ဓာတ်ပုံဆရာတွေက
လူတစ်ယောက်ဓာတ်ပုံထဲကလှပအောင် ဘယ်လိုနေထိုင်ရမယ် ဘယ်လိုအိုက် တင်တွေ ပေးရမယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေကို
သိရှိကြပါတယ်။ ဓာတ်ပုံအရိုက်ခံသူကိုယ်တိုင်ကလည်း ဘယ်လိုကိုယ်နေဟန်ထားပေးရမယ်ဆိုတာသိခြင်းက
ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံဆရာကိုရော ကိုယ့် အတွက်ပါ အပေးအယူမျှတစေပါတယ်။ လူတစ်ယောက်က
အပြင်မှာဖက်ရှင်ကျနေရုံနဲ့တင် မပြီးပါဘူး။ အနုပညာရှင်တစ်ယောက်မဟုတ်တောင်မှ ဓာတ်ပုံရိုက်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ပေါ်လွင်နေစေဖို့ နေတက်ထိုင်တက်ဖို့လိုပါတယ်။ ဘယ်သူမဆို ဘယ်နေရာရောက်ရောက်
အလှပဆုံးဖြစ်ချင်ကြတာ မဟုတ်ပါလား။
ပခုံးတွေကိုဖြေလျော့ထားပါ
လူတချို့က
ဓာတ်ပုံရိုက်ခံတဲ့အခါ ကင်မရာရှေ့ရောက်ရင် စိတ်မသက်မသာဖြစ်တတ်ကြပါတယ်။ ကျွမ်းကျင်တဲ့ဓာတ်ပုံစဆရာတစ်ဦးကတော့
ဓာတ်ပုံအရိုက်ခံတဲ့လူ ကင်မရာရှေ့မှာ စိတ်သက်သောင့်သက်သာဖြစ်စေတဲ့နည်းလမ်းလေးတွေကို
သိထားကြပါတယ်။ သူတို့က ဓာတ်ပုံအရိုက်ခံသူကို ဓာတ်ပုံဆရာနဲ့ရင်းနှီးမှုရလာသလို ကနဦးကဖြစ်ပေါ်နေတဲ့
စိတ်တင်းကြပ်မှုတွေကိုပါ မေ့လျော့သွားတတ်ကြပါတယ်။ ဒါဆို ကျွမ်းကျင်မှုသိပ်မရှိသေးတဲ့
ဓာတ်ပုံဆရာမျိုးနဲ့ကြုံလာခဲ့ရင်ကော…။ အဲဒီလိုအခါမျိုးမှာတော့ စိတ်တင်းကျပ်မှုကို အတတ်နိုင်ဆုံးဖြေဖျောက်ထားပါ။
ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာဖြစ်နေစေမယ့် လှည့်ကွက်တစ်ခုကတော့ ကင်မရာရှေ့မှာ ကိုယ့်ရဲ့ပခုံးတွေကို
သက်သောင့်သက်သာဖြစ်အောင် ဖြေလျော့ထားပါ။ ပခုံးတွေ၊ လက်မောင်းတွေနောက်ကို လန်နေတာတွေ
ခါးကိုင်းနေတာမျိုးတွေမဖြစ်အောင် သတိထားဖို့လိုပါတယ်။ အဲဒါမှ ဓာတ်ပုံထဲမှာ သဘာဝကျကျ
ကိုယ်နေဟန်ထားရရှိမှာဖြစ်ပါတယ်။
မျက်နှာကိုဘယ်လိုထားမလဲ
သိပ္ပံပညာရှင်တွေရဲ့
ပြောပြချက်အရ လူတစ်ယောက်မျက်နှာပြင်ရဲ့ ဘယ်ဘက်အခြမ်းက ၄င်းလူ တစ်ယောက်ရဲ့ခံစားချက်ကိုဖော်ပြနေပါတယ်။
အဲဒါကြောင့် ဓာတ်ပုံအရိုက်ခံတဲ့အခါမှာတော့ စိတ်ဖိစီး မှုတွေ၊ စိတ်မသက်မသာ တင်းကျပ်မှုတွေ
ဖုံးကွယ်ထားနိုင်ဖို့ အတွက် ဘယ်ဘက်အခြမ်းကို မျက်နှာမူ ထားပြီး မျက်နှာရဲ့ဘယ် ဘက်ခြမ်းကို
ဖုံးကွယ်ထားနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာကိုအနည်း ငယ်စောင်းငဲ့ ထားခြင်းက ကိုယ့်ရဲ့ မေးရိုး၊
မျက်ခုံးရိုး၊ ပါးရိုးအလှကို ပိုပြီးပေါ်လွင်စေနိုင်ပါတယ်။
အဲဒီအတွက် မျက်နှာပြင်က ချို့ယွင်းချက်၊
အားနည်းချက်တွေကို တစ်ခါတည်းဖုံးကွယ်ပေးပြီးသားဖြစ်မှာပါ။ ကျယ်ပြန့်တဲ့ နဖူးပိုင်ရှင်တွေ၊
ဖြောင့်ဆင်းတဲ့နှာခေါင်းပိုင်ရှင်တွေ အနေနဲ့ကတော့ မျက်နှာကိုကင်မရာဘက် မျက်နှာညာဘက်အခြမ်းလှည့်ထားခြင်းက
အပြုံးမဆင်မြန်းထားတဲ့ မာနကြီးသယောင် ထင်ရစေပါတယ်။ အဲဒီအတွက် ဓာတ်ပုံမရိုက်ခင် မိတ်ကပ်လိမ်းပြီးတဲ့အခါတိုင်း
မှန်ကြည့်ပြီး မျက်နှာအနေအထားကို လေ့ကျင့်ပေးပါ။
ဘယ်ကိုကြည့်မလဲ
ဒါက ဓာတ်ပုံအရိုက်ခံသူတိုင်းကို
ဓာတ်ပုံဆရာသင်ပြပေးမယ့် ပထမဦးဆုံးကိစ္စတစ်ခုပါ။ ကင်မရာ ကို တည့်တည့်ကြီး ဘယ်တော့မှမကြည့်ပါနဲ့။
ကင်မရာမှန်ဘီလူးအပေါ်ဘက်ကို ကြည့်နေခြင်းကသာ ပိုပြီးသဘောဝကျကျပေါ်လွင်တဲ့အလှကိုရရှိမှာပါ။
ဒီနည်းလမ်းကို ကျွမ်းကျင်တဲ့ဓာတ်ပုံဆရာ ကရိုက် တာဖြစ်စေ သူငယ်ချင်းအချင်းချင်းရိုက်တာဖြစ်စေ
အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ ကင်မရာကို ပခုံးအောက် ကနေ အရမ်းမချိန်ဖို့သတိပြုပါ။ ပုခုံးနှင့်တစ်တန်းထဲ
မျက်နှာပြင်နဲ့တစ်တန်းတည်းထားချိန်ပါ။ ကင်မရာကို အောက်ကနေနှိမ့်ပြီးချိန်ထားခြင်းက
မေးစေ့နှစ်ထပ်ဖြစ်နေစေပါတယ်။
ဘယ်လိုနေမလဲ
ခန္ဓာကိုယ်အနေအထားကလည်း
ဓာတ်ပုံကောင်းကောင်းတစ်ပုံအတွက် အလွန်အရေးပါပါတယ်။ ဓာတ်ပုံ အရိုက်ခံတဲ့အခါ ခန္ဓာကိုယ်ကို
မသိမသာလေး စောင်းငဲ့ထားပေးခြင်းက ပိုပြီးသွယ်လျသွား သယောင်ဖြစ်စေပါတယ်။ ဘယ်မိန်းကလေးမှ
ဓာတ်ပုံစက္ကူအပြည့် ခန္ဓာကိုယ်ကြီးကို ဖြစ်စေချင်မှာမဟုတ်ပါ ဘူး။ ခန္ဓာကိုယ် အနည်းငယ်စောင်းငဲ့ထားပါ။
ဖြစ်နိုင်ရင် ဒူးတစ်ဖက်ကို ယောင်ယောင်လေးကွေးပေး ထား ပါ။ ဒီနည်းလမ်းက ခန္ဓာကိုယ်ကောက်ကြောင်းအလှကို
ပိုပြီးထင်ရှားပေါ်လွင်စေပါလိမ့်မယ်။ ကျွမ်းကျင် ဓာတ်ပုံဆရာနဲ့ရိုက်လျင်တော့အကောင်းဆုံးပါ။
သာမန်အပျော်တမ်းရိုက်ပြီး ဓာတ်ပုံထဲ သာမန်ထက်ဝတာ၊ ပိန်တာ၊ ရှည်တာ၊ ပုတာတွေအတွက်တော့
ဝမ်းနည်းမနေပါနဲ့။
သဘာဝကျကျမိတ်ကပ်ပြင်
မိတ်ကပ်ကို
သဘာဝကျကျပြင်ထားလေ ဓာတ်ပုံထဲမှာပိုကြည့်ကောင်းလေဖြစ်ပါတယ်။ ဒီနည်းလမ်းက ဓာတ်ပုံရိုက်ဖို့အတွက်သာမကပါဘူး။
နေ့စဉ်ထသွားထလာအတွက်လည်း အကျုံးဝင်ပါတယ်။ တောက်ပ လွန်းတဲ့ Eyeshadow တွေ၊ တောက်ပလွန်းတဲ့နှုတ်ခမ်းဆိုးဆေး၊
Blush တွေရှောင်ပါ။ ဖောင်ဒေးရှင်း အသုံး များခြင်းကလည်း ဓာတ်ပုံထဲမှာ မျက်နှာကို ထင်းထင်းကြီးနဲ့
တောက်ပပေါ်လွင်စေပေမယ့် အချိန်ကြာ လာတာနဲ့အမျှ အသားအရေကိုပါပျက်စီးစေပါတယ်။ မိတ်ကပ်ဘယ်လိုလိမ်းခြယ်တယ်ဆိုတာက
ဘယ် အတွက်၊ ဘာအတွက်ဓာတ်ပုံရိုက်ကူးတယ်ဆိုတာအပေါ်မူတည်ပါတယ်။ သဘာဝအတိုင်း ပြောင်ပြောင်း ရှင်းရှင်းကြီးထက်
အရောင်များနဲ့တီထွင်ပါ၊ ဖန်တီးပါ။ သဘာဝကျဖို့တော့လိုပါတယ်။
ဘယ်တော့မှ
မမေ့သင့်တာက
ဓာတ်ပုံအရိုက်ခံတိုင်း
ဘယ်တော့မှမမေ့ထားသင့်တာရှိပါသေးတယ်။ အဲဒါကတော့ အပြုံးဖြစ်ပါတယ်။ ကိုယ့်မျက်နှာပြင်ပေါ်က
ဖော်ပြချက်က ကိုယ့်ရဲ့အတွင်းစိတ်နဲ့ အတွေးအခေါ်တွေကို ထင်ဟပ်ဖော်ပြနေ ပါတယ်။ ဓာတ်ပုံရိုက်ခဲ့တဲ့အခါတိုင်း
မျက်နှာပြင်ကို သဘာဝကျကျထားပါ။ ခံစားချက်တွေက ဖုံးကွယ်ရ ခက်ခဲပါတယ်။ တကယ်လို့ စိတ်တွေမွန်းကျပ်နေတဲ့အခါ၊
စိတ်မသက်မသာဖြစ်နေတဲ့အခါ ဓာတ်ပုံရိုက်ခြင်း ကိစ္စကို ခေတ္တခဏ နားလိုက်ပါ။ နောက်ဆုံးမတတ်နိုင်တဲ့အခါ
အတွေးကောင်းတွေ၊ ပျော်ရွှင်ကြည်နူး စရာလေးတွေ အတက်နိုင်ဆုံးတွေးတောပါ။ ဓာတ်ပုံဆရာကို
စိတ်မသက်မသာဖြစ်တဲ့အကြောင်းပြောပြပါ။ သူက ကိုယ့်အိမ်မွေးတိရိစ္ဆာန်လေးတွေ၊ ကိုယ့်ဝါသနာအကြောင်းတွေမေးလာလို့
မအံ့သြသွားပါနဲ့။ ဒါက ကိုယ့်ကို ကင်မရာရှေ့မှာ သက်သောင့်သက်သာဖြစ်အောင် ကူညီပေးနေခြင်းဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment