လဲ။
အခုတော့ အကပိုင်းနဲ့ နည်းနည်းအလှမ်းဝေးသွားပါပြီ။ အစပြန်ဖော်ပေးရင်တော့ ရတာပေါ့။ English အကကတော့ K-Pop Couple Dance တွေကြည့်ပြီးတော့ လိုက်ကဖြစ်တယ်။ တယောကတော့ နေ့တိုင်းနီးပါး လေ့ကျင့်ပါတယ်။

Anime တွေကို မြန်မာပရိသတ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။
တစ်ခါတလေတော့ ကလေးတွေနဲ့ မသင့်တော်တာတွေ ရှိတယ်။ Japan မှာကျတော့ ရုပ်ရှင်က သိပ် ခေတ်မစားဘူး။ Japanese Anime လေးတွေက ပိုခေတ်စားတယ်။ သူတို့က အဲဒါကို Cartoon လို့ ခေါ်ရင် လည်း မကြိုက်ဘူး။ အဲဒီ Anime တွေကို သူတို့ဆီမှာ လူကြီးတွေကကြည့်တယ်။ မြန်မာပရိသတ်တစ်ယောက် အနေနဲ့ကတော့ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ သူတို့က Korea ဇာတ်ကားလေးလိုပဲ။ တချို့ကားတွေက တော့ ကလေးမကြည့်သင့်တာတွေပါလို့ ရှောင်သင့်ပါတယ်။

Cosplayer လုပ်ဖို့ရော အစီအစဉ်ရှိလား။

ညီမသူငယ်ချင်းတစ်ယောက်က Cosplay ပွဲအရင်စဖိတ်တာ။ Cosplay လုပ်ပါလားလို့ မေးတယ်။ ဒါပေမယ့် သူကရှင်းပြတော့ ဈေးတော်တော်ကြီးတယ်။ အဲဒါနဲ့ စိတ်ကိုမနည်းထိန်းထားရတာ။

ဘယ်လို သီချင်းအမျိုးအစားတွေကို ကြိုက်လဲ။
ပေါက်ကွဲတဲ့သီချင်းတွေကို စိတ်ဆိုးနေတဲ့အချိန်၊ အရမ်း Freedom ဖြစ်ချင်တဲ့အချိန်တွေမှာ နား ထောင်ဖြစ်တယ်။ မိုးရွာပြီးတော့ အေးအေးလေးနေချင်တဲ့အခါကျရင် အဆွေးလေးတွေ နားထောင်တယ်။ K-Pop သီချင်းတွေကိုတော့ အကုန်ကြိုက်ပါတယ်။ ဘယ်သူ့သီချင်းမှဆိုပြီး စွဲစွဲလမ်းလမ်းကြီးတော့ မရှိဘူး။ Younha ရဲ့ ‘The Real Reason We Broke Up’ ဆိုတဲ့ သီချင်းကိုတော့ အရမ်းကြိုက်တယ်။ Sunmi ရဲ့ ‘Full Moon’ သီချင်းကိုလည်း ကြိုက်တယ်။ အဲဒီနှစ်ပုဒ်ကို အခုတလော နားထောင်ဖြစ်နေတာပါ။ ‘The Real Reason We Broke Up’ မှာ ကောင်လေးနဲ့ ကောင်မလေးက လမ်းခွဲလိုက်တယ်။ ကောင်မလေးက ပြောပြ တယ်၊ နင်ကချစ်ရက်နဲ့ ပစ်သွားတာမဟုတ်ဘူး၊ တကယ့်အကြောင်းရင်းကတော့ ဘာမှမရှိဘူးပေါ့။ ငါ့ကို မချစ် လို့ ပစ်သွားတာလို့ ပြန်ပြောပြတဲ့ သူစိတ်နာသွားတဲ့အကြောင်းပါ။

အချစ်ရေးကိစ္စကရော ဘယ်လိုလဲ။
ငယ်သေးတော့ မစဉ်းစားသေးပါဘူး။ အလုပ်ကိစ္စတွေကလည်း ရှိပါသေးတယ်။ Model အောင်လေးကို အရင်က အရမ်းကြိုက်တယ်။ ဒါပေမယ့် Model တစ်ယောက်နဲ့သတင်းကြားတော့ စိတ်ထဲမှာတစ်မျိုးကြီးဖြစ် သွားတယ်။ ကြိုက်တော့ ကြိုက်တယ်။ ပရိသတ်အနေနဲ့ တစ်မျိုးကြီးဖြစ်သွားတယ်။ သူတို့တွေကို Example ယူပြီး ကိုယ်လည်း မလုပ်သင့်ဘူးလို့ ထင်ပါတယ်။

ကိုယ်နှစ်သက်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံစံက…
ကွက်တိကြီးလည်း မရှိနိုင်ပါဘူး။ ကိုယ်လိုချင်တာကတော့ Gentleman ဆန်ရမယ်။ Surprise တွေ ဘာတွေ လုပ်တတ်ရမယ်၊ သစ္စာရှိရမယ်၊ ချောရမယ်။ ချောဖို့က အဓိကပေါ့။ ကိုယ့်အလုပ်အပေါ်နားလည်နိုင်တဲ့ လူတစ်ယောက်ဖြစ်ရမယ်။ ကိုယ့်ကို အလိုလိုက်ပေးတဲ့သူဖြစ်ရမယ်။

Peace နဲ့ ပတ်သက်ပြီး ပရိသတ်ကို ဘာတွေတိုက်တွန်းချင်လဲ။
ရန်ငြိုးမထားကြဖို့ ပြောချင်ပါတယ်။ လူတွေက ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့် မမေ့နိုင်ကြဘူး။ ဘယ်သူမှ Perfect မဖြစ်နိုင်ပါဘူး။ အမှားကတော့ လုပ်မိကြတာချည်းပါပဲ။ ဘုရားတရားချည်းပဲလုပ်နေတဲ့ လူတစ်ယောက်က အမှားမရှိဘူးလို့ ပြောလို့မရပါဘူး။ တော်တော်ကို ရှားပါတယ်။ ဘာပဲပြောပြော တစ်ယောက် နဲ့တစ်ယောက် ရန်ငြိုးမထားကြဖို့ ပြောချင်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment