ကျွန်မရုပ်ရည်ကသာမန်ပါပဲဆိုတဲ့ ပျံလွှားမလေးဗစ်ကီကျောင်










ရုပ်ရှင်မင်းသမီးဖြစ်ဖို့လှပဖို့ လိုမယ်ထင်တာ ကျွန်မရုပ်ရည်ကသာမန်ပါပဲဆိုတဲ့ ပျံလွှားမလေး ဗစ်ကီကျောင်

ပျံလွှားလေးလို့ပြောလိုက်ရင် တရုတ်ဇာတ်လမ်းတွဲပရိသတ်တွေ အားလုံးသိကြပါလိမ့်မယ်။ 'ရွှေမင်းသမီး' ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရှောင်ယန့်ဇီ (ပျံလွှားလေး) အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကျောင်ဝေ့ပဲဖြစ်ပါတယ်။ ဗစ်ကီကျောင်လို့လည်း လူသိများကြပါတယ်။ ဗစ်ကီက ရွှေမင်းသမီး ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း နေ့ချင်းညချင်း နာမည်ကြီးသွားတဲ့ တရုတ်မင်းသမီးတစ်လက်ပါ။ အဲဒီဇာတ်လမ်းတွဲနဲ့အတူ Golden Eagle Award ဆုကိုရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲနဲ့အတူပဲ ဗစ်ကီကတရုတ်ပြည်မကြီးရဲ့ ပထမဦးဆုံး National Idol အဖြစ်သတ်မှတ်ခံရပါတော့တယ်။

Shaolin Soccer, Red Ciff, Painted Skin စတဲ့ ဇာတ်ကားတွေနဲ့အောင်မြင်မှုရရှိခဲ့ပြီး Shanghai International Film Festival Award, Huabiao Award, Chang Chun Film Festival Award, Hunderd Flowers Awards ဆုတို့ရရှိခဲ့ပါတယ်။ ဗစ်ကီပါဝင်သရုပ်ဆောင်ထားတဲ့ Dearest က ဆိုရင် Hong Kong Film Award ဆုတို့ကိုရရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာသာမက ဟောလိဝုဒ်ထိတိုင် နာမည်ရနေတဲ့ဗစ်ကီက သူဟာမင်းသမီးတစ်ယောက်ဖြစ်ဖို့ ဘယ်တော့မှမရည်ရွယ်ထားပါဘူးတဲ့။ 'ကျွန်မက မင်းသမီးတစ်ယောက်ဖြစ်ဖို့ဆိုရင် လှပဖို့လိုမယ် ထင်ထား ခဲ့တာ။ ပြီးတော့ကျွန်မရုပ်ရည်ကလည်းသာမန်ပဲလေ'ဆိုပြီး သူမအကြောင်းကို အင်တာဗျူးဖြေဆို ရင်း မကြာခဏပြောလေ့ရှိပါတယ်။

ဗစ်ကီက ဗုဒ္ဓဘာသာကိုးကွယ်သူတစ်ဦးဖြစ်သလို သတ်သတ်လွတ်စားသူတစ်ယောက်လည်းဖြစ်ပါတယ်။ China Daily ကနေပြီး ဗစ်ကီက တရုတ်လက်ရေးလှပညာရှင်တွေထဲမှာ တစ်ယောက်အပါ အ၀င်ဖြစ်ကြောင်း ပြောထားပါသေးတယ်။
ဗစ်ကီနဲ့အင်တာဗျူးလုပ်တိုင်း သူ့အပေါ်လွှမ်းမိုးမှုရှိတဲ့လူအကြောင်းကို အမြဲတစေထည့်ပြောလေ့ရှိပါတယ်။

ကျောင်းဆရာရှဲကျင်း
အထက်တန်းကျောင်းအောင်ပြီးနောက်မှာတော့ Shanghai Normal University ရဲ့ Xie Jin Film & Television Art College မှာ တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာပဲ Penitentiary Amgle ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီး ကျောင်းရဲ့ဥက္ကဋ္ဌ ရှဲကျင်းက ထောက်ခံပေးခဲ့ပါတယ်။

သူငယ်ချင်းဟွမ်ရှောင်းမိန်
ရှောင်းမိန်ကတော့ ဗစ်ကီရဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်ပါ။ ဘယ်လောက်ပဲအလုပ်များနေပါစေ ဗစ်ကီရဲ့မွေးနေ့ပွဲကိုတက်ရောက်ခဲ့သူတစ်ယောက်ပါ။ ဘယ်လောက်ပဲစိတ်ဓာတ်ကျအားငယ်နေပါစေ ဗစ်ကီ့ကို အမြဲကူညီအားပေးတတ်သူတစ်ယောက်ဖြစ်တဲ့အတွက် ဗစ်ကီက အင်တာဗျူးတိုင်းမှာ သူ့အကြောင်းထည့်ပြောလေ့ရှိပါတယ်။

ခင်ပွန်းဖြစ်သူယိုလောင်
ခင်ပွန်းဖြစ်သူယိုလောင်က ဗစ်ကီ့ကိုအိမ်ထောင်ပြုပြီးချိန်မှစပြီး အနုပညာအလုပ်တွေကို ရပ်တန့်လိုက်စေချင်ပေမယ့် ဗစ်ကီဘာလုပ်လုပ် ဘေးကနေကူညီပံ့ပိုးပေးသူတစ်ယောက်ဖြစ်တဲ့အတွက် ဗစ်ကီက သူ့ကိုအမြဲကျေးဇူးတင်နေပါတယ်တဲ့။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment